Tuesday, October 09, 2012
0
နိုင်ငံတော်သမ္မတမှစ၍ ပြည်သူအားလုံး၏ ရင်ထဲတွင် မြန်မာပြည်အတွင်း၌ စစ်ဆိုသည့် ဆိုးကျိုးများ ကိုသာ ယူဆောင်လာတတ်သည့် အရာကို မုန်းတီးကြတာ ကျွန်တော်သိတယ်။ ကျွန်တော်ကိုယ်တိုင် လည်း စစ်ကို မုန်းတီးတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ စစ်ပွဲတွေ ရှိနေတုန်းပါပဲ။ စစ်လက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်နေကြတုန်းပါပဲ။ ဘာကြောင့်လည်းဆိုတော့ စစ်ပွဲတွေထဲမှာလည်း မျက်ရည် တွေနဲ့ ရင်းပြီး တိုက်ရတဲ့ ရှောင်လွဲလို့ မရနိုင်တဲ့ တရားသောစစ်ပွဲတွေ ရှိနေလို့ပါပဲ။
ဘာသာရေးကြောင့် ဖြစ်တယ်။ နယ်နိမိတ်ကြောင့် ဖြစ်တယ်။ စီးပွားရေးကြောင့် ဖြစ်တယ်။ ရန်ငြိုးတွေ ကြောင့် ဖြစ်တယ်။ ကျွန်တော်တို့ ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ဖြစ်ပွားနေတယ်။ မျိုးချစ်စိတ်ကြောင့် ဖြစ်တဲ့ စစ်ပွဲတွေ ဖြစ်ပွားနေတယ်။ အမျိုးကို မချစ်တတ်သော ကေအိုင်အေ နဲ့ မြန်မာနိုင်ငံရဲ့ မျိုးချစ်တပ်မတော်တို့ မျိုးချစ်စိတ်ကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေရတယ်။
ဒီလူတွေဟာ လက်နက်ကိုင်တော်လှန်ခဲ့ကြတယ်။ နိုင်ငံတော်သစ်ထူထောင်ဖို့ ကြံစည်ခဲ့ကြတယ်။ အခြေအနေမကောင်းချိန်မှာ ငြိမ်းချမ်းရေးယူတယ်။ ဆက်ကြေးကောက်တယ်။ လူသစ်စုတယ်။ နိုင်ငံရေးချိန်ကိုက်ပြီး အကြမ်းဖက်ဖို့ ကြိုးစားတယ်။ ဆယ်စုနှစ်တစ်စုကျော် ငြိမ်းချမ်းရေးကာလ တစ်လျှောက် ကချင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်မှု ဘာတစ်ခုမှ မလုပ်ခဲ့သူတွေက ကချင်ကောင်း စားရေးကို လက်နက်ကိုင်ပြီး အော်နေကြတယ်။ တပ်မတစ်ခုစာ မရှိတဲ့ အင်အားနဲ့ ကချင်တပ်မတော် ဆိုပြီး ကြွေးကြော်တယ်။ ကချင်ပြည်နယ်ကို ကာကွယ်ချင်တယ်ဆိုတဲ့ အကြောင်းပြချက်တွေ ပေးတယ်။ တကယ်စတေးကြရတာက  အပြစ်မဲ့ ပြည်သူတွေ။
ကျောင်းနေစာသင်လို့ မြန်မာကို ကမ္ဘာနဲ့ရင်ဘောင်တန်းအောင် ကြိုးစားနေချိန်မှာ ဒီကလေးတွေ ပညာရေးအသီးအပွင့်ကို မခံစားရဘူး။ တစ်နိုင်ငံလုံး မူလတန်းအခမဲ့စနစ်နဲ့ ဆောင်ရွက်နေချိန်မှာ ဒီကလေးတွေ အခွင့်အရေးမရပြန်ဘူး။ ဒါကို အစိုးရကြောင့်၊ တပ်မတော်ကြောင့် ဆိုပြီး ခေါင်းစဉ် တပ်မှာလား၊
အနာဂတ်မှာ မြန်မာကို ဖန်တီးမယ့် ဒီကလေးတွေရဲ့ ပညာရေးကို စစ်လက်နက်တွေကလွဲရင် ဘယ်အရာမှ မတားဆီးနိုင်ပါဘူး။ နိုင်ငံတော်တည်ငြိမ်မှုပျက်ပြားဖို့ တပ်မတော် စစ်တိုက်စရာ မလိုပါဘူး။ ကချင်ပြည်နယ်မှာ တိုက်ပွဲဆင်လို့ တပ်မတော် ကချင်ပြည်နယ်ကို အပိုင်မရဘူး။ ဒါပေမယ့် ကချင်ကလေးငယ်တွေအားလုံး မြန်မာတစ်နိုင်ငံလုံးက ကလေးတွေလို ပျော်ရွှင်မှု တွေ ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ယောက်ျားမိန်းမ ခွဲခြားမှုတွေ မရှိဘူး၊ နိုင်ငံတော်အဆင့် ၀န်ကြီးတွေ၊ လွှတ်တော်အမတ်တွေမှာ အမျိုးသမီးတွေ အများကြီးရှိလာပြီ။ အစ္စရေးလိုမျိုး ရထားတဲ့နေရာလေး မပျောက်အောင် တစ်နိုင်ငံလုံး ကျား/မ မရွေး စစ်မှုထမ်းစရာ မြန်မာနိုင်ငံမှာ မလိုပါဘူး။ မြန်မာနိုင်ငံ တွင်းမှာ နေတဲ့ ဘယ်အမျိုးသမီးမှ မလိုအပ်ဘဲ စစ်ပညာသင်စရာ မလိုပါဘူး။
နိုင်ငံတိုးတက်အောင် လုပ်ဖို့ မြန်မာနိုင်ငံတွင်းမှာ နေတဲ့ တိုင်းရင်းသား ကျား/မ အားလုံး တာဝန်ရှိပါ တယ်။ ကချင်ပြည်နယ်ကလူတစ်ယောက် ထူးချွန်ရင် ကချင်ပြည်နယ်ကောင်းစားအောင် လုပ်ပေးနိုင်မယ်။ ဒါပေမယ့် ကချင်ပြည်နယ်က လူတစ်ယောက် စစ်သွေးကြွတာကို လိုက်လုပ်နေရင် ကချင်အမျိုးသမီးတို့ ဘ၀တွေမှာ ဒီမိန်းကလေးတွေလို မျှော်လင့်ချက်တွေ ပိုင်ဆိုင်ခွင့် မရှိနိုင်တော့ပါ။
လက်နက်ကိုင်၍လည်း တိုက်ခိုက်ခဲ့ပြီးပြီ။ ငြိမ်းချမ်းရေးဆို၍ လည်း ကမ်းလှမ်းခဲ့ပြီးပြီ။  ငြိမ်းချမ်းရေးကာလမှာလည်း ကေအိုင်အေတွေ စီးပွားရှာခဲ့ပြီးပြီ။ ရှိသမျှတိုင်းပြည်ဘဏ္ဍာတွေနဲ့ တည်ဆောက်ခဲ့တဲ့ တံတားတွေ လမ်းတွေလည်း ပျက်စီးခဲ့ရပြီးပြီ။ သဘာဝရတနာကြွယ်ဝတဲ့ ပြည်နယ် က လူတွေလဲ ဒုက္ခသည်တွေ ဖြစ်ခဲ့ရပြီးပြီ။ ကလေးတွေလည်း ပညာငတ်ခဲ့ရပြီ။ အမျိုးသား/အမျိုးသမီး လက်နက်ကိုင်ဆောင်လို့ ပြည်တွင်းစစ်ကြီး  အသက်သွင်းဖို့လည်း ပြင်ဆင်နေပြီ။ ဒီအချိန်မှာ နိုင်ငံအတွက်ဆိုတဲ့ ခေါင်းစဉ်၊ ဗမာ တစ်ခုတည်းမဟုတ်တဲ့ မြန်မာပြည်ကို ချစ်တဲ့စိတ်၊ မြန်မာတစ်နိုင်ငံ လုံးကို ချစ်တဲ့စိတ်နဲ့ ပြည်သူကတောင်းဆိုလို့ သမိုင်းကတောင်းဆိုလို့ ကျွန်တော်တို့တွေ တရားသော စစ်ကို ဆင်နွှဲဖို့ အချိန်တန်နေပြီ မဟုတ်လား။ ဒီတော့ ...

0 comments: