Thursday, November 15, 2012
0

စတီရီယိုခေတ်ဦးအဆိုတော်တစ်ဦး ဖြစ်သည့်အပြင် ကိုယ်ပိုင်သံစဉ်ဖြင့် နာမည်ကျော်ကြားခဲ့သူ အဆိုတော် ခင်မောင်တိုးသည်နိုဝင်ဘာလ (၁၅) ရက်နေ့နံနက်(စကာင်္ပူစံတော်ချိန်)(၈နာရီ ၂၀မိနစ်) အချိန်ကစင်ကာ ပူ၌ဆေးကုသခံနေရာမှ ကွယ်လွန်သွားခဲ့ကြောင်း ပန်းရဲ့လမ်းဂီတ အဖွဲမှ ကိုသားထွေးက အတည်ပြုပြော ကားခဲ့ပါသည်။

ကွယ်လွန်ချိန်တွင် အသက်(၆၂)နှစ်ရှိပြီဖြစ်သောခင်မောင်တိုးသည် စစ်ကိုင်းတိုင်းမော်လိုက်မြို့ ဇာတိဖြစ်ြ ပီး ၁၉၅၀ ပြည့်နှစ် ဧပြီလ ၁ရက်နေ့က ဖခင်အရေးပိုင်မင်း ဦးခင်မောင်နှင့် မိခင်ဒေါ်ခင်လှတို့မှ မွေးဖွား လာခဲ့သူ ဖြစ်ပါသည်။ မွေးချင်းသုံးဦး ရှိသည့်အနက် တတိယမြောက်သား ဖြစ်သည်။

၁၉၆၅ခုနှစ်တွင် အခြေခံပညာအထက်တန်း အောင်မြင်ခဲ့ပြီး ၁၉၆၆ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ် သို့ ရောက်ရှိခဲ့ပါသည်။ သို့သော် ဂီတလမ်းကြောင်း ဘက် စိတ်အားထက်သန်မှု ဖြစ်ခဲ့ပြီးနောက် ဒုတိယနှစ် တွင်ကျောင်းထွက်ပြီး  ဂီတလမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့ပါသည်။

" RIT ရောက်တော့ အချိန်တန်ရင် အင်ဂျင်နီယာဖြစ်သွားမယ်လို့ပဲတွက်ခဲ့တာ။ ဒုတိယနှစ်မှာအဆောင် နတာဆိုတော့ သူငယ်ချင်းတွေနဲ့ ဂီတပိုးကထလာပြီး ဂီတလုပ်တဲ့အချိန်က ပိုများလာတယ်။ စတီရီယိုသီ ချင်းတွေ ပေါ်လာတော့ လုပ်စရာ တွေပေါလာပြီး ဂီတာလိုင်းဘက်ကူးဖြစ်တယ်။ အဲဒီမှာကိုယ့်ပုံစံတစ် ခု မွေးဖွားဖို့ အကြောင်းပေါ်လာတယ်။ အဲဒီတုန်းက RIT မှာ ကိုရဲလွင်နဲ့တွဲပြီး စမ်းသပ်လုပ်ကြည့်လို့ ရလာ တယ်။ ကျောင်းကထွက်ပြီးတဲ့နောက်မှာ ရပ်တည်စရာတစ်ခုကို ရှာမယ်ဆိုတော့ တကယ်ယုံကြည်စိတ်ရှိတဲ့ ဂီတကိုအသက်မွေးဝမ်းကြောင်း တစ်ခုအနေနဲ့ မဟုတ်ပေမယ့် ဘာမှလုပ်စရာမရှိတဲ့ အချိန်မှာ ဂီတထဲမှာပဲ အသိုင်းအ၀ိုင်းနဲ့နေပြီးခိုင်မာအောင်လုပ်ဖို့များသွားတာပေါ့"ဟု Eleven Media Group နှင့် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း တွေ့ဆုံစဉ် ခင်မောင်တိုး ပြောကြားခဲ့ဖူးသည်။

၁၉၇၃ခုနှစ်ကာလတွင် "ပြဿနာ အုပ်စု" တီးဝိုင်းဖြင့် “ကျေးဇူးတင်ပါတယ် ကမ္ဘာကြီးရယ်” တေးစီးရီး ထွက်ရှိခဲ့ပါသည်။ ထိုစီးရီးသည် ခင်မောင်တိုး၏ ပထမဆုံးစီးရီးဖြစ်သည့်အပြင်ကော်ပီသံစဉ် စီးရီး လည်း ဖြစ်ခဲ့သည်။ ပထမဆုံးစီးရီးမှာပင် ခင်မောင်တိုးကိုပရိသတ်သိစေခဲ့သည့် သီချင်းဖြစ်သော"မျက် သွယ်" သီချင်းကိုသီဆိုခဲ့ပါသည်။ "မျက်သွယ်" သီချင်းကို ကိုတင်မောင်လှိုင်က ရေးသားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဒုတိယ စီးရီးဖြစ်သော "ရင်ခုန်နေသော အိမ်မက်ငယ်"ကို ၁၉၇၄ ခုနှစ်တွင် သီဆိုထုတ်ဝေခဲ့ သည်။ ယင်းစီးရီးမှာလည်း ကော်ပီသံစဉ် ဖြစ်ပါသည်။ ထိုအချိန် အထိ ခင်မောင်တိုးအား ပရိသတ်သိရှိမှု နည်းပါးနေဆဲ ဖြစ်ပါသည်။

"ကျွန်တော်ရဲ့ပထမဆုံး ထွက်ရှိတဲ့စီးရီးနဲ့ ဒုတိယစီးရီးက ကော်ပီတွေပေါ့။ စီရီးဖြန့်ချိမှုပုံစံကလည်း ဆိုင်ေ တွကိုကိုယ်ကိုယ်တိုင်စာအုပ် ကြီးကိုင်ပြီးလိုက်ရောင်းရတာ။  ကျွန်တော်မှတ်မိနေတာက သွင်းတဲ့စနစ်က အခုခေတ်လို စက်ပိုင်းဆိုင်ရာ ခေတ်မမီသေးတော့ တစ်ပြိုင်တည်းအသံသွင်းရတာလေ။ တစ်ယောက် မှားရင် အကုန်ပြန်သွင်းရတော့ ပင်ပန်းတယ်။ တချို့အမှားတွေလည်း လွှတ်လိုက်ရတာရှိတယ်"ဟု  Eleven Media Group နှင့်  ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း တွေ့ဆုံစဉ် ခင်မောင်တိုး ပြောကြားခဲ့ဖူးသည်။

၁၉၇၉ ခုနှစ်တွင်မူ “ပြဿနာ အုပ်စု" တီးဝိုင်းအဖွဲ့အမည်ကို  "လိစ္ဆ၀ီ"ဟုပြောင်းလဲလိုက်ပြီး 'လိစ္ဆ၀ီ' တီးဝိုင်း တွင်  ကိုရဲလွင်၊ ကိုဇော်မျိုးထွဋ်၊ ကိုမောင်မောင်၊ ကိုနေ၀င်းတို့နှင့်အတူ ဂီတဖန်တီးမှုများ လုပ်ဆောင်ခဲ့ပါ သည်။  ၁၉၇၉ခုနှစ်တွင် " အဉ္ဇလီအတွက် ဂီတအဉ္ဇလီ" စီးရီး ထွက်ရှိခဲ့ပါသည်။ ထိုစီးရီးမှာ ခင်မောင်တိုး၏ ပထမဆုံး ကိုယ်ပိုင် သံစဉ် စီးရီး ဖြစ်ခဲ့ပြီး ထိုနောက်ပိုင်းတွင် ကိုယ်ပိုင်သံစဉ် သီချင်းများကိုသာ ဆက်တိုက် သီဆိုခဲ့ပါသည်။ ၁၉၈၁ ခုနှစ်တွင် "၀ိုင်းရဲ့ ဆည်းဆာ" တေးစီးရီး ထွက်ရှိခဲ့ပြီး "၀ိုင်းရဲ့ ဆည်းဆာ"မှာ ခင်မောင်တိုးကို ဂီတ ပရိသတ်များ ပိုမို အသိအမှတ် ပြုခဲ့သည့် စီးရီး ဖြစ်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင်  "စောင်းကြိုးရှိုက်သံ နှင့် ဆယ်နှစ်တာတေးများ" လက်ရွေးစင်တေးစု ထွက်ရှိခဲ့သည်။

၁၉၈၃ ခုနှစ်တွင် "လိစ္ဆ၀ီ" တီးဝိုင်းအဖွဲ့ အမည်ကို "မဇ္ဇျိမလှိုင်း" ဟု ထပ်မံ အမည်ပြောင်းလဲခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် "မဟာဆန်သူ"စီးရီးထွက်ရှိလာခဲ့ပါသည်။ "မဟာဆန်သူ"သည် ခင်မောင်တိုး၏အအောင်မြင် ဆုံး တေးစီးရီး ဖြစ်ခဲ့သည့်အပြင် ခင်မောင်တိုးနှင့်အတူ"မဇ္ဇျိမလှိုင်း" တေးဂီတအဖွဲ့ကိုပါအောင်မြင်မှုရရှိစေ ခဲ့ပါသည်။ ၁၉၈၅ ခုနှစ်တွင် "ကြိုးကြာသံ"တေးစီးရီးထွက်ရှိခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် "မျက်သွယ်" အမည်ဖြင့် လက်ရွေးစင်တေးပေါင်းစုထွက်ရှိခဲ့သည်။ ၁၉၈၈ခုနှစ်၌ " ရောင်စဉ် ခုနှစ်သွယ်"၊ ၁၉၉၀ ပြည့်နှစ်၌ "ဝေးခဲ့ပြီ ပန်းခရမ်းပြာ"၊ ၁၉၉၁ ခုနှစ်တွင် "လေးညှို့ရှင်" အစရှိသည့် တေးစီးရီးများ ထွက်ရှိခဲ့သည်။

၁၉၉၂ ခုနှစ်တွင် "ပန်းချစ်သူ" တေးပေါင်းစုထွက်ရှိခဲ့ပြီး ထိုစီးရီး၌ပါဝင်ခဲ့သော သီချင်းများမှာ ရုပ်ရှင်ဇာတ် ၀င်သီချင်းများ ဖြစ်ပါသည်။ ၁၉၉၃ ခုနှစ်တွင် "ပန်တော်ဦး"၊ ၁၉၉၄ ခုနှစ်တွင် "မြစ်တစ်စင်း ဖြစ်တည်မှု" ထွက်ရှိခဲ့ပြီး ၁၉၉၄ ခုနှစ်မှာပင် Live 94 (Live Show) နှစ်ခွေတွဲ ထွက်ရှိခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် "ရည် ရွယ်သူ"၊ ၁၉၉၆ ခုနှစ်တွင် "မှီတွယ်ရာ လွမ်း"၊ ၁၉၉၇ ခုနှစ်တွင် "လှိုင်းထက်က ခြေရာများ" အစရှိသည့် စီး ရီးများထွက်ရှိခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် "ရင်ခတ်အလွမ်း" တေးစီးရီးထွက်ရှိခဲ့ပြီး ထိုစီးရီးတွင်ပါဝင်သော သီ ချင်းများမှာ မွန်းအောင်၏ သီချင်းများကို ပြန်လည် သီဆိုခဲ့ခြင်း ဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် "တိတ်တခိုး" စီးရီးထွက်ရှိခဲ့သည်။ "တိတ်တခိုး"သည် မောင်စိန်ဝင်း(ပုတီးကုန်း)၏ကဗျာများကို ကိုနိုင်မင်းကသံစဉ် ထည့် သွင်းပေးခဲ့ပြီး ခင်မောင်တိုးက သီဆိုခဲ့ခြင်း ဖြစ်သည်။

၁၉၉၉ ခုနှစ်နောက်ပိုင်းတွင် ခင်မောင်တိုး၏ တေးသီချင်းသစ်ထွက်ရှိမှု မရှိသလောက် နည်းပါးခဲ့ပြီး  ၂၀၀၇ ခုနှစ်အချိန်တွင် "ခုနှစ်နှစ်အလွန်" တေးစီးရီးထွက်ရှိလာခဲ့ပါသည်။  "ခုနှစ်နှစ် အလွန်" သည် ခင်ဝမ်းအမှတ် တရအနေဖြင့် ခင်ဝမ်း သီဆို အောင်မြင်ခဲ့ပြီးသော သီချင်းများကို သီဆိုခဲ့ခြင်း ဖြစ်သည်။ ထိုနောက်ပိုင်းတွင် "အကြိုက်ဆုံးမန္တလေးသီချင်းများ" တေးစီးရီး၊ သည်းဦးသစ္စာ အစရှိသည်တို့ ထွက်ရှိခဲ့ပြီး နောက်ဆုံးထွက် ရှိခဲ့သော တေးစီးရီးမှာ " ခွန်အားဖြည့်ပါ မိငယ်" ဖြစ်သည်။

" ကျွန်တော့် အမြင်ကဂီတကြောင့် လူတွေဟာ လောကအမြင်မှန်နဲ့ နီးစပ်တယ်လို့ထင်တယ်။ ကျွန်တော် ဘ၀ ဖြတ်သန်းချင်တဲ့ပုံစံက မြတ်စွာဘုရားဟောကြားသလို လူတွေကမွေးပြီး သေသွားမယ့်သူတွေ ဖြစ်ပေ မယ့်ကြားထဲမှာ သံသရာဆိုတာရှိတယ်။ ဒီဘ၀လုပ်နေတဲ့ အလုပ်တွေ အကုန်လုံးကသံသရာတစ်လျှောက် လုံးကို အထောက်အကူဖြစ်တဲ့ ပုံစံမျိုးရှိရမယ် ဆိုတော့ ရိုးရိုးသားသား နေလို့ရတဲ့ ဂီတ အလုပ်က ကျွန်တော့် ဘ၀အတွက် အင်မတန်သင့်တော်ပါတယ်" ဟုခင်မောင်တိုးက Eleven Media Group သို့ ပြော ကြားခဲ့ဖူးပါသည်။

ခင်မောင်တိုးသည်ပထမစီးရီး "ကျေးဇူးတင်ပါတယ် ကမ္ဘာကြီးရယ်" မထွက်ရှိမီအချိန်ကပင်ဒေါ်ဝေေ၀ခိုင်နှင့် လက်ထပ်ခဲ့ပြီး သားသမီး သုံးဦး ရှိခဲ့ပါသည်။အဆိုတော် ခင်မောင်တိုးသည် ပြီးခဲ့သည့် ရက်များအတွင်းက ပင် စင်ကာပူနိုင်ငံသို့ရောက်ရှိနေပြီး အသည်းကင်ဆာရောဂါအတွက် ဆေးကုသမှု ခံယူနေခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဆေးကုသမှုခံယူနေရင်း နိုဝင်ဘာလ ၈ ရက်နေ့ကသတိလစ်မှု ဖြစ်ပေါ်ခဲ့ကာကွယ်လွန်သွားေ ကြာင်း သတင်းများ Facebook ပ်ါတွင်ပျံ့နှံ့ခဲ့သော်လည်း ယင်းသတင်းများမှာ ကောလာဟလများသာ ဖြစ်ခဲ့သည် ။နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး အဆိုတော်ခင်မောင်တိုး၏ ကျန်းမာရေးအခြေအနေမှာ တိုးတက်မှုရှိခဲ့ကာ ပြန်လည်သတိရချိန်တွင် မိသားစုဝင်များအား စကားတစ်ခွန်းစ ၊နှစ်ခွန်းစ ပြောနိုင်ခဲ့ သည့်အပြင် သူ့အနားတွင်ရှိနေသော သူများအားလုံးကိုလည်း မှတ်မိသည့်အခြေအနေ ရှိခဲ့သော်လည်း နို ၀င်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

0 comments: