Monday, October 15, 2012
0
ဦးမင်းလူ နုတ်ထွက်သွားခြင်း

ယောကျာ်းပီသတယ်ဆိုတာ
ကိုယ်နိုင်တဲ့လူကို ဖိတွယ်တက်တာဆိုရင်…..။
ရိုးသားတယ်ဆိုတာ
သူများမကောင်းကြောင်းနဲ့ ကိုယ်ကောင်းကြောင်းကို
မကွယ်မ၀ှက်ဖွင့်ပြောတက်တာဆိုရင်…..။
ကြိုးစားတယ်ဆိုတာ
ကိုယ်မိသားစုကောင်းစားရေးတသ်ခုတည်း အတွက်ကြံစဉ်တာဆိုရင်…..။
ဂုဏ်သရေရှိတယ်ဆိုတာ
သူတပါးအပေါ် အထက်စီးက ဆက်ဆံခွင့်ရတာဆိုရင် …..။
အားကိုရတယ်ဆိုတာ
ညွှန်ကြားရေးမှူးချုပ်ရဲ့ ပီအေနဲ့ ခင်တယ်ဆိုတာကိုပြောတာဆိုရင်…..။
မင်းရဲ့ ဧည့်သည်တော်စာရင်းထဲးက ငါနမည်ဘေးမှာ
“ရာသက်ပန်ဖျက်သိမ်း”ဆိုတာလေးတစ်ဆိတ်လောက်တေးမှတ်ထားလိုက်စမ်းပါကွယ်… မင်းလူ(၁၉၈၁)
……………………………………………………………………………………………….
ပွဲးသိမ်းခရာ မမှုတ်သေးခင်
ရှုံးပြီလို့မပြောနဲ့ဦး….
ကျားသစ်ဆိုတာ အရေခွံဆုတ်ပြီးမှ
တကယ်သေပြီလို့ အတည်ပြုနိုင်တယ်..။
ပိုးဟပ်တစ်ကောင်ဟာ ခေါင်းမပါပဲးနဲ့တောင်
ရက်အတော်ကြာအသက်ရှင်နိုင်သေးတယ်ဆိုပဲး…..။
အသက်ရှူရပ်သွားရင်တောင် ဦးနှောက်က အလုပ်လုပ်နေသေးရင်
သေပြီလို့မဆိုနိုင်သေးဘူး….။
ငါနှလုံးခုန်သံ သဲ့သဲ့လေး ပဲးကျန်တော့လို့
မင်းသိပ်ပျော်နေလားဟင်…?
စိတ်ချ
နောက်ဘ၀ကျလည်း မင်းကိုပဲး ငါပြန်ချစ်ဦးမှာ….
ဒီလိုပဲးတန်ဖိုးရှိတဲ့ မိန်းမ ဆိုတာ
စာအုပ်ကောင်းတစ်အုပ်လိုပဲး….
ဘယ်လောက်ပဲးဟောင်းနွမ်းစုတ်ပြတ်နေပါစေ….
ပြန်ဖက်တိုင်း အရာသာရှိတယ်လေ…(မင်းလူ)
…………………………………………………………………………………..
ဗေဒင်ဆရာတစ်ယောက်ကို လိမ်လည်မှူနဲ့
တရားစွဲလို့ရပါ့မလား…..?
ထီလက်မှတ်တစ်စောင်ဟာ မပေါက်ရင်ပြန်လျှော်ပါမယ်လို့
အာမခံချက်ရှိလို့လား…..?
စိတ်ကူးတွေကို ဆင်ဆာဖြတ်ရင်
သင့်တော်ပါ့မလား …..?
မျှော်လင့်ချက်တွေကို ယုတ္တိမရှိဘူးလို့ ဝေဖန်ရင်
တရားမျှတပါ့မလား…..?
ကျနော် နှလုံးသားဟာ ဗေဒင်ဟောစတမ်းလည်းမဟုတ်..
ကြေငြာသင်ပုန်းလည်း မဟုတ်…..
အိမ်မက်ပေါင်းချုပ် စာအုပ်တစ်အုပ်မျှသာဖြစ်ပါတယ်….(မင်းလူ)


0 comments: