Friday, November 23, 2012
0
၂၀၁၀ ရွေးကောက်ပွဲကြီးစတော့ အခါသင့်တုန်းလေးပါမှ ဆိုပြီး နေရာ တစ်နေရာ အတွက် အလု အယက် ပြိုင်ကြရင်း အချင်းချင်း မတည့်တာနဲ့ ပါတီကြီးကနေ ပါတီသေး တွေ ခွဲထွက်၊ ပါတီသေးကနေ တစ်သီး ပုဂ္ဂလခွဲထွက်နဲ့ နောက်ဆုံးတော့ ပြည်ခိုင်ဖြိုးကပဲ မဲ တွေ သိမ်းကြုံး ယူခဲ့ရတယ်။ အဲဒီ အခါမှာ ခါတော်မီ ၀င်ပြိုင်ခဲ့ကြတဲ့ ဒီမိုကရေစီ အမည်ခံ ပါတီ ၁၀ ပါတီက ချာပါတီလုပ်စားပြီး ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီ ဆိုပြီး ဖွဲ့ခဲ့ကြ တယ်။ အဆိုပါ ပါတီတွေကတော့  ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသား ဒီမို ကရေစီ အင်အားစုပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသား ပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ ၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ၊ ဒီမို ကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီတို့ ပါဝင်သည်။

အန်အယ်လ်ဒီ မပါခင်ကတော့ မိတ်ဆွေ ၁၀ ပါတီက ခပ်ဟုတ်ဟုတ် ဖြစ်နေတာပေါ့။ ဟိုလူနဲ့တွေ့ ဒီလူနဲ့ တွေ့၊ နေရာပေးခံရတော့ လေသံလေးတွေက ထွက်ချင်လာတယ်။ ပြည်နယ်နှင့်တိုင်း မခွဲတော့ဘဲ ပြည်နယ် ၁၄ ခု၊ တိုင်း ၁၄ ခု လုပ်ပါ။ နိုင်ငံခြားရောက် မြန်မာတွေ အတွက် ပီအာရ် လေးလုပ်ပါ။ တိုင်းရင်းသားက တိုင်းရင်း သား၊ ဗမာက ဗမာ။ အဲဒီလို မဖြစ်နိုင်တဲ့ ငါစွဲတွေကြားမှာ ပထမ ၂ ပါတီ နှုတ်ထွက်ရာကနေ၊ အခု ၆ ပါတီ နှုတ်ထွက်ပြန်ပြီဆိုတော့ အားလုံးကွဲ ပြဲ ကြကုန်ပြီပေါ့။ လူနည်းစု ၁၀ ပါတီကို တစ်နှစ်ပြည့်အောင် မစုနိုင်တဲ့ ကိုယ်စားလှယ်တွေ ပြည်နယ်နဲ့တိုင်း ၁၄ ခုကို အနှစ် ၂၀ အရင်က ထိန်းခိုင်းခဲ့ရင် အခုလောက်ဆို အစိတ် ၂၀ လောက် ကွဲနေတော့မယ်။

ကဲ..ဘာဆက်လုပ်ကြမှာလဲ။။
 ၆ ပါတီ နှုတ်ထွက်ပြီး ချာပါတီ ဖြစ်သွားတဲ့ ၁၀ ပါတီ
 ခုမှ တွေ့တယ်။။ ကချင်လွှတ်တော်အမတ် ကိုယ်စားလှယ်ကြီးက

 စားကြသောက်ကြ၊ တွေ့ဆုံကြပြီးနောက်

0 comments: