Wednesday, November 07, 2012
0




ပြည်ပတွင် အခြေစိုက်သည့် ဆီးရီးယားအတိုက်အခံဖြစ်သော ဆီးရီးယားအမျိုးသားကောင်စီ(SNC) သည် ကာတာနိုင်ငံ၊ဒိုဟာမြို့၌နိုဝင်ဘာလရက်မှစတင်ပြီးလေးရက်ကြာဆွေးနွေးပွဲပြုလုပ်ခဲ့ကာနိုင်ငံတကာ အသိ အမှတ်ပြုပြည်ပအခြေစိုက်အစိုးရဖြစ်ပေါ်လာနိုင်ရေးအတွက်ပြန်လည်ဖွဲ့စည်းရန်   ဆွေးနွေးမည်ဖြစ်သည်။

SNCသည်စစ်မြေပြင်တွင် တိုက်ခိုက်နေရသော အတိုက်အခံများကို ကိုယ်စားမပြုဘဲခေါင်းဆောင်ပိုင်းမှာ လည်း ထင်သာမြင်သာမှုမရှိသည်မှာကြာပြီဖြစ်ကြောင်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင် တန်ကဝေဖန်ခဲ့သည်။SNCကိုအသွင်ပြောင်းဖွဲ့စည်းမည်ဆိုပါကကာလရှည်ကြာအစိုးရအတိုက် အခံဖြစ်ခဲ့သူ Riad Seifသည်ယင်းပြည်ပအခြေစိုက်အစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်လာနိုင်ခြေရှိကြောင်း သတင်းထွက် ခဲ့သည်။Seifနှင့်အခြားအတိုက်အခံခေါင်းဆောင် နှစ်ဒါဇင်ခန့်သည် နိုဝင်ဘာလ ၁ ရက်နေ့က ဂျော်ဒန်နိုင်ငံ၊ အမ္မန်မြို့တွင် ဆွေးနွေးခဲ့ကြသည်။

အသွင်ပြောင်းမည့် အတိုက်အခံအဖွဲ့သည်ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်အစိုးရနှင့် ညှိနှိုင်းဆွေးနွေးမည့် လမ်းစဉ်လိုက်ရန်ဆန္ဒရှိနေသည်ဟူသော စိုးရိမ်မှုများကို ချေဖျက်ရန် အမ္မန်ဆွေးနွေး ပွဲတွင်ကြိုးပမ်းခဲ့ကြသည်။ အာဆတ်နှင့်သူ၏အပေါင်းအပါများ အာဏာစွန့်လွှတ်ရေးမှာ မည်သည့်ဆွေးနွေး ပွဲတွင်မဆိုညှိနှိုင်းစေ့စပ်နေရမည့်ကိစ္စမဟုတ်ကြောင်းဆွေးနွေးပွဲတက်သူများကအစီရင်ခံစာထုတ်ပြန်ခဲ့သည်။

SNC အသွင်ပြောင်းဖွဲ့စည်းမည် ဆိုပါက လက်ရှိအဖွဲ့အမှုဆောင် ၁၄ ဦး၊ ကာ့ဒ်အမျိုးသားကောင်စီ (KNC) အဖွဲ့ဝင်သုံးဦး၊ မြေပြင်လှုပ်ရှားမှုနှင့်လက်တွေ့တိုက်ခိုက်နေရသူများကို ကိုယ်စားပြုသူများ၊ အတိုက်အ ခံဟောင်းများ၊ ဘာသာရေး ခေါင်းဆောင်များ ပါဝင်မည်ဖြစ်ကြောင်း သြဂုတ်လတွင် အတိုက်အခံဘက်သို့ ဘက်ပြောင်းခဲ့သောဝန်ကြီးချုပ်ဟောင်းRaid Haijab၏ပြောခွင့်ရပုဂ္ဂိုလ် Mohammed al-Otri ပြော ကြားခဲ့ သည်။ ယင်းအဖွဲ့သစ်ကို ယခင် SNC နေရာတွင် အစားထိုး၊ မထိုးကိုလည်း ဆွေးနွေးနေသည်။

ဆီးရီးယားတွင် ၂၀၁၁ ခုနှစ်၊ မတ်လက လူထုတော်လှန်ရေး စတင်ဖြစ်ပွားခဲ့ပြီး ခြောက်လအကြာ၌ SNC ကိုစတင်ဖွဲ့စည်းခဲ့သည်။ သို့သော် အတိုက်အခံများအကြား ကွဲပြဲမှုများ ဖြစ်ပေါ်ခဲ့ပြီး အတိုက်အခံအဖွဲ့အချို့ ကဆီးရီးယားအရေးတွင်ပြည်ပမှဝင်ရောက်စွက်ဖက်မည့်အရေးနှင့်အာဆတ်အစိုးရကိုအကြမ်းဖက်နည်း ဖြင့် 
 ဖြုတ်ချ မည့်အရေးတို့အား ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြသည်။

ဆီးရီးယားနိုင်ငံရေး ပဋိပက္ခကြောင့် ယခုအချိန်အထိ သေဆုံးသူ ၃၆၀၀၀ ကျော်ရှိလာပြီဖြစ်သည်ဟု Syrian Observatory for Human Rights က ထုတ်ပြန်ခဲ့သည်။

0 comments: