Wednesday, November 07, 2012
0
လီဗာပူးလ် နောက်ခံလူ မာတင်စကာတယ်လ်က မိမိအား ခေါ်ယူရန် မျှော်လင့်ချက်ကို မေ့လိုက် သင့်ပြီဟု ရုရှားကလပ် အန်ဇီးအား သတိပေး ပြောကြားလိုက်သည်။

ဆလိုဗက်ကီးယား လက်ရွေးစင် ဗဟိုခံစစ် ကစားသမားက ၎င်းသည် အန်းဖီးလ်တွင် ကာလရှည်ကြာ ဆက်နေရန် စာချုပ်တစ်ရပ် လက်မှတ်ရေး ထိုးထားပြီး အသင်း တိုးတက်ရေး အတွက် အာရုံစိုက် လုပ်ဆောင်နေကြောင်း ဆိုသည်။ အသက်(၂၇)နှစ်ရှိ စကာတယ်လ်သည် ရုရှားကလပ် တစ်ခုဖြစ်သည့် ဇင်းနစ်မှ လီဗာပူးလ်သို့ စတာလင်ပေါင် (၆)သန်းဖြင့် (၂၀၀၈)ခုနှစ်က ပြောင်းရွှေ့လာခဲ့သည်။ ယခုအခါ ဇင်းနစ်၏ ပြိုင်ဘက် အန်းဇီးက၎င်းကိုအလိုရှိလာခြင်းဖြစ်ပြီးကာယကံရှင်ကမူရုရှားမြေသို့ပြန်မက စား ဟု ငြင်းဆိုသွားခြင်း ဖြစ်သည်။
လီဗာပူးလ် နောက်ခံလူ မာတင်စကာတယ်လ်

လီဗာပူးလ်တွင် ဒန်နီရယ်လ် အဂ္ဂါနှင့် အတွဲညီညီ ခြေစွမ်းပြနေသည့် စကာတယ်လ်က "ကျွန်တော့် လီဗာပူးလ်နဲ့ စာချုပ်ကို သက်တမ်းတိုးထားတာ မကြာသေးပါဘူး။ နောက်ပြီး ဒီမှာ ကျွန်တော် အရမ်း ပျော်ရွှင်နေတာပါ။ ဒါကြောင့် ကျန်တဲ့ အသင်းတွေက စိတ်ဝင်စားတာ မှန်သမျှ ဘေးဖယ်ထားလိုက်ပါတယ်" ဟု အန်ဇီးကို ရည်ရွယ် ပြောဆိုသွားသည်။ လီဗာပူးလ်သည် ယူရိုပါလိဂ် ပွဲစဉ်အဖြစ် အန်ဇီးနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သော်လည်း ဒါဂက်စတန် ဒေသ၏ လုံခြုံရေး အခြေအနေကြောင့် မော်စကိုမြို့တော်တွင် သွားရောက် ကစားမည်ဟုလည်း သိရသည်။

0 comments: