Saturday, October 13, 2012
0
မုံရွာမြို့သလ္လာဝတီဆိပ်ကမ်းမှ အထက်မြန်မာပြည်မြို့များသို့ သီတင်းကျွတ်ပွဲတော်အမှီကုန် ပစ္စည်မျိုးစုံကို ချင်းတွင်းမြစ်ကမ်းရိုး တစ်လျှောက်ရှိ မြို့များသို့ ရေလမ်းကြောင်းဖြင့် ကန်တော့ဖွယ်စားသောက်ကုန်များ၊ အခြေခံလူသုံးကုန်ပစ္စည်းများအား ယခင်ကထက် ပိုမိုတင်ဆောင်လာရကြောင်း မုံရွာကုန်ပစ္စည်းပို့ဆောင် နေသူများထံက သိရှိရသည်။
 
 မြန်မာပြည်အလယ်ပိုင်း ကုန်စည်ပို့ဆောင်ရေးမြို့တော်ဖြစ်သော မုံရွာမြို့မှတဆင့် ရေလမ်းကြောင်းမှ ယခင်က သင်္ဘောအစီးရေ (၁၀)၀န်းကျင်ခဲ့သာ ပြေးဆွဲနေခဲ့ရာမှာ ယခုအခါ သင်္ဘောအစီး(၂၀)ခန့်ဖြင့် ခေါက်ရေ တိုးမြှင့် ကာ ပြေးဆွဲနေရခြင်းဖြစ်သည်။
 
 ချင်းတွင်းမြစ်လမ်းကြောင်းမှ မင်းကင်း၊ ကလေးဝ၊ ဟုမ္မလင်း၊ တမံသီ၊ခနီး္တစသည့်မြို့များသို့ တင်ပို့လျှက်ရှိပြီး ချင်းတွင်းမြစ်ကြောင်း ဥယုမြစ်မှတဆင့် ကချင်ပြည်နယ် ဟောင်းပါး၊ ဖားကန့်၊ လုံးခင်းမြို့များအထိ သယ်ယူ ပို့ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရှိရသည်။
 
 “ယခုအချိန်ကအရင်ထက် ပိုပြီးတင်ပို့နေရတယ်၊ သတင်းကျွတ်ပွဲတော် ရောက်ခါနီးပြီဆိုတော့ ကန်တော့ဖွယ် စားသောက်ကုန်တွေ တော်တော်တင်ပို့ရတယ်ဟု မုံရွာမြို့ခံကုန်သည် ကိုဇော်အောင်က ပြောသည်။

ယခုအချိန်၌ လျှပ်စစ်ပစ္စည်းမျိုးစုံ၊ အိမ်ဆောက်ပစ္စည်းများ၊ ဆန်၊ ဆီ၊ ဆား၊ မုန့်မျိုးစုံနှင့် လူ့အသုံး အဆောင် ပစ္စည်းများစွာ တင်ပို့နေရခြင်းဖြစ်သည်။
 
 ယခုနှစ် အောက်တိုဘာလအတွင်းတွင် ကချင်ပြည်နယ်ရှိ အင်းအိုင်များမှာ ရေလျှော့နည်းသွာပြီးဖြစ်ရာ ဖဖ်းဆီးရမိငါးများအား ငါးချဉ်သိပ်ရန်အတွက် ဆားများပြတ်သည်အထိ တင်ပို့ရကြောင်း သိရှိရသည်။

 “ဒီအောက်တိုဘာလဆန်းပိုင်းကဆို ငါးတွေအချဉ်သိပ်ဖို့ရာအတွက် ဆားတွေမှာတာ ကုန်ပစ္စည်း ပြတ်သွားတဲ့ အထိကို တင်ပို့ရတယ်’’ဟု ချင်းတွင်းမြစ်လမ်းကြောင်းမှ ဆားတင်ပို့သူ ကိုဖြိုးကိုက ပြောသည်။
 
 ယခုနှစ်အောက်တိုဘာလတွင်လည်းခန္တီးမြို့ဝန်းကျင်တွင် ရွှေမှော်များအသစ်ထွက်လာသောကြောင့် ထို ရွှေတူးဖော်ရေးလုပ်ငန်း များအတွက် အသုံးပြုသော စက်သုံးဆီများအား နေ့စဉ်သင်္ဘောများဖြင့် တင်ပို့နေပြီး သင်္ဘော တစ်စီးလျှင် ဆီပေပါအလုံး(၂၀၀) ၀န်းကျင်တင်ဆောင်သွားကြောင်းသိရှိရသည်။
 
  “ခန္တီးမှာရွှေမှော်အသစ်ထွက်လို့ဆိုပြီ စက်သုံးဆီအော်ဒါတွေ တအားမှာတယ်၊ သင်္ဘောတစ်စင်းကို ဆီပေပါ နှစ်ရာလောက် တင်သွားတယ်’’ဟု မြို့ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါသင်္ဘောများသည် မုံရွာမှကုန်ပစ္စည်းများ တင်ဆောင်ပြီး အပြန်တွင် ဟုမ္မလင်း၊ကလေးဝ မြို့များမှ အိန္ဒိယနိုင်ငံထုတ် ကုန်ပစည်းများဖြစ်သော စတီး၊စောင်၊ ကွမ်းစားဆေးများပြန်လည်သယ်ဆောင်လာကြောင်း သိရှိရသည်။
 
 မုံရွာမှတဆင့် အထက်မြန်မာပြည်ရှိ မြို့များသို့ ကုန်လမ်းကြောင်းမှ ကားများဖြင့် သယ်ယူပို့ဆောင်တွင် အဆင်မပြေပဲ ရေလမ်းကြောင်း သင်္ဘောဖြင့်သာ အားထားနေရဆဲဖြစ်ပြီး အထက်မြန်မာပြည်သို့ပစ္စည်းများ တင်ပို့ရာတွင် မုံရွာမြို့သလာဝတီဆိပ်ကမ်းမှ အဓိကတင်ပို့နေရခြင်းဖြစ်သည်။
 
 

0 comments: