Wednesday, November 07, 2012
0
နောက်ဆုံး မိနစ်ပိုင်းတွင် ပင်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်ခံရသော်လည်း ပင်နယ်တီမပေး သည့်အတွက် ဒိုင်လူကြီးအားမန်ချက်စတာစီးတီးမန်နေဂျာ ရောဘတ်တို မန်စီနီက ကွင်းထဲထိ ဝင်ရောက် ကန့်ကွက်ခဲ့သည်။

ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် အိမ်ကွင်း အမ်းမရိတ်စ်တွင် နယ်သာလန် ချန်ပီယံ အေဂျက်စ် အမ်စတာဒမ်ကို (၂)ဂိုးစီသရေကျခဲ့ရာနောက်ဆုံးအချိန်ပိုင်းတွင်အီတလီတိုက်စစ်မှူးမာရီယိုဘာလော့တယ်လီနှင့် အေဂျက်စ်မှ ရီကာဒိုဗန်ဟင်ရင့်ဂ်ျတို့ ဧရိယာထဲတွင် ငြိခဲ့ခြင်း ဖြစ်သည်။ အေဂျက်စ် ခံစစ်မှူးက ဘာလော့တယ်လီအား ဆွဲလှဲခဲ့သော်လည်းထိုအချိန်တွင် ဒိုင်လူကြီး ပီတာ ရက်မတ်စ်ဆန်က ပွဲသိမ်းခရာ မှုတ်နှင့်ပြီး ဖြစ်သွားသည်။ ထိုပွဲတွင် မန်စီးတီးသည် (၂)ဂိုးအရှုံးမှ သရေလိုက်ကစားထားရာ ယင်းအခြေအနေအပေါ် မန်စီနီက ဒိန်းမတ်ဒိုင်အား ဒေါသတကြီး ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
ဘာလော့တယ်လီအား ဆွဲလှဲနေစဉ်

အကယ်၍ မန်စီးတီးသည်ယင်းပွဲစဉ်တွင် အနိုင်ရပါက ချန်ပီယံလိဂ်အုပ်စုမှ လွတ်မြောက်ရေး မျှော်လင့်ချက် အားကောင်းလာမည်ဖြစ်သော်လည်း ယခုအခါအခက်ခဲဆုံးအနေအထားသို့ ရောက်လာသည်။ မန်စီနီသည် ဆာဂျီယို အဂူရို၏ သွင်းဂိုးတစ်ဂိုး လူကျွံဘောဟု ဆုံးဖြတ်ခံရခြင်းကိုလည်း ဒေါသထွက်နေသည်။ မန်စီနီက "ကျွန်တော် အဲဒါဟာ ဂိုးတယ်လို့ သူ့ကို ပြောတယ်။ အလေးအနက် ပြောတယ်။ ဘာလော့တယ်လီ ဘယ်လို လဲသွားတယ် ဆိုတာကို ကျွန်တော် သေချာ မမြင်လိုက်ဘူး။ ဒါပေမဲ့ ပင်နယ်တီ ရသင့်တာ သေချာပါတယ်။ ကျွန်တော်တို့ (၃)ဂိုးသွင်းခဲ့ပေမယ့် ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်က ညံ့လွန်းတယ်။ ကျွန်တော် ကွင်းလယ်ဒိုင်ကို ချီးကျူးပါတယ်လို့ တမင်ပြောခဲ့တယ်"ဟု သတင်းထောက်များအား ပြောဆိုသွားသည်။

မန်စီနီသည် ယခုဖြစ်စဉ်ကြောင့် UEFAထံမှ ပွဲပယ်နှင့် ငွေဒဏ်ကဲ့သို့ အရေးယူမှုများနှင့် ရင်ဆိုင်ရဖွယ် ရှိနေကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

ဒိုင်များအား ကန့်ကွက်နေသည့် မန်စီနီ

0 comments: