Tuesday, December 04, 2012
0
ဟိုတစ်နေ့ကတင် အင်တာနက်စာမျက်နှာများတွေ့လိုက်ရပါသည်။   တရုတ်နိုင်ငံ Wenling, Zhejiang province မှာ ဖွင့်လှစ်မယ့် လမ်းသစ်တစ်ခုမှာ မဖယ်ပေးဘဲ ဆက်နေနေတဲ့ အိမ်တစ်လုံး လမ်းမအလယ်မှာရှိနေတဲ့ သ တင်းကို People's Daily က ဖော်ပြခဲ့ပါတယ်။

 
လမ်းလယ်ခေါင်က တစ်လုံးထဲ ကျန်နေတဲ့ အိမ်
အစိုးရက အသစ်လျော်ကြေးပေးတဲ့နေရာမှာ မနေချင်တဲ့အတွက်ကြောင့် Xiazhangyang ရွာက မိသားစု တစ်စုဟာ အဲဒီအိမ်မှာ နေဖို့ ဆက်လက်တောင်းဆိုနေပါတယ်။အဆိုပါ မိသားစု ဆက်နေလို့ ရအောင်လို့ အိမ်နီး ချင်းတွေဟာ သူတို့ အနေဖြင့် အားလုံး ရွေ့ပြီးကြသော်လည်း ၄င်းတို့ အခန်းများကို ဒီအတိုင်း ထားခဲ့ကြ ပါတယ် ။Wenling ဘူတာရုံသို့ သွားမယ့် အဆိုပါလမ်းဟာ အခုထိ အသုံးမပြုနိုင်သေးပါဘူးလို့  ဖော်ပြထားတာလဲတွေ့ ရပါတယ်။ 
ဒီဇင်ဘာ ၁ရက်နေ့ကရှင်ကျင့်ပြည်နယ်လမ်းသစ်စီမံကိန်း၏ လမ်းလယ်ကောင်ရှိ ရွှေ့ပြောင်းရန်ငြင်းဆန်နေသော လူတစ်ဦးပိုင် ငါးထပ်တိုက် အဆောက်အအုံကို တရုတ်အာဏာပိုင်များက ဘူဒိုဇာစက်များအသုံးပြု၍ ဖယ်ရှား ရှင်းလင်းလိုက်ကြောင်း ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။

အဆိုပါ လမ်းသစ်သည် ရှင်ကျင့်ပြည်နယ်အရှေ့ပိုင်း၌ တည်ရှိသည်။ လမ်းအလယ်ကောင်တွင် ဘဲခြံပိုင်ရှင်ေ ယ်ာဘော်ဂျင်၏ ငါးထပ် အဆောက်အအုံရှိသည်။ ၄င်းသည် အိမ်ဖယ်ရှားခံရသည့် အတွက် လျော်ကြေး ပိုမိုရရှိ ရန် တောင်းဆိုထားသည်။ တောင်းဆိုသည့်ေ လျာ်ကြေး မရသည့်အတွက် အိမ်ဖယ်ရှားပေးရန် ငြင်း ဆန်နေခြင်း ဖစ်သည်။

ယော်သည် အဆိုပါအိမ်ကို အမေရိကန်ဒေါ်လာ ၉၅ဝဝဝ အကုန်ကျခံ၍ တည်ဆောက်ခဲ့သည် ဟုဆိုသည်။ သို့သော်လည်း အာဏာပိုင်များက လျော်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၃၅ဝဝဝ သာ ပေးခဲ့ သည်ဟုဆိုသည်။

၎င်းသည် အမေရိကန် ဒေါ်လာ ၄၁ဝဝဝ အထိပေးလျော်ပြီးဖြစ်သည့်အတွက်ဘူဒိုဇာများဖြင့် ဖျက်ဆီးခဲ့ရခြင်းဖြစ် စ်ကြောင်း တရုတ်တာဝန်ရှိ သူများက ပြောကြားသည်။


0 comments: