Wednesday, October 17, 2012
0
From :ကချင်သတင်း



ဖားကန့်ဒေသမှာ သြဂုတ်လကုန်လောက်ကတည်းက စစ်တပ်နဲ့ KIA ကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ရွာသားတွေ ရွှေ့ပြောင်းနေထိုင်ကြရပြီး စိုးရိမ်ရတဲ့ အခြေအနေတွေဖြစ်ပေါ်နေခဲ့ရာကနေ ပြီးခဲ့တဲ့ ၂ ပတ် ၃ ပတ် လောက်ကနေစပြီး တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းပြန်ဖြစ်သွားလို့ ဖားကန့်မြို့ပေါ်ကို ရွှေ့ပြောင်း နေထိုင် တဲ့ ရွာသူ၊ ရွာသားတွေလည်း ကိုယ့်အိမ်ကိုယ် ပြန်လည်နေထိုင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့် စက်တင်ဘာလအတွင်း တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ ရွာအနီးဝန်းကျင် ဗမာစစ်တပ် အသုံးပြုနိုင်တဲ့ လမ်းကြောင်းပေါ်မှာ မိုင်းတွေထောင်ထားခဲ့တာ ပြန်မဖြုတ်သေးလို့ အောက်တိုဘာလ (၁၂) ရက်နေ့က နန့်ဟိုင် ကျေးရွာမှာနေတဲ့ ဦးအင်ခွန်ဂစ်နှင့် ဦးအင်ခွန်လဟာ ရွာအနီးအနားမှာ ၀က်စာသွားခူးရင်း မိုင်းနင်းမိခဲ့ပြီး ဦးအင်ခွန်ဂစ်မှာသေဆုံးသွားပြီး သားဖြစ်သူ အင်ခွန်လ မှာဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒါကို KIA က သူတို့မိုင်းကြောင့် ဒဏ်ရာရရှိခဲ့တာကို မသိစေချင်လို့ မြို့ပေါ်ဆေးရုံတွေမှာ ဆေးကုသခွင့် မပေးဘဲ နန့်ဟိုင်ကျေးရွာမှာဘဲ ကချင်ရိုးရာဆေးနဲ့ဘဲ ဆေးကုသခံနေရတယ်လို့ ဒေသခံ ရွာသားတစ်ဦးထံမှ သိရပါတယ်။ ဖားကန့်အနီးဝန်းကျင်မှာရှိတဲ့ မှော်မောင်းကုန်း၊ မှော်မောင်းလျှံ ၊ ရှမ်းစု ၊ ရှရော်ခ ၊ ဘုရားတောင် ၊ ဖလခရွာများ တစ်ဝိုက် ထောင်ထားသော မိုင်းများအား ပြန်လည်ဖြုတ်သိမ်းပေးရန် KIA ရင်း (၆) တပ်ရင်းမှူးထံ တောင်းဆို ထားကြောင်း ဖားကန့်မြို့ခံတစ်ဦးမှ ပြောပြခဲ့ပါတယ်။ လက်ရှိအချိန်အထိ KIA မှထောင်ထားသော မိုင်းနင်းမိ၍ သေဆုံး/ ဒဏ်ရာရသူ ယခုနင်းမိသူများအပါအ၀င် ဒေသခံ အရပ်သား (၁၀၄) ယောက် ရှိနေပြီလို့ သိရပါတယ်။

0 comments: