Wednesday, November 07, 2012
0
ပါကစ္စတန်နိုင်ငံတွင်လင်မယားနှစ်ဦးက လူငယ်အမျိုးသားတစ်ဦးအား ကြည့်မိသည့်အတွက် သမီးဖြစ် သူအား သတ်ဖြတ်ခဲ့ကြောင်းသိရှိရသည်။ အသက်(၁၅)နှစ်အရွယ် သမီးဖြစ်သူသည်အက်ဆစ်ဖြင့် အလောင်းခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။ သူမသည် လူငယ် တစ်ဦးအား ကြည့်မိသဖြင့် မိသားစု ဂုဏ်သိက္ခာ ညစ်နွမ်းစေကြောင်း ဆုံးဖြတ်ခံရပြီးနောက် ယခုလို သတ်ဖြတ် ခံရခြင်း ဖြစ်သည်။ BBCက အဆိုပါစုံတွဲကိုနိုဝင်ဘာလ(၅)ရက်နေ့ကအင်တာဗျူးခွင့် ရခဲ့ပြီး ရုပ်မြင်သံကြားတွင် ထုတ်လွှင့် ပြသခဲ့သည်။

ပါကစ္စတန်တွင် အခြားသောဘာသာခြားများကို လက်ထပ်ထိမ်းမြားမိသူအမျိုးသမီးများသည် ဂုဏ်သိက္ခာ အရ အဆုံးစီရင်ခြင်းဆိုသော ခေါင်းစဉ်ဖြင့်လည်း သတ်ဖြတ်မှုများ ခံခဲ့ရသည်။ ယင်းအခြေအနေများကို တိုက်ဖျက်ရန် ကြိုးစားနေသော်လည်း ဂုဏ်သိက္ခာကို အကြောင်းပြုသည့် အယူသီးသော စတေးမှုများသည် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ အသတ်ခံရသော မိန်းကလေး၏ ဖခင်မှာ မိုဟာမက် ဇာဖာဖြစ်ပြီး ဇနီးမှာ ဇာဟီးဖြစ်သည်။

အောက်တိုဘာ (၂၉)ရက်နေ့က ကျူးလွန်ခဲ့သော လူသတ်မှုအတွက် ၎င်းတို့မှာ ထောင်ဒဏ်ကျခံရမည်ဟု သတင်းများက ဆိုသည်။ ဖခင်ဖြစ်သူ မိုဟာမက်က သမီးသည် မော်တော်ဆိုင်ကယ် စီးသွားသည့် လူငယ်တစ်ဦးကို လည်ပြန်လှည့်ကြည့်ခဲ့ပြီး ယင်းအပြုအမူ မှားယွင်းကြောင်း ဆုံးမ သတိပေးခဲ့ကြောင်း BBCသို့ ပြောကြားခဲ့သည်။ "ကျွန်မသမီးက ဒါကို ရည်ရွယ်ပြီး လုပ်တာ မဟုတ်ပါဘူး။ နောက်တစ်ခါ မကြည့်တော့ပါဘူးလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မက အက်ဆစ်နဲ့ သူ့ကို ပက်လိုက်ပြီးပါပြီ။ သူ့ရဲ့ ကံကြမ္မာကို ဒီနည်းနဲ့ သေဖို့ ကျွန်မ ရွေးချယ်ပေးလိုက်တယ်"ဟု မိခင်ဖြစ်သူက ပြောဆိုသွားခဲ့သည်။ 

0 comments: