Friday, October 05, 2012
0
_erdogan_turkey
တူရကီဝန်ကြီးချုပ်အာဒိုဝမ်
တူရကီဝန်ကြီးချုပ်ေ ရဆက်တေယစ်အာဒိုဝန်ကဆီးရီးယားနဲ့စစ်စတင်ဆင်နွှဲဖို့လုံးဝအစီအစဉ်မရှိတဲ့
အကြောင်းပြောလိုက်ပါတယ်။ဒါပေမယ့်တူရကီရဲ့သူ့နိုင်ငံသားတွေအပေါ်ကာကာကွယ်စောင့် ရှောက်
သွားမယ့်သံန္နိဌာန်ကိုတော့လာပြီးမစမ်းဖို့သတိပေးလိုက်ပါတယ်။ဝန်ကြီးချုပ်အာဒိုဝန်ကတူရကီအနေနဲ့
ဒေသတွင်းတည်ငြိမ်အေးချမ်းတာကိုသာလိုလားကြောင်း၊စစ်ကိုမလိုချင်ကြောင်း ပြောပါတယ်။
ဆက်လက်ပြီးဆီးရီးယားမှာ၁နှစ်ခွဲလောက်အတွင်းမှာပေးဆပ်ခဲ့ရတာတွေကိုလည်းသတိပြုမိတဲ့အကြောင်းနဲ့ တူရကီဟာာသူ့ရဲ့နိုင်ငံသားတွေနဲ့နယ်နမိတ်ကိုကာကွယ်နိုင်စွမ်းရှိတဲ့အကြောင်းနဲ့ဘယ်သူမှလာစမ်းလို့ရမှာ မဟုတ်တဲ့အကြောင်းတွေကို ပြောကြားသွားခဲ့ပါတယ်။
အဲဒီလိုမပြောကြားခင်မှာတူရကီပါလီမန်ကပြီးခဲ့တဲ့ဗုဒဟူးနေ့ကဖြစ်ခဲ့တဲ့ဆီးရီးဘက်ကနယ်စပ်ကို ဖြတ်ကျော် ပြီးမော်တာကျည်နဲ့ လှမ်းပစ်လို့တူရကီနိုင်ငံသားလူ၅ ဦးသေဆုံးခဲ့ရတဲ့နောက်မှာ ဆီးရီးယားနဲ့ပက်သက်လို့ အင်အားသုံးသွားဖို့အတည်ပြုလိုက်ပါတယ်။ဒီလိုခွင့်ပြုပေးထားတာဟာ၁နှစ်ကြာသက်တမ်းရှိမှာဖြစ်ပြီး အဲဒီကာလအတွင်းမှာတူရကီအစိုးရအနေနဲ့လိုအပ်ရင်လိုအပ်သလို ဆောင်ရွက်ပိုင်ခွင့်တွေပေးထားပါတယ်။
ဆီးရီးယားနဲ့နယ်စပ်အနီးမှာရှိတဲ့အခ်ကာလေရွာကိုဆီးရီးယားဘက်ကလှမ်းပြီးမော်တာကျည်နဲ့ပစ်ခတ်ခဲ့တာ
ကိုတုန့်ပြန်တဲ့အနေနဲ့တူရကီဘက်ကလည်း လက်နက်ကြီးတွေနဲ့ ဆီးရီးယားနိုင်ငံထဲပြန်ပြီးပစ်ခတ်ခဲ့ပါတယ်။

0 comments: