Thursday, November 08, 2012
0
 thn-7-11-7
နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် အလံပြဘုရားလမ်း ကျောက်တိုင်ကားမှတ်တိုင်အနီးတွင် ယာဉ်ပိတ်ဆို့စစ်ဆေးနေစဉ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ညအချိန်တွင်ကားပြိုင်မောင်းနေသူများနှင့်တုတ်၊ ဓားစသည့်လက်နက်ပုန်း များသယ်ဆောင်ပြီး သွားလာနေသောယာဉ်များကို ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဖြင့် အထူးစီမံချက်ချမှတ်ကာ စတင်အရေးယူနေပြီဖြစ်ကြောင်း  ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း  ညပိုင်းအချိန်များတွင် ကားပြိုင်မောင်းနှင်နေသူများ အများဆုံးမောင်းနှင်နေ သည့်နေရာများတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ အဖွဲ့များခွဲပြီးစောင့်ကြည့် ဖမ်းဆီး သွားမည်ဖြစ်ပြီး တုတ်၊ ဓားစသည့်လက်နက်ပုန်းများသယ်ဆောင်ပြီး သွားလာနေသောယာဉ်များကို ပိတ်ဆို့စစ်ဆေးပြီး အရေးယူ သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက''အခု ကား ပြိုင်မောင်းနေတဲ့ အုပ်စုတွေနဲ့ လက်နက်ပုန်းတွေသယ်ဆောင်ပြီးသွားလာနေတဲ့ ယာဉ်တွေကို အထူး စီမံချက်အနေနဲ့ချမှတ်ပြီးတော့ ဖမ်းဆီးအရေးယူနေပါပြီ။ရန်ကုန်မြို့ညပိုင်းအချိန်တွေမှာကား ပြိုင်မောင်းနေ တဲ့နေရာတွေဖြစ်တဲ့ ကမ္ဘာအေးဘုရားလမ်းနဲ့ ပြည်လမ်းတစ်လျောက်ကိုအဖွဲ့တွေ ခွဲပြီးတော့စောင့် ကြည့်စစ်ဆေးပြီးတော့ဖမ်းဆီးသွားပါမယ်။တချို့ဖြစ်စဉ်တွေကိုချက်ချင်းဖမ်းဆီးအရေးယူသွားမယ်။တချို့ဖြစ်
စဉ်တွေကိုတော့ မှတ်သားပြီး ဖမ်းဆီး သွားပါမယ်၊၊ အဲဒီကားတွေက လိုင်စင် မဲ့ယာဉ်တွေဖြစ်ခဲ့ရင် လိုင်စင်မဲ့
ဥပဒေနဲ့ ထပ်မံအရေးယူသွားပါမယ်။ ဒါ့အပြင်ရန်ကုန်တိုင်းအတွင်းမှာ ပူးပေါင်းအဖွဲ့တွေက ယာဉ်ပိတ်ဆို့ စစ်ဆေးမှုတွေကိုအမြဲပြုလုပ်သွားပြီးတော့ လက်နက်ပုန်းတွေ သယ်ဆောင်သွားလာနေတဲ့ ယာဉ်တွေတွေ့ ရင်လည်း အရေးယူသွားပါမယ်''ဟု ပြောကြားခဲ့သည်။

ယင်းကဲ့သို့အထူးစီမံ ချက်ဖြင့် စစ်ဆေး အရေး ယူမှုကိုနိုဝင်ဘာလ ၅ ရက်နေ့မှစတင်၍ဆောင်ရွက်နေပြီဖြစ်
 ကြောင်း သိရှိရသည်။ရန်ကုန်မြို့တော်အတွင်း ကားပြိုင်မောင်းနေသူများကို က.ည.န၊ အကောက်ခွန်ဌာန၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်း၊ မ.ထ.သ၊ စည်ပင်စသည့်ဌာနဆိုင်ရာများနှင့် ပူးပေါင်းအဖွဲ့ဖွဲ့ စည်းပြီး အရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက ဆိုပါသည်။

ယင်းကဲ့သို့ညပိုင်းအချိန်များတွင် ကားပြိုင်မောင်းနေသူများကို ယခင်ကလည်း အရေးယူမှုများရှိသော်လည်း ထိရောက်စွာ ဆောင် ရွက်နိုင်ခြင်းမရှိခြင်းကြောင့် ယခုနှစ်ပိုင်းအတွင်း မကြာခဏဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။ယခုရက်ပိုင်းအတွင်း ဗဟန်းမြို့နယ်၊ ကျောက်တံတားမြို့နယ် နှင့်ကမာရွတ်မြို့နယ်တို့တွင် ကားပြိုင်မောင်းသူများကအုပ်စုဖွဲ့ပြီးဝိုင်းဝန်းရိုက်နှက်သည့်ဖြစ်စဉ်များဖြစ်ပွားခဲ့ကြောင်းသက်ဆိုင်ရာမြို့နယ် ရဲစခန်းများမှ သိရှိရသည်။

0 comments: