Monday, December 03, 2012
0
from; oppositeye
ကျုပ်တို့ ငယ်တုန်းက ကြားဖူးတာတော့ ဘုန်းကြီးသရဲ၊ ဘုန်းကြီး တစ္ဆေပေါ့။ သေ ရင်လဲ ကောင်းကောင်း မသေ၊ သင်္ဃန်းလဲ မချွတ်နိုင်တော့ ဂါထာ ရွတ်လဲမရ၊ ဘုရား စာ ရွတ် လည်း မရမို့ ဘုန်းကြီး သရဲဆို ရိုးရိုး သရဲထက် ပိုကြောက်ကြ တယ်။ ခုကျတော့ ထောင်ကျ၊ ထမီ ရိပ်ခိုပြီး တာတောင် ဗိုလ်ကြီး ဗိုလ်ကြီးဟောင်း လုပ်နေတဲ့ စစ်သား သရဲ ဖြစ်နေ ပါပေါ့လား။

ငါလဲ တပ်မတော်မှာ တာဝန် ထမ်းဆောင် ဖူးသူ တစ်ယောက်ပဲ၊ မကြာသေး ခင်ကမှ ထွက်ထား တာ ဟုတ် စ။ မင်း မို့ ပြော ရက်လေခြင်း။ ၂၀၀၅ မှ တပ် ကထွက်၊ အမေ့ ထမီ ရိပ်မှာ ခိုလှုံပြီး သွေးလှူ သယောင် လုံခြုံရေးယောင်ယောင်နဲ့ မင်းလုပ်ခဲ့ချိန်မှာ ကျွန်တော် ဗိုလ်ကြီးဟောင်း ပါခင်ဗျ လို့ တစ်ခွန်းအော်ခဲ့ သ လား ။

အင်တာနက် ဆိုင်လေးဖွင့်၊ အငြိမ် မနေ တပ်မတော် အပုပ်ချတော့ ထောင် ကျပါရော။ ထောင် ထဲ လဲ ရောက် အင်း စိန်ထောင်ကြီးမှာ မင်း တစ်ယောက် ပဲ ချော်လဲပြီး ခါးနာ ရတယ်လို့။ 

ခေတ်တွေ ပြောင်းသွားပြီ ငမိုက်သားရဲ့။ အရင်လို ဆူပူယုံနဲ့ ဆုပေးတဲ့ ခေတ်မဟုတ်တော့ဘူး။ မင်းမ လဲ ကျောင်းသားတွေ လို ပညာမတတ် ဆူပူအောင် ဖန်တီးတာလည်း မဟုတ်။ နိုင်ငံရေး ဆိုပြန်တော့လည်း ဟုတ်တိ ပတ်တိ နားမလည်။ ရှေ့မရောက် နောက်မရောက် ဇော်ကန့်လန့် စစ်သားသရဲ ဖြစ်နေရှာပြီ။

ပါတီ ၀င်ဖြစ်နေယုံမက ထောင် ကျလို့ ထောင် ထွက်ပြီးတဲ့ နောက် ဒီဗိုလ်ကြီး ဆိုတာကို တော်တော် မက် မောေ နသလား။ မင်း status တစ်ခုမှာ တွေ့ဖူးပါရဲ့။ ကျွန်တော်က ကျွန်တော့်ကိုယ်ကျွန်တော် ဗိုလ်ကြီး လို့မ သုံးနှုံးပါဘူးဆိုပဲ။ စစ်တပ် နဲ့ရဲ ကျည်ဆံတစ်တောင့် ထွက်ဖို့ ဘယ်လောက် ခက်လဲဆိုတာ သိတဲ့ စစ်သား သရဲ မင်းကတော့ သေနတ်ပြောင်းဝရှေ့ ဖြတ်လျှောက်ပြီး သူရဲကောင်း လုပ်အုံး မှာပေါ့ ။ ပြည်သူ့ ၀န်ထမ်း ရဲတွေကို စော်ကားပြီး သူရဲကောင်း လုပ်ချင်သေးတယ်ပေါ့။

အထက်က တာဝန်အမိန့် အရလုပ်တာပါ ဆိုတော့  အမိန့်အရဆိုရင် ကိုယ့်အမေ ကိုယ်မုဒိန်ဒကျင့်ဆို ကျင့်မလား. မင်းမို့ ပြော ထွက်တယ်။ မင်းကို ဟိုက ရဲတစ်ပွင့် ပြောတော့ မိုက်ရိုင်းတယ် တဲ့လား။ တာဝန်ရှိသူက ဥပဒေအရလုပ်တာကို မင်းစစ်သားဟောင်း လုပ်ဖူးရင် မင်းနားလည်ရမှာပေါ့။ နားမလည်နိုင်ဘူး ဆိုရင်လဲ မင်းကို စစ်သားနာမည် သုံးပြီး အသုံးချခွင့် မပေးနိုင်ဘူး။ နောက် တစ်ခါ  အင်းစိန်ထောင်မှ ထပ်မချော်လဲစေနဲ့။ လောလောတယ် တာဝန်အရ လုပ်နေ သူတွေကို မထိ ခိုက်စေနဲ့။ အာရုံနောက်တဲ့ စစ်သားသရဲအတွက်  နောက်တစ်ခါ ပြန်တမ်း ထပ်ထုတ်ပေးလိုက်အုံးမယ်…

.........ကြည်း ၂၉၄၄၄ ဗိုလ်ကြီး နေမျိုးဇင် သင်သွားလိုရာ သွားနိုင်ပြီ..........

0 comments: