Friday, November 23, 2012
0


တစ်ကမ္ဘာလုံးက ဘာညာ၊ ဘာညာနဲ့ ဇာဂနာတို့ ဟောင်ဖွာဟောင်ဖွာ အပြောကောင်းလို့ ဗိုလ်ချုပ် ရုပ်ရှင်ကြီး အတွက် လူတွေရွေးကြ၊ ဘုတ်တွေဖွဲ့ကြ ဆိုလို့ ၀မ်းသာလို့မှ မဆုံးခင် ဆိုင်းဘုတ်ကြီး ထောင်ပြီး တစ်ခန်းရပ်ခဲ့ပြန်ပါတယ်။ ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားတယ်လို့တော့ မပြောချင်ပေမယ့် ငွေထုပ်ကြီးတွေနဲ့ ပတ်သက်လာရင် စိတ်မချရတာက အမှန်။
  ရထားပေါ် အတင်းအုပ်၊ ငွေထုပ်ကြီးသာ မြင်နေရရင်ပြီးရော..
အခုလည်း ထောင်ထွက် ဆေးသမား ဇေယျာသော်ကို အားကျလို့ အမေစုသာ ခွင့်ပြုရင် ၂၀၁၅ မှာ ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ ဒေါ်စု လွတ်တာနဲ့ အန်အယ်လ်ဒီကို ပြေးကပ် ထားတဲ့ အနုပညာရှင်များရဲ့ စကားသံ ထွက်လာ ပါပြီ။ အဆိုပါ အနုပညာရှင်များကတော့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ၀ိုင်း၊ လူမင်း၊ ထွန်းအိန္ဒြာဗိုလ် နဲ့ မမ ကြည်ဖြူသျှင်တို့ပဲ ဖြစ်ကြပါတယ်။

၂၀၁၅ မတိုင်ခင် အသက်နည်းနည်းကြီးနေတဲ့ အန်တီစုကြီးများ ကွေးသောလက် မဆန့်ခင်၊ ဆန့်သော လက်မကွေးခင်ဆိုတဲ့ ဇရာသဘောများ ပြည်သူတွေကို ပြခဲ့ရင်ဖြင့် အဆိုပါ အသံထွက် သာကူးများ ဘယ်ကို ပြေးကပ်ကြမှာပါလိ့မ်။

ဘယ်နေရာလေးက ပါရပါရ၊ နောင်တစ်ချိန်ကျ အကျိုးရှိဖို့ အရေးကြီးတဲ့ ဘီလူခေါင်းနဲ့ မင်းသမီးကြီး
ပထမဆုံး ဆံရှည် လွှတ်တော်အမတ်လုပ်မယ့် ဂတုံး သူငယ်ချင်း မင်းထင်ကိုကိုကြီး
ဆေးသမား ထောင်ကျရာကနေ အမေစု အိတ်ဆွဲဖို့ လွှတ်တော်ရောက်တဲ့ ဇေယျာသော်
မေစုသာပြော...၂၀၁၅ မှာ သမီင်္းလည်း ဒါရိုက်တာ မလုပ်တော့ဘူး.. လူတွေပဲ ရိုက်တော့မယ်
လောလောဆယ်တော့ အဆင်ပြေသလို နေရတာပဲ။ လွှတ်တော်အမတ်ဖြစ်မှ ဆိုတဲ့ စိတ်ကူးနဲ့ ၀ိုင်း

0 comments: