Thursday, November 15, 2012
0
၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ် အတွက် ရ၊သုံး မှန်းခြေ ငွေစာရင်း များအရ ဝန်ကြီးဌာန ၁၅ခု က နိုင်ငံတော် သို့ ကျပ်သန်းပေါင်းငါးထောင်ကျော်ပးသွင်းရန်ကျန်ရှိနေကြောင်း ယနေ့ကျင်းပသောပည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြောကြားသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အရေးကြီးသာ စစ်ဆေးတွ့ရှိချက်များအရ ဌာနဆိုင်ရာအဖွဲ့အစည်း ၄၇ခု တို့က နိုင်ငံတော်သို့ ပေးသွင်းရမည့် နစ်နာငွေကျပ်သန်း ၅၈၃၉၈ ဒဿမ ၈၁၀ နှင့် အမေရိကန်ဒ်ါလာ ၂၃၂၉၇၇ ဒဿမ ၃၁၀ ရှိပြီး ပေးသွင်းပြီး ငွေမှာ ကျပ်သန်းပေါင်း တစ်သောင်းကျော်နှင့် အမေရိကန် ဒေါ် လာ တစ်သိန်းကျော်သာရှိကြောင်း၊ သို့ဖြစ်ရာပးသွင်းရန် ကျန်ရှိငွေ ကျပ်သန်း၄၀၇၉၂ ဒဿမ၀၃၈ ၂ နှင့် အမေရိကန် ဒေါ်လာ ၇၀၆၅၅ ဒဿမ ၀၂၀ ထိ ရှိနေကြောင်း ၄င်းက အသေးစိတ် ရှင်းပြသည်။

ကျပ်သန်း ၄၀၉၇၂ ဒဿမ ၀၃၈တွင် ပုဂ္ဂလိကထံမှရရန်ကြွး ကျပ်သန်း ၄၀၈၂၈ ဒဿမ ၁၂၂ နှင့် အမေ ရိကန်ဒ်ါလာ ၇၀၆၅၅ ဒသမ ၀၂၀ ဖြစ်ပြီး ဝန်ထမ်းများ၏ မှားယွင်းမှု နှင့် အလွဲသုံးစားမှုများ ကြောင့် ပြန် လည် ပေးသွင်းရမည့်ငွမှာ ကျပ်သန်း ၁၄၃ ဒဿမ ၉၁၆ ဖြစ်ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်က ဆိုသည်။

ဝန်ကြီးဌာန ၁၅ ခုမှာ လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဝန်ကြီး ဌာန၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သိပံ္ပနှင့်နည်းပညာ ဝန်ကြီး ဌာန၊ မွေးမြူရေး နှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာ န၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေနှင့် အ ခွန်ဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့်ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနတို့ ဖြစ်သည်

0 comments: