Tuesday, December 04, 2012
0

ဒါနဲ့ လမ်းထဲကလေးတစ်ယောက်ကမေးပါတယ် သူအမေကို။ အမေပညာမတတ်ရင် အလုပ်ကြမ်းတွေလုပ်ရ တယ်ဆိုတဲ့။ ဟိုလူကြီးတွေကျတော့ ဘာလို့ပညာမတတ်သေးဘဲ စင်ပေါ်တက် စကားပြောနေတာလဲတဲ့။ အဲ ခက်တာပဲသားရယ်ဆိုပြီး အမေခင်ဗျာ ငိုရမလိုရယ်ရမလိုတောင်ဖြစ်သွားသေးတယ်။ ဒီမှာတစ်ခုပြောစရာရှိလာ ပါလိမ့်မယ်။ စင်ပေါ်တက်အမှာစကားတွေမိန့်ကြား၊အောက်ကလူတွေကလက်ခုပ်သံတဖြောင်းဖြောင်း၊ ကျွန်တော် ကတော့မေးချင် တာ.. ခင်ဗျားက ဒီလိုမိန့်ခွန်းတွေပြောပြီး ဒီလိုလက်ခုပ်သံ တစ်ဖြောင်းဖြောင်းနဲ့ထိုက်တန်တဲ့ပေး ဆပ်မှု ဘာတစ်ခုရှိခဲ့ပြီလဲဆိုတာပါပဲ။ 

မြန်မာနိုင်ငံလွပ်လပ်ရေး ယူပေးခဲ့စဉ်တုန်းက အထင်ကရနာမည်ထဲမှာလဲ မပါပါဘူး။ ရဲဘော်သုံးကျိပ် အဖွဲ့ဝင်တွေ ထဲမှာလဲ သခင်မင်းကိုနိုင်တို့၊ သခင်မြကြီးတို့၊ သခင်ကိုကိုကြီးတို့၊ သခင်ဌေးကြွယ်တို့လဲမပါပါဘူး။  အရင် ဗကပ၊ တရုတ်ကျူးကျော်စစ်နဲ့ပြည်တွင်းလက်နက်ကိုင်တွေ တော်လှန်တုန်းကလဲမပါသလို။ သီဟသူရဘွဲ့တို့၊ သူရဘွဲ့တို့၊ သီဟဘွဲ့တို့စာရင်းမှာလဲ သူတို့မပါပါဘူး။ ဒါဆိုသူတို့က ဘာလုပ်တာလဲ....။

၁၉၈၈ ခုနှစ်တော်လှန်းရေးခေါင်းစဉ်တပ် လူထုအုံကြွမှုကြီးမှာသူများယောင်ရာကနေလိုက်ယောင်မိ၊ငါဟဲ့ကျောင်း သားခေါင်းဆောင်၊ ဘာခေါင်းဆောင်လဲ ဘယ်အတွက်လဲ။ ကျောင်းတွေပိတ်လိုက်ရ၊ တစ်နှစ်အောက်တဲ့လူတွေ ကအောက်။ ဘာကောင်းကျိုးမှမပြုလို့ အစိုးရက ထောင်ထဲထည့်ထားတာ။ ပြန်ထွက်လာတော့ စင်ပေါ်တက် ဟီး ရိုးလုပ်။ တိုင်းပြည်အတွက် ဘာကောင်းကျိုးမှမပြု အစိုးရကဖိတ်ခေါ်တော့လဲမလာ၊ သူ့ပါတီကောင်းစားဖို့သာ သိ တယ်။ ဒါနဲ့များ ပြည်သူတွေအတွက် ရပ်တည်ပေးမည်တဲ့။

ဆယ်ကျော်သက်အရွယ်ကျော်လွန်သွားသော်လည်း ဆယ်ကျော်သက်အတွေးဖြင့် ရူးတူးတူးပေါတောတော လုပ်
 ဆောင်နေကြသော ၁၉၈၈ မှ ယနေ့တိုင် ကျောင်းမပြီးကြသေးသည့် ပညာတတ်ကြီးများခင်ဗျာ....။ ဒါလေး ဖတ်ပြီး မှားသည်က ပြင်လိုပါသည်။ သူများသိမှာဆိုးလျှင် မြန်မာဇာနည်ဘွား နှင့်ကျိတ်၍တိုင်ပင်ချင်လဲရပါသည်။

(၁)တာဝန်ယူစိတ် [Be Proactive]
ပြဿနာတစ်ခုခုရှိလာရင်"ငါဘာမှားနေလဲ"ဆိုတာက,စ,စဉ်းစားပါမယ်။
ပြီးမှကျန်တာတွေကိုဖြန့် တွေးတယ်။"ကိုယ့်ကိုယ်ကိုတော့လွတ်စေ၊ သူများ ကိုတော့တရားခံ"ဒါမျိုးမလုပ်ဘူး။ကိုယ့်ကိုယ်ကိုတာဝန်ယူတဲ့စိတ်ပါ

(၂)ပစ်ကွင်းကိုချိန်ပစ် (Begin with the End in Mind)

ငါဘာဖြစ်ချင်လဲ၊ငါ့ရည်မှန်းချက်ဘာလဲဆိုတာကိုပထမဆုံးပိုင်းဖြတ်တယ်။
"မစ်ရှင်"[Mission]စိတ်ဓာတ်ဖြစ်ပါတယ်။

(၃)အရေးကြီးတာအရင်လုပ် [Put First Thing First]

ကြုံသလိုကျပန်းမလုပ်ဘူး။အစီအစဉ်ရှိရှိနဲ့ တဆင့်ပြီးတဆင့်ဆောင်ရွက်တတ်တယ်

(၄)သူမနာ၊ ကိုယ်မနာ ဆက်ဆံရေး [Think Win-Win]

ကိုယ်နိုင်စေ၊သူရှုံးစေသဘောမထားပါ။နှစ်ဦးနှစ်ဘက်အကျိုးရှိစေမယ့် "ကြားအဖြေ"ကိုနှလုံးသွင်းပါတယ်။

(၅)နားလည်မှုရှိ [Seek First to Understand,Then to be understood]

ပထမဆုံးသူများကိုနားလည်အောင်ကြိုးစားတယ်။
ကိုယ့်ကိုလည်း သူများက နားလည်အောင်တံခါးဖွင့်ထားတယ်။

(၆)လက်တွဲကြိုးပမ်း[Synergize]

ငါတကောမလုပ်ဘူး။အများနဲ့ လက်တွဲကြိုးပမ်းနိုင်ဖို့ အားထုတ်တယ်။

(၇)ကိုယ့်ကိုယ်ကိုပြန် ,သ, [Sharpen the Saw]

စိတ်တံခါးကိုပိတ်မထားဘူး။အတွေးသစ်၊အမြင်သစ်တွေအတွက်အမြဲတံခါး
ဖွင့်ထားတယ်။ကိုယ့်အသိ၊ကိုယ့်အကျင့်ကိုအမြဲချွန်မြနေစေဖို့ မပြတ် "သ"နေ ပါ။

ဒီအကျင့်တွေ မင်းမှာရှိနေပြီဆိုရင် ဘ၀တိုက်ပွဲမှာ အောင်ပွဲအလီလီရမှာ သေချာသလောက်ဖြစ်ပါပြီ။
The 7 Habits Of Highly Effective Teens [Sean Covey]

0 comments: