Friday, November 09, 2012
0
 
ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖ်ာဆောင်လျက်ရှိသည့်မန်မာနိုင်ငံအနေနှင့် မြေမြှုပ်မိုင်းအန္တရာယ် ကင်းရှင်းရေး နှင့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ချိတ်ဆက် ဆောင်ရွက်ရန်လိုအပ်ေ ကြာင်း မြန်မာနိုင်ငံဆိုင် ရာအမေရိကန်သံအမတ် ဒဲရစ်မစ်ချယ် က အကြံပြု ပြောကြားသည်။

နေပြည်တော်၌ နိုဝင်ဘာ လ ၇ ရက်နေ့ မှ ၉ ရက်နေ့အထိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် ရာချထားရေးဝန်ကြီးဌာန၊ကုလသမဂ္ဂနှင့်နိုငငံတကာမြေမြှုပ်မိုင်းရှင်းလင်းရေးအဖွဲ့အစည်းများသုံးရက် ကြာပုလုပ်သည့် မိုင်းအန္တရာယ်ပညာပေးရေး အလုပ်ရုံအစည်းအဝေးတွင် အမေရိကန်သံအမတ်က အ ထက်ပါ အတိုင်း အကြံပြု ပြောကြား ခဲ့ခြင်း ဖြစ်သည်။

မိုင်းအန္တရာယ်ပညာပေးဖြစ်စေ၊ရှင်းလင်းရေးဖစ်စေ၊အကူအညီပးရေးဖစ်စေပည်သူလူထုကိုစဉ်းစားပးခြင်း ပင် ဖြစ်ပြီး မြေမြှုပ်မိုင်း ရှင်းလင်းမှသာ မိုင်းအန္တရာယ်ကျရောက်လျက် ရှိသောဒသ မှပည်သူများလွလပ် စွာရွှေ့ပြောင်းသွားလာအလုပ်လုပ်ကိုင်နိုင်မည်ဖစ်ကြောင်း၎င်းကထည့်သွင်းပြောဆို သည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပန်လည်နရာချထားရေးဝန်ကြီးဌာန ပည်ထောင်စုဝန်ကြီးဒါက်တာါ်မြ တ်မြတ်အုန်းခင်ကလည်းငြိမ်းချမ်းရေးလုပ်ငန်းများနှင့်ယင်းဒေသများဖွံ့ဖြိုးရေးအတွက်မိုင်းအသိပညာပးခြင်း၊ ဒုက္ခ ရောက်သူများ ကို ထောက်ပံ့ခြင်း၊ မိုင်း ရှာဖွေခြင်း တို့ကို ဆောင်ရွက်ရန် ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ လ မှ စတင်ကာ ဒေသခံ ပြည်သူများ နှင့် အဖွဲ့အစည်း များ ဆွေးနွေးပွဲ များ ပြုလုပ်၍ ယင်း ရလဒ်များ အရ လုပ်ငန်းစဉ် များ ဆက်လက် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ကတိပြု ပြောကြား သည်။

ကမ္ဘာ့ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကမူ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းကကမ္ဘာ့ ကုလသမဂ္ဂဒက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ကချင်ပြည်နယ်သို့သွားရောက်လ့လာခဲ့ပြီးမှသာမန် မာနိုင်ငံ၌မြေမြှုပ်မိုင်းပညာပေးရေးများစတင်လုပ်ကိုင် လာခြင်း ဖြစ်ကြောင်း ထောက်ပြသည်။

ကချင်ပြည်နယ်အတွင်း၌ လယ်မြေ၊ယာမြေများသို့ သွားရာလမ်းများတွင် ထောင်ထားသည့် မြေမြှုပ် မိုင်း အန္တရာယ်ကြာင့် တောင်သူများမှာ လယ်မလုပ်ရဲတာ့ကြောင်း ယခုနှစ်ဇူလိုင်လအတွင်းက ကချင်ပြည် နယ်သို့သွားရောက်လ့လာခဲ့သည့်မန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးက်ာမရှင်အတွင်းရေးမှူး ဦးစစ်မြိုင်ကဆိုသည်။

မြန်မာနိုင်ငံ တွင် မြေမြှုပ်မိုင်း များကို ကချင် ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင် ပြည်နယ်၊ တနင်္သာရီတိုင်း တို့ရှိ မြို့နယ် များတွင် မြှုပ်နှံ ထားကြောင်း မြေမြှုပ်မိုင်း လေ့လာ စောင့်ကြည့်ရေး အဖွဲ့ (Landmine Monitor) က ကြေညာ ထားသည်။

0 comments: