Thursday, November 15, 2012
0
မြန်မာနှင့်ဘင်္ဂလာဒေခ်ျ့ (၂) နိုင်ငံအကြား ယခင်ကသဘောတူညီထားသော မြန်မာလျှပ်စစ်ဓာတ်အား ဘင်္ဂလားဒေ့ခ်ျနိုင်ငံသို့ ရောင်းချရေးကို မြန်မာဘက်ကပယ်ဖျက်လိုက်သည်ဟု သိရသည်။

IMG_0619
(၆) ကြိမ်မြှောက်နှစ်နိုင်ငံ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေးတွင် ထိုသို့မြန်မာ ဘက်ကပယ်ဖျက်လိုက်ခြင်း ဖြစ်သည်ဟု ဘင်္ဂလာဒေခ်ျ့ ကုန်သွယ်ရေး ၀န်ကြီးဌာနအတွင်းဝန် မဟာဘူလ် အာမတ်က သတင်းထောက်များသို့ပြောသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့ထိ ဘင်္ဂလာဒေခ်ျ့နိုင်ငံဒက္ကားမြို့တော်တွင် ပြုလုပ်ခဲ့သော မြန်မာ- ဘင်္ဂလာ ကုန်သွယ်ရေး ဆိုင်ရာ (၂) ရက်တာ အစည်းအဝေးတွင် မြန်မာအနေဖြင့် သူ့နိုင်ငံတွင်လျှပ်စစ် ဓာတ်အားကို ဘင်္ဂလာသို့ရောင်းချမည့် အစီအစဉ်မှာ ဖြစ်နိုင်တော့မည် မဟုတ်ကြောင်း ၊ မြန်မာနိုင်ငံတွင် လည်း လျှပ်စစ်ဓာတ်အာား မလုံလောက်မူနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဘင်္ဂလာ ကိုယ်စားလှယ်များ ကိုပြောဆိုခဲ့သည်ဟု ဆိုသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရခိုင်ပြည်နယ်တွင် တည်ဆောက်နေသော စိုင်းတင်ရေအား လျှပ်စစ်နှင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အကြားတွင် တည်ဆောက်နေသော လေးမြို့ ရေအားလျှပ်စစ် စီမံကိန်းတို့မှ ကီလိုဝပ် ၅၀၀ ၀ယ်ယူရန် မြန်မာနှင့် ပမာဏ သဘောတူညီမူ ရှိခဲ့သည်။

ထိုသို့သဘောတူညီမူအရဘင်္ဂလာဒေခ်ျ့ကိုယ်စားလှယ်များမြန်မာနိုင်ငံသို့သွားရောက်ပြီးလျှပ်စစ်ဓါတ်အား ၀ယ်ယူရေးကို ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။ရခိုင်ပြည်နယ် စိုင်းတင်ရေအားလျှပ်စစ်မှာ ၂၀၁၄- ၂၀၁၅ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ပြီး လေးမြို့ ရေအားလျှပ်စစ် စီမံကိန်းမှာ ၂၀၁၈ ခုနှစ်တွင်ပြီးစီးမည်ဟုသိရသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံသည် သူ့နိုင်ငံအတွင်းလျှပ်စစ်ဓာတ်အား မလုံလောက်မူကို မြန်မာအပြင်အိမ်နီးချင်းနိုင် ငံများကြသော ဘူတန်၊ အိန္ဒိယနှင့် နီပေါနိုင်ငံတို့မှတင်သွင်းရန်ကြိုးပမ်းနေသည်။မြန်မာနိုင်ငံထက်နှစ်ေ ပါင်း ၂၃ နှစ် နောက်ကျပြီးမှ ပါကိစ္စတန် လက်အောက်မှ လွှတ်မြောက်လာသော ဘင်္ဂလာဒေခ်ျ့နိုင်ငံ သည် မြန်မာနိုင်ငံထက်လျှပ်စစ်ဓာတ်အား သုံးစွဲမူပမာဏ များပြားပြီး  မြို့ရော တောပါမကျန် နိုင်ငံအ၀န်း လျှပ်စစ်မီးရရှိသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံသည် မြန်မာမှလျှပ်စစ်ဓာတ်အားဝယ်ယူရန် လမ်းစပိတ်သွားပြီ ဖြစ်သော်လည်း တိုက်ရိုက်လေကြောင်းလိုင်းနှင့်ရေကြောင်းလိုင်းများကိုတိုးချဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးကိုတိုးမြှင့် ဆောင် ရွက်သွားမည် ဟု သိရသည်။

0 comments: