Wednesday, October 10, 2012
0
ဖျော်ဖြေပွဲတွင် လေဒီဂါဂါ အော့အန်မှုဖြစ်ပွား
လေဒီဂါဂါတစ်ယောက် ဖျော်ဖြေပွဲ ကျင်းပနေစဉ် အော့အန်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ဂျက်စတင် ဘီဘာသည် ဖျော်ဖြေပွဲ စင်မြင့်ပေါ်တွင် အစားမှားရာမှ အော့အန်မှု ဖြစ်ပွားခဲ့ပြီး ရက်ပိုင်းအတွင်း ဂါဂါလည်း အလားတူ အခြေအနေမျိုး ကြုံခဲ့ရခြင်း ဖြစ်သည်။ Poker Faceစတား အဆိုတော် ဂါဂါသည် ဘာစီလိုနာ ဖျော်ဖြေပွဲအတွင်း နာမကျန်းသဖြင့် နွမ်းနယ်ပင်ပန်းမှု (၄)ကြိမ်မျှ ဖြစ်ခဲ့သော်လည်း အင်နှင့်အားနှင့် ကြိုးစား ဖျော်ဖြေသွားခဲ့သည်။



ခပ်ဟော့ဟော့ သားရေဝတ်စုံနှင့် ဂါဂါသည် ပေါ်လောစိန့်ဂျော်ဒီ အားကစားကွင်းကြီးအတွင်း အော့အန်နေခဲ့ခြင်း ဖြစ်သည်။ ဗီဒီယို မှတ်တမ်းများတွင် အပေါ်ပိုင်း ဗလာကျင်းထားသည့် ကချေသည် အမျိုးသား တစ်ဦးက ဒယိမ်းဒယိုင် ဖြစ်နေသော ဂါဂါကို ကူညီပေးနေသည်ကို တွေ့ရသည်။ ကနေဒါ လူငယ် Popဂီတစတား ဘီဘာသည်လည်း အရီဇိုးနား ဖျော်ဖြေပွဲတွင် နို့အသောက်များသဖြင့် အော့အန်ခဲ့သေးသည်။



ဂါဂါကမူ သူမ၏ နာမကျန်းဖြစ်မှုနှင့် ပတ်သက်ပြီး မည်သည့် မှတ်ချက်မျှ မပေးခဲ့ချေ။ သူမက ကြက်သားနှင့် ငါးများ ရောချက်ထားသည့် စပိန်ရိုးရာ အစားအစာ တစ်မျိုးကို နေ့လယ်စာ စားထားခဲ့မိခြင်း ရေးသားထားသေးရာ အစားမှားခြင်း ဖြစ်နိုင်ကြောင်း ပရိသတ်များက သုံးသပ်ခဲ့သည်။ ဂါဂါက "စပိန်မှာ ကျွန်မဘဝရဲ့ အချိန်ကောင်းတွေကို ပိုင်ဆိုင်နေပါတယ်။ ပီလာ (အထက်ပါ စပိန်အစားအစာ)ကို ကျွန်မ အရမ်းသဘောကျတယ်။ ဘာစီလိုနာ ဖျော်ဖြေပွဲအတွက် ကျွန်မ အရမ်းတက်ကြွနေပါတယ်"ဟု ဖျော်ဖြေပွဲ မတိုင်မီက ရေးသားထားခဲ့သည်။

0 comments: