Thursday, November 08, 2012
0
thn-7-11-10
ရန်ကုန်တိုင်းဒေသကြီး၊လသာမြို့နယ်အနော်ရထာလမ်းနှင့်စဥ့်အိုးတန်းလမ်းထောင့်ရှိဝါ၀ါဝင်း ကုမ္ပဏီရုံးရှေ့
တွင် လယ်အသိမ်းခံတောင်သူများ ဆန္ဒထုတ်ဖော်မှု ၈ ရက်မြောက်ကြာသော်လည်း သက်ဆိုင်ရာနှင့် ကုမ္ပဏီဘက်မှ ညှိနှိုင်းခြင်းမရှိသဖြင့် ဆန္ဒထုတ်ဖော်မှု ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
လှိုင်သာယာမြို့နယ်၊အတွင်းပဒန်ကျေးရွာမှ လယ်မြေအသိမ်းခံရသူ လယ်သမား ၅၀ဦးခန့်က ၎င်းတို့ ၏နစ်နာမှုများအားမြို့ရွာနှင့် အိုးအိမ်ဦးစီးဌာန (သို့မဟုတ်) ၀ါဝါ၀င်းကုမ္ပဏီဘက်မှ ဖြေရှင်းပေးရန် အတွက်
 အောက်တိုဘာလ ၃၁ရက်နေ့နံနက်၁၀နာရီ၃၀မိနစ်မှ ၁၂နာရီ ၃၀မိနစ်အချိန်အထိ တရားဝင်ခွင့်ပြုမိန့်ဖြင့် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင်သက်ဆိုင်ရာနှင့်ကုမ္ပဏီဘက်မှလာရောက်ဖြေရှင်းခြင်းမရှိသဖြင့် ခွင့်ပြုချိန်ကျော်လွန်သော်လည်း
 နိုဝင်ဘာလ၇ရက်နေ့ညနေပိုင်းအထိဆန္ဒထုတ်ဖော်မှုကိုဆက်လက်ပြုလုပ်လျက်ရှိသည်။ထိုသို့ခွင့်ပြုမိန်ကျော်
လွန်ပြီး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့သောကြောင့် သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ လူစုခွဲရန် သုံးကြိမ် တိတိ သတိပေးမှုများပြုလုပ်ခဲ့ကြောင်းလည်း ဆန္ဒထုတ်ဖော်သူများ၏ ပြောကြားချက်အရ သိရသည်။
ထို့ပြင် လယ်သမားများက နိုဝင်ဘာလ၂ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီး၊ ပြည်သူလွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင် တို့အား၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးရန်တောင်းဆိုထားသည့်  ဆိုင်းဘုတ်
များရေးသား၍ ဆန္ဒထုတ်ဖော်မှုများပြလုပ်ခဲ့ကြသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လသာမြို့နယ်ရဲတပ်ဖွဲ့စခန်းသို့သွားရောက်မေးမြန်းရာ တာဝန်ကျရဲတပ် ဖွဲ့ဝင် တစ်ဦးက ''ခွင့်ပြုချိန်ကိုကျော်လွန်ပြီး ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ချိန်ကတည်းက ပုဒ်မ၁၈နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားပါတယ်။ကျွန်တော်တို့အနေနဲ့ ဒီထက်ပိုမိုဖြေဆိုခွင့်မရှိပါဘူး''ဟု ပြောပြခဲ့ပါသည်။
ဆန္ဒထုတ်ဖော်မှု ၄ရက်မြောက်နေ့တွင် Signature Campaign ကို စတင်ပြုလုပ်ခဲ့ကြောင်းလည်း သိရပြီး ၅ရက်မြောက်နေ့တွင်''ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်
လက်ထက်တွင်တရားမျှတခြင်း၊တန်းတူညီမျှခြင်းများအတွက်လှိုင်သာယာပဒန်ရွာသူရွာသားများက တောင်း
ဆိုပါသည်'' ''နိုင်ငံတော်သမ္မတကြီးကျန်းမာ၊ချမ်းသာပါစေ''စသည့် ဆိုင်းဘုတ်များနှင့် ဆန္ဒ ထုတ်ဖော်လျက်
ရှိကြောင်းသိရသည်။လက်ရှိအချိန်တွင်မူဆန္ဒထုတ်ဖော်နေသူများအားစေတနာရှင်ပြည်သူအချို့ မှမုန့်၊သစ်
သီးနှင့် ရေသန့် စသည်တို့ကို လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
0 comments: