Saturday, October 13, 2012
0
mt2
ပြစ်မှုကျူးလွန်သူနှစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူတွေ့ရစဉ်
စကားပြန်နှင့်၎င်း၏မိတ်ဆွေဖြစ်သူကတရုတ်နိုင်ငံသားမစ္စတာလောင်ရှဲမေစိမ်းအသက်၅၀နှစ် နေထိုင်သည့် အခန်းအတွင်းဝင်ရောက်ပြီးသတ်ကာဘဏ်စာအုပ်ခိုးယူခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်းသတင်း ရရှိသည်။ ဖြစ်စဉ်ကိုအောက်တိုဘာလ ၁၀ရက်နေ့နံနက် ၁ နာရီအချိန်တွင် တရုတ်နိုင်ငံသားနေထိုင်သည့် န၀ဒေးဥယျာဉ်အိမ်ရာ လှိုင်သာယာမြို့နယ်တွင်ဖြစ်ပွားခဲ့ပြီး ကျူးလွန်ခဲ့သူနှစ်ဦးကို အောက်တိုဘာလ ၁၁ ရက်နေ့ညပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း  သိရှိရသည်။ယင်းကဲ့သို့ကျူးလွန်မှုတွင်ပါဝင်သည့် တရုတ်စကားပြန် မယဉ်ယဉ်မေမှာ သေဆုံးသွားသူတရုတ်နိုင်ငံသား၏စကားပြန်အဖြစ်လုပ်ခဲ့သူဖြစ်ပြီးလွန်ခဲ့သောနှစ်လခန့်မှ အလုပ်ထုတ်ခံရသူဖြစ်ကြောင်းသိရှိရသည်။သေဆုံးသွားခဲ့သည့်တရုတ်နိုင်ငံသားကစကားပြန်ဖြစ်သူ မယဉ်ယဉ်မေနှင့် မန်နေဂျာဖြစ်သူနှစ်ဦးတို့ကို လုပ်ငန်းလျင်မြန်စွာလုပ် ကိုင်စေရန်အတွက် ၄င်းတို့၏နာမည် များဖြင့် ဘဏ်စာအုပ်များလုပ်ပေးထားကြောင်း သိရသည်။   
လွန်ခဲ့သောနှစ်လခန့်ကစကားပြန်ဖြစ်သူမှာရည်းစားထားသည့်ကိစ္စနှင့်စပ်လျဉ်းပြီး သေဆုံးသွားခဲ့သည့် တရုတ်နိုင်ငံသားနှင့်စကားများခဲ့သဖြင့်အလုပ်မှထုတ်ပယ်ခံခဲ့ရကြောင်း၊စကားပြန်ဖြစ်သူကအလုပ်မရှိတော့ သဖြင့် ၄င်း၏အမျိုးသားသူငယ်ချင်းနှင့်အတူတရုတ်အမျိုးသားနေထိုင်သည့်နေအိမ်အတွင်းသို့ဝင်ရောက်ပြီး ဘဏ်စာအုပ်ရှာဖွေခဲ့ရာ မတွေ့ရှိခဲ့သဖြင့် အိပ်နေသည့်တရုတ်နိုင်ငံသားအခန်းတံခါးဖွင့်ပြီးရှာဖွေခဲ့ရာ တရုတ်နိုင်ငံသားနိုးသွားခဲ့ကြောင်း သိရသည်။ 
ယင်းအချိန်တွင် တရုတ်နိုင်ငံသားနိုးသွားခဲ့သည့်အတွက် စကားပြန်နှင့်အတူပါရှိသူအမျိုးသားက တရုတ်နိုင်ငံသားကိုအသင့်ပါလာသောသစ်သားတုတ်ဖြင့်ရိုက်နှက်ပြီးပါးစပ်အားစောင်ဖြင့်စို့ကာ   ခေါင်းအုံဖြင့်ဖိသတ်ခဲ့ကြောင်း သိရှိရသည်။ထိုနောက်စကားပြန်ဖြစ်သူကအဆိုပါအခန်းအတွင်းမှ ဘဏ်စာအုပ်ကိုယူကာက ကမ္ဘောဇဘဏ်(ဘုရင့်နော်ဘဏ်ခွဲ) မှ ငွေကျပ်သိန်း၁၀၀ ထုတ်ယူခဲ့ကြောင်း သိရသည်။ယင်းကဲ့သို့ပြစ်မှုကျူးလွန်သူဝင်းကိုအား လှိုင်သာယာမြို့်နယ်နှင့်စကားပြန်ဖြစ်သူ မယဉ်ယဉ်မေကို ၄င်း၏ညီမဖြစ်သူနေထိုင်သည့် မရမ်းကုန်မြို့နယ်တွင် အောက်တိုဘာလ ၁၁ ရက်နေ့ည ၁၁နာရီဝန်းကျင်တွင်ဖမ်းဆီးခဲ့ကြောင်းသိရှိရသည်။   သေဆုံးသွားသည့်တရုတ်နိုင်ငံသား မစ္စတာလောင်ရှဲမေစိမ်းကအခင်းဖြစ်သည့်တိုက်ခန်းတွင်KanStarကုမ္ပဏီဖွင့်လှစ်ကာ ရေမြှပ်နှင့်   ရေလှိုင်းဆေးထိုင်ခင်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။   
အဆိုပါဖြစ်စဉ်ကို လှိုင်သာယာရဲစခန်း (ပ)၁၀၆၃/၂၀၁၂၊ပုဒ် မ ၃၀၂ ဖြင့်အမှုဖွင့်ပြီး အမှုစစ်မှ စစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။

0 comments: