ကေအိုင်အေဆိုတာ ကချင်လွတ်လပ်ရေး တပ်မတော် (Kachin Independence Army) လို့ခေါ်သည်။ စတင် ဖွဲ့စည်းတာကတော့ ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဇော်ထူး၊ဇောဆိုင်းနှင့် ဇော်ဒန် တို့ ညီအစ်ကို (၃)ဦးမှ အင်အား ၂၇ ယောက်ဖြင့် လားရှိုးငွေတိုက်ကို ၀င်ရောက်လုယက်ရာမှ စတင်ဖွဲ့စည်းခဲ့သော အဖွဲ့ ဖြစ်သည်။
စတင်ဖွဲ့စည်းသည့် နေရာကလည်း ကချင်များနေထိုင်သည့် ရှမ်းပြည် မြောက်ပိုင်း၊ကွတ်ခိုင်ဒေသကတော့ ကေ အိုင်အေရဲ့ ဇာတိပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အင်အားပွားလာတာကတော့ ကချင်ပြည်နယ်အတွင်းမှာပါ။ ဗုဒ္ဓဘာ သာကို နိုင်ငံတော်ဘာသာအဖြစ် ထုတ်ပြန်ပြီးသည့်နောက်မှ ဘာသာရေးအကြောင်းပြ လူသစ်စုရာမှ အင်အား ကြီးမားလာခြင်း ဖြစ်သည်။
ဖယ်ဒရယ်မူကို တောင်းဆိုသော ပဒေသရာဇ်တွေများနှင့် ကူမင်တန် တရုတ်ဖြူတွေက ထောက်ပံ့ကူညီသော လက်နက်ခဲယမ်း၊ဘိန်း၊ ကျောက်စိမ်းများကို ခိုးထုတ်ရောင်းချရာမှ ရလာတဲ့ငွေကြေးတွေနဲ့ လက်နက် လူသူစုေ ဆာင်းပြီး အင်အား ငါးထောင်ခန့် ရှိလာခဲ့သည်။

၁၉၆၃ ခုနှစ်တွင် ပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကို အကြောင်းပြုပြီး ကျောက်စိမ်းတွင်းများကို ချုပ်ကိုင်ရန် ကြိုးစားခဲ့ကြသည်။ သို့သော်လည်း ထိုစဉ်ကတည်းက တိုက်ပွဲများကြောင့် ပြည်ပ အကူအညီများ တောင်းခံခဲ့ကြ သည်။ ထိုကိစ္စမျိုးသည် ကေအိုင်အေ လက်ထက်မှ မဟုတ်။ မြန်မာဘုရင်များလက်ထက် ကတည်းက အထက်ပိုင်းဒေသ ပြည်နယ်များသည် တစ်ဖက်နိုင်ငံအား အမြဲတစေ အကူအညီတောင်းလေ့ရှိကြသည်။
၁၉၆၇ ခုနှစ်တွင်တော့ ဗကပများ အားကောင်းလာသဖြင့် ဗကပအကူအညီ ရလိုသော ကေအိုင်အေမှ သံယောင်လိုက်ကာ ကွန်မြူနစ် ၀ါဒကို ကြွေးကြော်ခဲ့သည်။ သို့သော် ဗကပ တပ်များမှ ကေအိုင်အေတို့ဇာတိ ရှမ်းပြည် မြောက်ပိုင်းသို့ ၀င်ရောက်စိုးမိုးလာသည့်အခါ ဇော်ဒန် ဦးဆောင်သည့် ကေအိုင်အေက ဗကပကိုလည်း တိုက်သည်။ တပ်မတော်ကိုလည်း တိုက်သည်။ နောက်ဆုံး အကျအဆုံးများစွာနဲ့ နောက်ဆုံး ထိုင်းနိုင်ငံ၊ ထန်းဝိုးတွင်သာ အခြေပြုခဲ့ရတော့သည်။ ဗကပနှင့် မြန်မာ့တပ်မတော်ကြား နှစ်ဖက်ညှပ်လာသည့် ကေအိုင်အေ သည် မြန်မာ့တပ်မတော်နှင့် စေ့စပ်ဆွေးနွေးရန် ကြိုးစားလာခဲ့သည်။ သို့သော် ၁၉၆၃ခုနှစ် ဆွေးနွေး ပွဲပြီး နောက် ကျောက်စိမ်းတွင်းများ ချုပ်ကိုင် လက်နက်ဝယ် အမြတ်ထုတ်ခဲ့သည့် ကေအိုင်အေများသည် ၁၉၇၃ ဆွေးနွေးပွဲတွင်လည်း ယခင်အတိုင်း ပြုမူကြပြန်သဖြင့် ဆွေးနွေးပွဲ ပျက်ခဲ့ရသည်။
ကေအိုင်အေ အစ ဘဏ်ဓားပြ ခေါင်းဆောင် ၃ ဦးအနက် တပ်မဟာ(၄)မှူး ဇော်ဒန်သည် ၁၉၇၅ ခု မတ်လတွင် ဗကပတို့နှင့် တိုက်ပွဲဖြစ်ပြီး ကျဆုံးသွားသည်။ ဇော်ဆိုင်း၊ ဇော်တူနှင့် ပုံရွှေဇော်ဆိုင်း တို့လည်း ထိုင်းနိုင်ငံ ထန်းဝိုးတွင် ၁၉၇၅ သြဂုတ်လ အတွင်း ဆိုင်းတူ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ကြရ ပြန်သည် ။ ကေ အိုင်အေကို စတင်သူများ အချင်းချင်း သတ်ပြီးသေသဖြင့် ကေအိုင်အေ၏ သမိုင်းတစ်ဖြတ်တွင် အချင်းချင်း သတ်ခြင်းဖြင့် နိဂုံးချုပ်ခဲ့လေသည်။ (ဆက်ရန်..)
0 comments:
Post a Comment