ယနေ့ကာလသည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအား အရွေးချယ်ခံအစိုးရ တစ်ရပ်၏ ဦးဆောင်ဦးရွက်ပြုမှုဖြင့်
ဒီမိုကရေစီနိုင်ငံတော်သစ် တစ်ရပ်အဖြစ် တည်ဆောက်နေသော အချိန် ကာလြ ဖစ်ပေ သည်။ ခေတ်မီဖွံ့ဖြိုး တိုးတက်သော
ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရာတွင် မရှိမဖြစ် လိုအပ်သော အခြေခံ အချက်များဖြစ်သည့် နိုင်ငံတော်အေးချမ်း တည်ငြိမ်မှုနှင့်
လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်မှုတည်း ဟူသော လုပ်ငန်းစဉ် ၂ ရပ်အား ပြည်သူလူထု အများစု၏
တူညီသောဘုံ သဘောထား ဆန္ဒနှင့် အညီ ရည်မှန်းဖော်ဆောင် လျက် ရှိပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နယ်ပယ်ကဏ္ဍ အသီးသီးတွင်
ဒီမိုကရေစီကျင့်စဉ်နှင့် အညီ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု (Peace and Stability)
နှင့် အညီ အပြန်အလှန် ထိန်းကျောင်းမှု (Checks and Balance)၊ ပွင့်လင်းမြင်သာမှု
(Transparchey)၊ အားလုံးပါဝင်ဆောင်ရွက်နိုင်မှု (All Inclusive)၊ ဖြေလျော့မှု (Relaxion)၊
အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆောင်ရွက်မှု (National Reconsilation) လုပ်ငန်းစဉ်များ အား တာဝန်ယူမှု၊ တာဝန် သိတတ်မှု၊ သဘောထားကြီးမှု၊
အပြန်အလှန်လေးစားမှု၊ စိတ်ရှည်သည်းခံ ခွင့်လွှတ်မှု၊ မတူညီသော အချက်များအား ဖယ်ရှား၍ တူညီသော အကျိုးစီးပွားများ
အား အတူတကွပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကိုလည်း မျက်မြင်ဒိဋ္ဌတွေ့ရှိနေ ရပေသည်။
ယနေ့မြန်မာနိုင်ငံတွင် လူဦးရေသန်း ၆၀ ကျော်ရှိပြီး
နိုင်ငံသား အများစု၏ ဘုံသဘောထား ဆန္ဒအနေဖြင့် တည်ငြိမ်အေး ချမ်းစွာနေထိုင်လိုခြင်းနှင့်
နိုင်ငံတော်၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေ လိုခြင်းတည်း ဟူသော လိုလားချက် ၂ ရပ်သာဖြစ်ကြောင်း
ထင်ရှားစွာတွေ့ရှိရပါသည်။ နိုင်ငံတော် အစိုးရ အနေဖြင့်လည်း ပြည်သူ့ ဆန္ဒ သဘော ထားနှင့် အညီ
နိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံ လူမှု စီးပွား ဘ၀ ဖွံ့ဖြိုး တိုးတက်ရေးအား အဓိကထားဆောင် ရွက်လျက် ရှိပါ သည်။
နိုင်ငံ တည်ငြိမ်အေးချမ်း ရေးတွင် အပိုင်း ၂ ပိုင်းရှိပြီး တစ်ပိုင်းမှာ နိုင်ငံရေး တည်ငြိမ်ရန်ဖြစ်ကြောင်းနှင့်
ဒုတိယ အပိုင်းမှာ ငြိမ်းချမ်းရေး ရရှိရန်ဖြစ်ကြောင်း တွေ့ရှိ ရပါသည်။ နိုင်ငံတော် အစိုးရ အနေဖြင့်
ပြည်သူ့ ဆန္ဒကို အလေးထား ၍ နိုင်ငံရေးအမြင် ကွဲပြားခြား နားခဲ့သော ဆန့်ကျင်ဘက်ပြည်တွင်းနိုင်ငံရေး အင်အားစု များ
နှင့် ပြည်ပ အခြေစိုက်နိုင်ငံရေး အင်အားစု များကိုပါ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်၍ မတူညီ သည်များ
ဘေးဖယ် ထားပြီး တူညီသည့် ကိစ္စရပ်များတွင် နိုင်ငံအကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက် ကြရန်
ဖိတ်ခေါ် ကမ်းလှမ်းဆောင်ရွက်ခဲ့ရာ ယနေ့အခြေအနေတွင် အားလုံး ပါဝင်သော နိုင်ငံရေး လုပ်ငန်းစဉ်
တစ်ရပ်ပေါ်ထွန်း လာရန်ပင် မျှော်မှန်းနိုင်ပြီဖြစ်ကြောင်း တွေ့ရှိရပေသည်။

နိုင်ငံတည်ငြိမ်ရေး၏ ဒုတိယပိုင်းဖြစ်သော
ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုလည်း ထိတွေ့ ဆက်ဆံဆွေးနွေးမှု များဖြင့် စဉ်ဆက်မပြတ် လုပ်ဆောင်လျက် ရှိကြောင်း
တွေ့ရှိရပေသည်။ သို့ရာတွင် လွတ်လပ်ရေး ရရှိပြီးနောက် ဖြစ်ပေါ် လာခဲ့သော ပြည်တွင်း ပဋိပက္ခသည်
ယနေ့အထိပြီးဆုံး နိုင်ခြင်း မရှိဘဲ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးပြည်တွင်းစစ်ဟုပင် မှတ်တမ်းတင်ရ မလိုဖြစ်နေပေ သည်။
ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး သည် ဒီမိုကရေစီဖော်ဆောင်ရေး အတွက် အထူးပင် အရေးကြီး
သော အခြေခံ အချက်အဖြစ် နိုင်ငံတော် အစိုးရအနေဖြင့် လက်ခံ ယုံကြည်ပြီး ဖြစ်သည်နှင့် အညီ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး အတွက်
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အဆင့်လိုက် ချမှတ် လုပ်ဆောင် လျက် ရှိသည်ကို လည်း တွေ့ရှိရ ပါသည်။
ပထမအဆင့်ပြည်နယ် အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ ဒုတိယအဆင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊
တတိယ အဆင့် တိုင်းရင်းသားခေါင်းဆောင် များ ပါဝင်သော ညီလာခံ ကျင်းပရေး စသည်ဖြင့် အဆင့် ၃
ဆင့် ချမှတ်ကာ ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်လျက် ရှိရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း
၁၁ဖွဲ့အနက် ၁၀ဖွဲ့နှင့် သဘောတူညီချက်များ ရရှိထားပြီး ကချင်လက်နက်ကိုင် အဖွဲ့(KIA) တစ်ဖွဲ့
တည်းနှင့်သာ သဘော တူညီမှု ရရှိရန် ကျန်ရှိနေသေးကြောင်း တွေ့ရှိရပါသည်။ တပ်မတော် အနေဖြင့်
လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖော်ဆောင် ရာတွင် နားလည်မှု လွဲမှားခြင်း မဖြစ်စေရေးအတွက်
ကချင် ပြည်နယ်အတွင်း မိမိကိုယ်ကို ခုခံ ကာကွယ်ခြင်းမှ အပ ပစ်ခတ်တိုက်ခိုက်ခြင်း မပြုရေးအား
တိကျစွာ လိုက်နာဆောင် ရွက်လျက် ရှိပါသည်။ ကချင် လက်နက်ကိုင် အဖွဲ့(KIA) အနေဖြင့်မူ နိုင်ငံတော်နှင့်
တပ်မတော်၏ သဘောထား ကြီးမှုအား အခွင့်ကောင်းယူ၍ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအား တိုးမြှင့်
ဆောင်ရွက်နေခြင်း ကိုလည်း မငြင်းနိုင်သော အချက်များအဖြစ် မြင်တွေ့နေရပေသည်။ တစ်ဖက် ကလည်း
နိုင်ငံရေးနည်း၊ စစ်ရေးနည်းပေါင်းစပ် ၀ါဒဖြန့်ကာ ပြည်တွင်းနိုင်ငံရေး အင်အားစု များနှင့်
ပြည်ပ နိုင်ငံများ၏ ထောက်ခံမှု ရရှိရန် ဆောင်ရွက်နေသည် ကိုလည်း တွေ့မြင်ကြားသိနေ ရပေသည်။

ကချင်လက်နက်ကိုင်အဖွဲ့(KIA)
၏ စစ်ရေးအရ တိုးမြှင့်တိုက်ခိုက်လာမှုကို
အကြောင်းပြု၍ တပ်မတော်ဘက်မှ မိမိကိုယ်ကို ခုခံကာကွယ်ရေးအတွက်
ဦးတည်တုံ့ပြန်ဆောင်ရွက် လာသည့်အခါ
တွင်မူ မြန်မာ့ တပ်မတော်မှ ကချင်ပြည်နယ်အတွင်း ကချင်လူမျိုးများအား
လူမျိုးတုံးသတ်ဖြတ်မှု
(Ethimic Cleansing) လုပ်နေသည်ဟု လီဆယ်လုပ်ကြံဝါဒဖြန့်မှုများအား
နည်းလမ်းမျိုးစုံဖြင့်ပြုလုပ်လျက် ရှိကြောင်း တွေ့ရှိရပါသည်။
ဖြစ်ရပ်မှန်အနေဖြင့် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့်
ဖွဲ့စည်းထား သည့် မြန်မာ့ တပ်မတော်မှ ကချင်ပြည်နယ်အတွင်း
လက်နက်ကိုင်သောင်းကျန်းဆူပူနေသည့်
(KIA) ကချင် လက်နက် ကိုင် အဖွဲ့အစည်းအား မလွှဲမရှောင်သာ အကန့်အသတ်ဖြင့်
ခုခံကာကွယ် တိုက်ခိုက်
နေရခြင်း သာဖြစ်ပေသည်။ တစ်နည်းဆိုသော် ဒို့တာဝန်အရေးသုံးပါးနှင့်
တိုင်းရင်းသားပြည်သူများ၏
အသက်အိုးအိမ် စည်းစိမ်အား
လုံခြုံစိတ်ချစွာကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိနေသည့် တပ်မတော်
အနေဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ
ပေးအပ် ထားသည့်
တာဝန် များနှင့် အညီ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး
လုပ်ငန်းတာဝန်များကို ဦးလည်မသုန် ထမ်းရွက်နေခြင်းသာ ဖြစ်ကြောင်းလည်း
တွေ့ရှိရပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသား ရင်ကြားစေ့ရေးကို
ရည်ရွယ်ရှေးရှုလျက် အခြား လက်နက်ကိုင် အဖွဲ့အစည်းများနည်းတူ (KIA)ကချင်လက်နက်ကိုင် အဖွဲ့ကိုလည်း
ငြိမ်းချမ်းရေး ကမ်းလှမ်းဆွေးနွေး မှုများပြုလုပ် ခဲ့သော်လည်း (KIA) ကချင်အဖွဲ့ အနေဖြင့်
ကျဉ်းမြောင်းသော လူမျိုးရေး စိတ်ဓာတ်အားအခြေခံ၍ မူမမှန်ကတိမတည်သော လုပ်ဆောင်မှုများအာ
ရှေးရှု လုပ်ဆောင် နေခြင်းကြောင့် သာ ကချင်ပြည်နယ် အတွင်း အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ရရှိရေး အတွက်
အလှမ်းဝေးနေဆဲ သြာ ဖစ်ကြောင်း တွေ့ရှိရပါသည်။
0 comments:
Post a Comment