Saturday, October 13, 2012
0

ရခိုင်ဒုက္ခသည်စခန်းတို့၏ ကျန်းမာရေးကိစ္စအား ကျန်းမာရေးဝန်ကြီးဌာနက သီးခြားအရေးကြီး ကိစ္စရပ်အဖြစ် အလေးထား ဆောင်ရွက်ပေးရန် တရားဝင် တောင်းဆို မှုကို မကြာမီပြုလုပ်သွားမည်ဟု ရခိုင်အမျိုးသားကွန်ရက် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်းချေက ပြောသည်။  ”အခုဆွေးနွေးနေပြီ၊ တင်ပြ ဖို့အတွက်ပါ” ဟု ၄င်းက ပြော သည်။
ဘူးသီးတောင် မောင်တော နှင့် စစ်တွေတို့ရှိ ဒုက္ခသည်စခန်း တို့တွင် သောက်သုံးရေနှင့် ယင်လုံ အိမ်သာ မလုံလောက်မှုကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ် ပွားနေရာ ရေရှည်တွင် ပြဿနာ ကြီးတစ်ရပ်အသွင် ဖြစ်ပွားလာမည် ကို စိုးရိမ်နေရခြင်းအတွက်ကြောင့် ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။  စက်တင်ဘာလတွင်   နိုင်ငံပိုင် သတင်းစာတွင် ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် စစ်တွေနှင့် မောင် တော၌ ဒုက္ခသည်စခန်း ၂ဝ  ဖွင့် ထားပြီး လူဦးရေ ၆၆ဝဝဝ ကျော် ရှိနေသည်။  ၄င်းစခန်း တွင် ရှိနေသည့်လူဦး ရေနှင့် အသုံးပြုနေရသော ရေဘုံ ပိုင်၊ အိမ်သာ စသည်တို့မှာ မလုံ လောက်မှုပြဿနာနှင့် ရင်ဆိုင်နေရ ကြောင်း ကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင် က ပြောသည်။ ”ဒီမှာ ဝမ်းပျက်ဝမ်းလျှော အပြင်ကို တာလပတ်အမိုး အကာ တွေကြောင့် အအေးမိ၊ နှာစေးတာ တွေလည်း ရှိနေတယ်။ ဒါတွေကို ဖိဖိစီးစီး ဂရုစိုက်ပေးဖို့ လိုနေပြီ” ဟု၎င်းက ပြောသည်။ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ အဆင့်မြင့်အရာရှိ တစ်ဦးက အရေးပေါ် အခြေအနေ ဖြစ်လာပါက သို့တည်းမဟုတ် ကြုံ တွေ့ လာပါက အသုံးပြုရန် တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီး တို့နှင့် ခရိုင်မြို့နယ်အလိုက်တွင် ဆေးဝါးများ လုံလောက်စွာ ထား ရှိပေးထားသည်ဟု ပြောသည်။ ဒေသခံ တို့အဆိုအရ ဝမ်းပျက်၊ ဝမ်းလျှောမှာ စိုးရိမ်ရလောက် သည်အထိ မရှိသေးကြောင်းနှင့် လူ အသေအပျောက် မရှိသေး ကြောင်း သိရှိရသည်။

0 comments: