Wednesday, November 07, 2012
0
ဇန်နဝါရီဈေးကွက်ဖွင့်ချိန်တွင်အာဆင်နယ်အသင်းကိုအန်ဒရီဆန်းတို့စ်အနေဖြင့်စွန့်ခွာဖွယ် ရှိနေကြောင်းသ တင်းများ ထွက်ပေါ် လာခဲ့သည်။

ဘရာဇီးလ် ဘယ်နောက်ခံ ကစားသမားသည် မန်ချက်စတာ ယူနိုက်တက် အသင်းကို အရေးနိမ့်သည့် ပွဲစဉ်တွင်ပထမပိုင်းအပြီး၌ပြိုင်ဘက်အသင်းတိုက်စစ်မှူးရော်ဘင်ဗန်ပါစီထံမှဂျာစီကို တောင်းယူခြင်းကြောင့် အသင်းပရိသတ်များ၏ရန်ညှိုးထားခြင်းကိုခံခဲ့ရသည်။ဗန်ပါစီသည်အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း
 ဖြစ်သော်လည်းမဟာပြိုင်ဘက်မန်ယူထံပြောင်းရွှေ့သွားပြီးနောက်အာဆင်နယ်ပရိသတ်သစ္စာဖောက်အဖြစ် သတ်မှတ်ထားရာ ဆန်းတို့စ်၏ လုပ်ရပ်ကို အမျက် ထွက်ခဲ့ကြခြင်း ဖြစ်သည်။



ယခုအခါ အသက်(၂၉)နှစ်ရှိ ကစားသမားသည် ဇန်နဝါရီ ဈေးကွက် ကာလတွင် အမ်းမရိတ်စ်ကို စွန့်ခွာ ရန်တွေးတောနေပြီဟုသတင်းများကဆိုသည်။တူရကီကလပ်ဖီနာဘာချီထံမှပြီးခဲ့သည့် နွေရာသီက ပေါင်စ တာလင် (၆.၂)သန်းဖြင့် ပြောင်းရွှေ့လာသည့် ကစားသမားကလက်ရှိတွင် အသင်းအတွက်အာရုံ စူးစိုက်ရန် အခက်အခဲ ရှိနေသည့်အတွက် အသင်းပြောင်းရန် ဖိအားများလာခြင်းဟု သိရသည်။ လတ်တလောတွင် ဆန်းတို့စ်အား အသင်းဟောင်း ဖီနာဘာချီက စောင့်ကြည့်နေကြောင်း သတင်းများလည်း ထွက်ပေါ်လျှက် ရှိသည်။

ဘရာဇီးလ် ဘယ်နောက်ခံ ကစားသမားသည် မန်ချက်စတာ ယူနိုက်တက် အသင်းကို အရေးနိမ့်သည့် ပွဲစဉ်တွင်ပထမပိုင်းအပြီး၌ပြိုင်ဘက်အသင်းတိုက်စစ်မှူးရော်ဘင်ဗန်ပါစီထံမှဂျာစီကို တောင်းယူခြင်းကြောင့်  အသင်းပရိသတ်များ၏ ရန်ညှိုးထားခြင်းကို ခံခဲ့ရသည်။

0 comments: