Wednesday, October 10, 2012
0
မောင်တောနယ်စပ်အတွင်း ထုတ်ပြန်ထားသည့် ညမထွက်ရ အမိန့် ပုဒ်မ (၁၄၄) အား ည(၁၀)နာရီမှ နံနက် (၄)နာရီထိ လျော့ချလိုက်ပြီဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှုး ရုံးမှ ယနေ့အောက်တိုဘာလ (၈) ရက်နေ့က ထုတ်ပြန်ကြေညာ သည်။

မောင်တော

နယ်စပ်အတွင်း ဖြစ်ပွါးခဲ့သည့် ဆူပူအကြမ်းဖက်မှုများမှာ ဇွန်လ (၈) ရက်နေ့မှ အောက်တိုဘာလ (၈) ရက်နေ့ထိ လေးလတာ ကာလကို ပြည့်မြောက် သွားပြီဖြစ်ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှုမှာ လည်း အထိုက်အလျှောက် ရရှိနေပြီဖြစ် ကြောင်း သိရသည်။

''ည(၁၀)နာရီကနေ နံနက်(၄)နာရီထိလျော့ပေးလိုက်တဲ့အတွက် ဝါကျွတ်ပွဲကို ဆင်နွဲဖို့ အချိန်အတော်လေး ရတယ်လို့ဆိုရမှာပေါ့။ ပြီးတော့ ဆောင်းတွင်းကို ရောက်လာပြီဖြစ်တဲ့ အတွက် နံနက်လမ်းထလျှောက်ဖို့အတွက် အဆင်ပြေပါတယ်။ ဒီလိုပဲ တဖြည်းဖြည်းနဲ့အချိန်လျော့ယူသွားမယ် လို့တော့ထင်တာပါပဲ။ ''ဟု မောင်တော ဒေသ ခံတစ်ဦးက သူ၏အမြင်ကိုပြောပြသည်။

ဇွန်လ (၈)ရက်နေ့ ဆူပူအကြမ်းဖက်မှုဖြစ်ပွါးချိန်က ပုဒ်မ(၁၄၄)ကို ညနေ(၆)နာရီမှ နံနက်(၆)နာရီမှ သတ်မှတ်ခဲ့ပြီး နှစ်လပြည့်မြောက်သည့် ဩဂုတ်လ(၈)ရက်နေ့ ဒုတိယအကြိမ် အမိန့်ထုတ်ပြန်ချိန်တွင် ညနေ(၇)နာရီမှ နံနက် (၄)နာရီသို့လျော့ ချပေးခဲ့သည်။ ယခုတတိအကြိမ်
အမိန့်ထုတ်ပြန်ရာတွင် ည(၁၀)နာရီမှနံနက်(၄)နာရီထိ လျော့ချ သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ(၁၄၄)ထုတ်ပြန်ထားသည့် မြို့နယ်များမှာ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ရမ်းဗြဲနှင့် ကျောက်တော်မြို့နယ် များဖြစ်ကြောင်း သိရသည်။

0 comments: