လက်ရှိ အသက်၂၀၀န်းကျင်သာရှိသေးသည့် မတင်နီလာဝင်းသည် ကရင်ပြည်နယ် ဘားအံ
မြို့ ပည်ထောင်စု ရပ်ကွက် စစ်တပ်နှင့် ဘုန်းကြီးေ ကျာင်း အနီးမှ မှ
အဖ ဦးတင်လှနှင့် မိခင် ဒေါ်ခင်ထွေးရီ တို့ဖြစ်ကြောင်း သူမ
ပြောပြချက်အရသိရသည်။ သူမသည် မြန်မာအသိုင်းအ၀ိုင်းနှင့် လုံးဝ အဆက် အသွယ်
ပြတ်တောက် ခဲ့သဖြင့် မြန်မာစကားကို လုံးဝပြောနိုင်၊
နားလည်နိုင်စွမ်းမရှိတော့ပါ။
မတင်နီလာဝင်း က “သမီးက အားလပ်တဲ့အချိန်မှာ TV ကြည့်ပါတယ်၊ ပုလိပ်တွေက သမီးတို့လို အပြင်ကို
ထွက်ခွင့်မရှိတဲ့ ရောင်းစားခံနေရသူတွေကို ကူညီတယ်၊ သူတို့ကို ဆက်သွယ်မယ့် ဖုန်းကို လည်းကြေညာ တယ်။ သူဌေးမရှိတဲ့ အချိန် သူတို့ ကြေညာတဲ့ဖုန်းကို သမီးဆက်ကြည့်တယ်။ သမီးကိုနှိပ်စက်ခံရ လားလို့ေ မးတယ်။ သမီးက အိမ်ရှင်မနှိပ်စက်ဘူး။ ဒါပေမယ့် သမီး ဗမာပြည် ပြန်ချင်တယ်၊ ပြန်ပို့ပါလို့ ပြောတော့ မရဘူး ဆိုပြီး ဖုန်းချသွားတယ်။ ဒါပေမယ့် သမီးစိတ်ဓါတ် မကျဘူး။ သမီး လွတ်မြောက်နိုင်မယ့် အနေ အထားတွေကို အမြဲ စောင့်နေခဲ့တယ်” ဟုပြောသည်။

၂၀၁၂ ခုနှစ် ဇူလိုင်လ၁၆ ရက်နေ့က မတင်နီလာဝင်းသည် နေ့စဉ်
လုပ်နေကျအတိုင်း ကားရေဆေး၊ အိမ်သန့် ရှင်းရေးများလုပ်ပြီးနောက် အိမ်ရှင်
တရုတ်သူဌေး အလစ်တွင် အမှိုက်ပစ်ရင်း ထိုင်းအိမ်တစ်အား သူမအား
နီးစပ်ရာရဲစခန်းသို့ လိုက်လံပို့ဆောင်ပေးပါရန် အကူညီတောင်းခံခဲ့သည်။
အကူညီမရသဖြင့် နောက်ထပ် အိမ်တစ်အိမ်အာ ဆက်လက်အကူညီတောင်းခံရာ ကျောက်ဖရာ၊ နခွန်ဘန် ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ထိုရဲစခန်းမှ တဆင့် မြန်မာသံရုံးသို့ ရောက်ရှိလာခဲ့ပါသည်။
အကူညီမရသဖြင့် နောက်ထပ် အိမ်တစ်အိမ်အာ ဆက်လက်အကူညီတောင်းခံရာ ကျောက်ဖရာ၊ နခွန်ဘန် ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ထိုရဲစခန်းမှ တဆင့် မြန်မာသံရုံးသို့ ရောက်ရှိလာခဲ့ပါသည်။
မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ဝင်
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား များ အဖွဲ့ MAT နှင့် လိုအပ်သည်များကို
စုဆောင်းပြင်ဆင်ပြီးနောက် မြန်မာသံမှူးဦးနိုင်ထွန်း ကထိုင်းအလုပ် သမား
ဝန်ကြီး ဌာနမှ တဆင့် မတင်နီလာဝင်း လုပ်ကိုင်ခဲ့သည့်
အိမ်ရှင်သူဌေးအားခေါ်ယူညှိနှိုင်းဖြေရှင်း ခဲ့ကြသည်။
မြန်မာသံမှူး ဦးနိုင်ထွန်း က “တင်နီလာဝင်း လုပ်အားခကို လုပ်ငန်းရှင်က
အမြဲပေးတယ်ဆိုတာ အထောက် အထားပြနိုင်တယ်။ ပွဲစားကို ကျနော်တို့
ဖေါ်ထုတ်လို့မရလိုက်ဘူး။
လုပ်ငန်းရှင်က ဘတ်တစ် သောင်း မုန့်ဖိုး ပေးသွားတယ်။ ကျနော်ပေးတာအပါအ၀င်
ဘတ်ငွေ သုံးသောင်းလောက် ကလေးမလေးမှာ ပါသွား ပါတယ်။ မြန်မာ အလုပ်သမားတွေကို
ကျနော်တို့ တတ်နိုင်သလောက် အကူညီပေးနေပါတယ်။ အကူညီ လည်းတောင်း နိုင်ပါတယ်”
ဟုပြောသည်။ မြန်မာသံမှူး ဦးနိုင်ထွန်း ၏ တာဝန်ပေးချက်အရ MAT အဖွဲ့သည်
မတင်နီလာဝင်း အား အငှါးကားတစ်စီနှင့် ခေါ်ယူပြီး သူမ လက်ညှိးထိုးရာ
အရာများသို့ လိုက်လံ ရှာဖွေ ခဲ့ရသည်။
MATအဖွဲ့ ခေါင်းဆောင်ဦးကျော်သောင်းက“မတင်နီလာဝင်းကလေးဘ၀ကတည်းကရောင်းစားခံလာရတာ
ဆိုတော့ အလွန်ကြောက်ရွံ့နေပါတယ်။သူမကြာမကြာရောက်ဖူးတယ်ဆိုတဲ့ PATA ပင်ကောက် ကုန်တိုက် ကို အယင်သွားကြတယ်။ သူက ဆေးရုံတစ်ရုံကိုမှတ်မိတယ်။ ဆေးရုံ ၃ခုလောက် ကျနော်တို့ ပြလိုက် ရတယ်။ ဒီလိုနဲ့ အချိန်အတန်ကြာမှ သူမနောက်ဆုံး ၆နှစ်နဲ့ ၇လတိုင်တိုင်လုပ်နေခဲ့တဲ့ Charoen Nakhon (၁၀)လမ်းထဲကသူဌေးအိမ်ကို သွားတွေ့တယ်” ဟုပြောသည်။
မတင်နီလာဝင်း သည် ၂၀၀၃ ခုနှစ်တွင် အဒေါ်
တော်စပ်သူတစ်ဦးနှင့် အတူဘန်ကောက်မြို့ သို့ရောက်ရှိလာခဲ့ပြီး၊ ပထမအိမ်တွင်
၂နှစ်၊ဒုတတိယအိမ်တွင် ၅လ အိမ်အကူအလုပ်ကို လုပ်ခဲ့ရသည်။
နောက်ဆုံးအိမ်တွင်၆နှစ်နှင့် ၇လတိုင်တိုင် နေ့စဉ် နံနက် ၅နာရီမှ ထ၍ ညနေတွင်
အိမ်ရှင်မအိပ်သရွေ့ ခိုင်းစေသမျှ လုပ်ကိုင်ခဲ့ရသည်။ သူမထွက်ပြေးလာစဉ်က
ရွှေတစ်မတ်သား လက်ပတ်ကြိုးတစ်ခုနှင့် ဘတ်ငွေ ၅၀၀၀ ပါလာခဲ့သည်။
မတင်နီလာဝင်းသည် ပအို့ဝ် တိုင်းရင်းသူတစ်ဦးဖြစ်သော်လည်း
မိခင်ဘာသာစကားကိုလုံးဝ မပြောနိုင်တော့သည့်အပြင်
မိဘများကိုမြင်သည့်တိုင်အောင် မှတ်မိရန် မလွယ်ကူနိုင်ကြောင်း ကူညီသူများ
ကပြောသည်။ သူမ၏ မွေးချင်းများမှာ အစ်မ ခိုင်ဝင်းဖြူ၊ အစ်ကို ရဲညွန့်၊ မောင် . .ဇာနည်စိုးနှင့် မောင်. . .ဇေါ်ကိုထိုက် တို့ဖြစ်ကြောင်း
သူမ၏မိဘနှစ်ပါးမှာ အိမ်ထောင်ကွဲနေကြကြောင်းလည်းသိရှိရသည်။
0 comments:
Post a Comment