အနောက်ကမ်းဖြူကျေးရွာသည်ဆိပ်ဖြူမြို့နှင့်(၂၇)မိုင်ဝေးကွာ၍
ယောချောင်းဘေးတွင်တည်ရှိကြောင်းသိရ သည်။ ယောချောင်းရေကြီး
ရေလျှံသောဒုက္ခခံရသော ကျေးရွာများဖြစ်၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ သဖြင့်
အလယ်တန်းအောင်ကျောင်းသား/သူများမှာ ဆိပ်ဖြူမြို့နှင့် ချောက်မြို့များသို့
သွားရောက်၍ ပညာ သင်ကြားရသည်ဆို၏။
ဆင်းရဲသော လက်လုပ်လက်စား မိဘများ ၏ကျောင်းသူ/သားသားသမီးများမှာ အလယ်တန်းအောင်
လျှင်ကျောင်းမနေနိုင်၍ကျောင်းထွက်ရသူများရှိသည်ဟုကြားသိရသည်။ယခုအစိုးရအသစ်လက်ထက်
နိုဝင်
ဘာ(၁)ရက်နေ့၊နံနက်(၉)နာရီမှာ ဆိပ်ဖြူမြို့နယ် အနောက်ကမ်းဖြူကျေးရွာတွင် အခြေခံပညာ အထက် တန်းကျောင်းဖွင့်ပွဲ
ကျင်းပနိုင်ကြောင်းသတင်းရရှိသည်။ ၎င်းကျေးရွာတွင်
အိမ်ခြေပေါင်း(၃၂၀)ရှိ၏။ လူဦးရေ(၁၅၆၈)ဦးရှိသည်။ ထိုကျောင်းသို့
ပတ်ဝန်းကျင်မှကျေးရွာပေါင်း(၂၆)ရွာမှ ကျောင်းသား/သူများ
ပညာသင်ယူနိုင်ကြတော့မည်ဟုသိရသည်။အနောက်ကမ်းဖြူကျေးရွာတွင်အခြေခံပညာအထက်တန်းကျောင်း (ခွဲ)အား(၆-၆၂၀၁၂)စတင်ဖွင့်လှစ်ထားခဲ့သည်ဆို၏။ ကျောင်းဆောင်ပေါင်း(၄)ဆောင် ရှိ သည် ။
နိုဝင်ဘာ(၁)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် အနောက်ကမ်းဖြူကျေးရွာတွင်
အခြေခံပညာ အထက် တန်းကျောင်းဖွင့်ပွဲအား
မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး နှင့် ဦးဝင်းမြင့်၊
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်း၊ မြို့နယ်လက်ထောက်ပညာရေးမှူး
ဦးစိန်လှိုင် နှင့် အနောက်ကမ်းဖြူ အခြေခံပညာအထက်တန်းကျောင်း
ကျောင်းအုပ်ဆရာကြီးတို့ မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြောင်း၊ ၎င်း အထက်တန်းကျောင်းဖွင့်လှစ်နိုင်သောကြောင့်ပခုက္ကူမြို့နယ်တွင်းရှိကျေးရွာ(၄)ရွာနှင့်
ဆိပ်ဖြူမြို့နယ်တွင်း မှ ကျေးရွာပေါင်း(၂၂)ရွာတို့ရှိ
ကျောင်းသားမိဘများနှင့် ကျောင်းသူ/သားများ အားကိုး အားထားရမည့်
အခြေခံပညာအထက်တန်းကျောင်းကြီးဟုဝမ်းသာအားရ ပြောဆိုနေကြောင်း
သတင်းရရှိသည်။
0 comments:
Post a Comment