Thursday, November 15, 2012
0


ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်အတွင်းရှိ တရုတ်နယ်စပ် မုန်ဂါဇွမ် ဇိုင်းအောင် (Mungga Zup Zai Awng) ဒုက္ခသည်စခန်းတွင် အဆုပ်တီဗီရောဂါနှင့် HIV/AIDS ဝေဒနာခံစားသူ ဒုက္ခသည်အယောက် (၃၀) ကျော် ရှိရာ ပုံမှန်ဆေးများစားသုံးရန်ပြတ်လပ်မှုကြောင့် အခက်အခဲရင်ဆိုင်နေရကြောင်းကြားသိရတဲ့ အတွက် စိတ်မကောင်း ကြီးစွာဖြစ်ရပါတယ်။ 

သူတို့ပြောပြောနေတဲ့ ကိုယ့်လူမျိုးကောင်းစားဖို့အရေးဆိုတာ ရင်လေးစရာပါပဲ ခင်ဗျာ။၎င်းဒုက္ခသည်စခန်း တွင် အဆုပ်တီဗီရောဂါသည် ၂၂ ဦးရှိပြီး HIV/ AIDS ဝေဒနာခံစားရသူ ၁၃ ဦးရှိကြောင်းသိရ သည်။ AZG အဖွဲ့မှ ၎င်းဒုက္ခသည်စခန်းသို့ ၄ ကြိမ်တိုင်တိုင် ဆေးဝါးများထောက်ပံ့ပေးခဲ့ပြီး နောက်ဆုံးလာရောက် စစ် ဆေးချိန်၌ ကိုယ်ဝန်ဆောင်မိခင် ၄ ဦးတွင် AIDS ရောဂါရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ 

ယင်းစခန်းအတွင်း ဆေးဝါးပြတ်လပ်မှုကြောင့် ပုံမှန်ဆေးစားသုံးနိုင်ရန် ကချင်ပြည်လွတ်လပ်ရးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာ (Laiza) ဆေးပေးခန်းသို့ သွားယူရမည်ဖြစ်သော်လည်း မသွားနိုင်သည့်အတွက် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလက AIDS ဝေဒနာသည် ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Hpunglum Yang ဒုက္ခသည်စခန်း၊ လိုင်ဇာ။ 


နိုင်ငံတော်၏ရည်ရွယ်ချက်ဖြစ်သော အေးချမ်းသာယာပြီးခောတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံေ  တ်ာကြီး ဖြစ်လာရေးအတွက် မြန်မာနိုင်ငံအစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားငြိမ်းချမ်းရေးဆင့်ခေါ်ကာ တိုင်းနှင့်ပြည်နယ်အားလုံးအား တိုးတက်ဖွံ့ဖြိုးရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြန်မာလူထုသာမက နိုင်ငံတကာကပါ အသိအမှတ်ပြုခံရလောက်အောင် အချိန်တိုတိုနှင့်ရရှိခဲ့ပါ သည်။



နိုဝင်ဘာလ ၁၀ ရက်နေ့တွင် လှုပ်ခတ်သွားသောမြေငလျင်ကြောင့် မြန်မာပြည်အထက်ပိုင်း အတော်များ များတွင် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပါသည်။ ထိုပျက်ဆီးဆုံးရှုံးမှုများကို တပ်နှင့်ပြည်သူလက်တွဲကူ၍ ပြန်လည် ထူထောင်ခြင်းလုပ်ငန်းများလုပ်ကိုင်ခဲ့ပါသည်။ အလှူရှင်များမှလည်းလှူဒါန်းသကဲ့သို့ အလှူရှင်များလှူဒါန်း သမျှကိုလည်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ တပ်မတော်သားများမှ နေရာဒေသအရောက် ပို့ဆောင်ပေးခဲ့ပါ သည်။ထိုသို့သောကြောင့် ပျက်စီးသွားသောနေရာများတွင်အစားထိုးပြန်လည်မွမ်းမံမှုများပြုလုပ်နိုင်ခဲ့ပြီ ဖြစ် ပါသည်။
Photo: ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော စေတီများအား ပြန်လည်ပြုပြင်ရန် တပ်မတော်မှ ဘိလပ်မြေအိတ်များလှူဒါန်း

နိုဝင်ဘာ ၁၁ ရက်က ငလျင်ဒဏ် ကြောင့် ပျက်စီးသွားသော ရွှေဘိုမြို့ရှိ မောဓောမြင်သာမြို့ထောင့် စေတီအပါ အဝင် စေတီခြောက်ဆူနှင့် ဘုန်းကြီး ကျောင်းခုနစ်ကျောင်းတို့အား ပြန်လည် ပြုပြင်ရန်နှင့် ကျောက်မြောင်းမြို့နယ်ခွဲရှိ ရွှေနှုန်းတိုးစေတီအပါအဝင် စေတီ ခြောက်ဆူနှင့် ဘုန်းကြီးကျောင်း လေး ကျောင်းတို့အား ပြန်လည်ပြုပြင်ရန် အတွက် တပ်မတော်မှပေးပို့လှူဒါန်း သည့် ဘိလပ်မြေအိတ် ၁ဝဝဝ အား နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်း တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုး လွင်က ထပ်ဆင့်ပေးအပ် လှူဒါန်းရာ သက်ဆိုင်ရာဂေါပကအဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများက လက်ခံ ရယူကြသည်။
ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူ တို့သည် မောဓောမြင်သာမြို့ထောင့် စေတီနှင့် ရွှေနှုန်းတိုးစေတီတို့တွင် တပ်မတော်သားများနှင့် ဒေသခံများ ပူးပေါင်း၍ ပြန်လည်ပြုပြင်နေမှုအား ကြည့်ရှုသည်။
ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိ သူတို့သည် ခင်ဦးမြို့နယ် ကဗွက်ကျေးရွာနှင့် ကုက်တတ်ကျေးရွာများတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် နေအိမ်များအား တပ်မတော်သားများမှ ဒေသခံ များနှင့်ပူးပေါင်း၍ ပြန်လည် ဆယ်တင်ခြင်းလုပ်ငန်းများဆောင်ရွက် နေမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိသွားသော ဒေသခံများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု တို့အားကည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
 



0 comments: