Monday, October 15, 2012
0
ဆိုးလ် အောက်တိုဘာ ၁၄
A Pink အဖွဲ့မှ အဆိုတော် အန်ဂျီ ပါဝင် သရုပ်ဆောင် ခဲ့သည့် ''Rely 1997''Z ဇာတ်ကား သည် အောင်မြင်မှု များစွာ ရရှိပြီးနောက် သူမ၏ သရုပ်ဆောင် စွမ်းရည်ကို နှစ်ခြိုက်သည့် ရုပ်ရှင် ထုတ်လုပ် သူများက ၄င်းတို့၏ ဇာတ်လမ်း များတွင် ပါဝင် သရုပ်ဆောင်ရန် ကမ်းလှမ်း လာခဲ့ကြောင်း သိရသည်။
အန်ဂျီသည် သူမ၏ နောက်ထပ် အခွင့်အရေး အဖြစ် ''legally Blonde'' ဇာတ်လမ်း တွဲတွင် ပါဝင် သရုပ်ဆောင်ရန် မကြာ သေးခင်က လက်ခံ ခဲ့သည်။ ၄င်းဇာတ်ကား၌ အန်ဂျီ၏ ဂီတ စွမ်းရည်နှင့် သရုပ်ဆောင် စွမ်းရည်နှစ်မျိုး စလုံးကို ပြသခွင့် ရမည် ဖြစ်သည်။
ယခု တစ်ဖန် သူမသည် ၂ဝ၁၃ ခုနှစ် ပထမ နှစ်ဝက်၌ ထုတ်လွှင့်ပြသ နိုင်ရန် စီစဉ်လျက် ရှိသည့် Wind Blows in Winter ဇာတ်လမ်း တွဲတွင်လည်း ပါဝင် သရုပ်ဆောင်ရန် စဉ်းစား လျက် ရှိကြောင်း သူမ၏ အေဂျင်စီက ပြောကြားခဲ့ သည်ဟု သိရသည်။

0 comments: