Wednesday, October 10, 2012
0
  
 နိုင်ငံတော်သမ္မတဦးသိန်းစိန်ကို ကျောင်းသူကျောင်းသားများကလှိုက်လှဲစွာကြိုဆို
တောင်ကိုရီးယားနိုင်ငံသို့ရောက်ရှိနေသော မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်တို့ အောက်တိုဘာ ၉ရက်ကတွေ့ဆုံဆွေးနွေးအပြီးတွင် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် သံတမန်ဆက်ဆံရေးများ တိုးမြှင့်ဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြကြောင်း ကိုးရီးယားဟာရက် သတင်းဌာနက ရေးသားလိုက်သည်။
ဆိုးလ်မြို့တွင်ခါင်းဆောင်နှစ်ဦးတွေ့ဆုံအပြီးရင်းနှီးမြှပ်နှံမှုများကာကွယ်ပေးရေး၊ကုန်သွယ်ရေး၊စွမ်းအင်၊အရင်း အမြစ်များနှင့်အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်ရေးတွင်ပူးပေါင်းဆောင်ရွက်ရေးများတွန်း အားပေးဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။
နှစ်ဘက်ဝန်ကြီးများသည် ဆိုးလ်၏ငွေကြေးအကူအညီပေးရေးနှင့် နေပြည်တော်တွင် အမျိုးသားသုတေသနဌာနတည်ထောင်ပေးရန် သဘောတူစာချွန်လွှာများလက်မှတ်ရေးထိုးခဲ့ကြကြောင်း လည်းသတင်းများတွင်ဖော်ပြထားသည်။
“မြန်မာသမ္မတဦးသိန်းစိန်က သူ့ရဲ့ မူဝါဒများနှင့်ရှေ့ရည်မှန်းချက်များကိုပြောပြရှင်းလင်းတဲ့အခါ သမ္မတအီမြောင်ဘတ်ကမြန်မာရဲ့လက်ရှိဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို အထူးချီးကျူးခဲ့ပါတယ်။ ပြီးတော့မြန်မာနိုင်ငံအမျိုးသားအဆင့်ဖွံ့ဖြိုးတိုးတက်ရေးနဲ့စီးပွားရေးတိုးတက်ရေးများဆက်လက်ဖြစ်ထွန်းရေးကို သမ္မတအီကဆုမွန်တောင်းပေးခဲ့ပါတယ်”ဟု တာင်ကိုရီးယားသမ္မတရုံးက တရားဝင်သတင်းထုတ်ပြန်သည်။
သမ္မတဦးသိန်းစိန်၏တောင်ကိုရီးယား၃ရက်တာခရီးတွင်သမ္မတသည်တောင်ကိုရီးယားစီးပွားရေး အသိုင်း အ၀န်းနှင့်တွေ့ဆုံခြင်း၊စက်မှုလုပ်ငန်းများလေ့လာခြင်း၊ရပ်ရွာခေါင်းဆောင်များအတွက်ဖွင့်လှစ်ပေးထားသော သင်တန်းကျောင်းသို့သွားရောက်လေ့လာခြင်းများပြုလုပ်သွားမည်ဟုသိရသည်။
သမ္မတဦးသိန်းစိန်သည်ကိုရီးယားကုန်သွယ်ရင်းနှီးမြှပ်နှံမှုတိုးမြှင့်ရေးအေဂျင်စီဥက္ကဋ္ဌအိုရောင်ဟိုနှင့် တွေ့ဆုံ ခဲ့ပြီးသမ္မတကြီးကမြန်မာနိုင်ငံနိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင်ကိုရီးယားကုမ္ပဏီများအနေဖြင့်အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊လျှပ်စစ်ဓါတ်အားပေးလုပ်ငန်း ၊လေယာဉ်ကွင်းတည်ဆောက်ရေးလုပ်ငန်းများနှင့် အခြားကဏ္ဍများတွင် ရင်းနှီးမြှပ်နှံကြရန်ဆော်သြခဲ့သည်။
မြန်မာနှင့်တောင်ကိုရီးယားတို့သည်၁၉၇၅ခုနှစ်တွင်သံတမန်ဆက်သွယ်ရေးထူထောင်ခဲ့ကြသည်။ သို့ရာတွင် ၁၉၈၃ခုနှစ်အာဇာနည်ဗိမာန်ဗုံးပေါက်ကွဲမှုကြောင့် တောင်ကိုရီးယား ၀န်ကြီးများအပါအ၀င် အရာရှိ၁၇ဦးသေဆုံးခဲ့ရအပြီးနှစ်နိုင်ငံဆက်ဆံရေးအေးစက်ခဲ့သည်။ ယခှုနှစ်မေလတွင်တောင်ကိုရီးယာားသမ္မတအီမြောက်ဘတ်မြန်မာနိုင်ငံနေပြည်တော်သို့ ချစ်ကြည်ရေး ခရီးလာရောက်အပြီး နှစ်နိုင်ငံဆက်ဆံရေးများပိုမိုတိုးတက်လာခဲ့ခြင်းဖြစ်သည်။




0 comments: