Wednesday, October 10, 2012
0
SSPP_02llloopoiutredရာဇသံ အမိန့်အတိုင်း ထပ်မံ ဆုတ်ပေးဖို့ ဦးသိန်းဇော်နှင့် ဦးဇော်မင်း ခေါင်းဆောင်သော အစိုးရ ငြိမ်းချမ်းရေး အဖွဲ့သည် ယနေ့ နံက်ပိုင်းတွင် ဗိုလ်မှူး စိုင်းလ ဦးဆောင်သော ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) မှ ကိုယ်စားလှယ် များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း လာရှိုးမြို့၌ တွေ့ဆုံ ဆွေးနွေး ခဲ့သည်ဟု SSPP ဗိုလ်မှူးကြီးဟောင်း တဦးက ပြောပါသည်။
“ ဒီနေ့ တွေ့ကြတယ်။ လာရှိုးမြို့မှာ အဓိက ကတော့ ရှမ်းရဲ့ နယ်စပ် ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူရဲ့ ရာဇသံ ကိစ္စပါဘဲ။ အသေးစိပ်တော့ မသိရသေးဘူး။ အခုလာတဲ့ ဦးသိန်းဇော်က အရင်ဇွန်လ ကတည်းက ရာဇသံ ပေးခဲ့ဘူးသူဗျ။ သူမေတ္တာ ရပ်ခံပါတယ်တဲ့ တပ်ဆုတ်ပေးပါ။ မဆုတ်ပေးဘူးဆိုလျှင် စစ်တပ် အင်အားနဲ့ လာတိုက်မယ် ဆိုတဲ့ စကားမျိုး ခြိမ်းချောက်ခဲ့တဲ့ လူတွေဘဲ ” ဟု ဆိုပါသည်။
ရှမ်းပြည်နယ်၊ နယ်စပ် ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူသည် ရှမ်းပြည်နယ် အလယ်ပိုင်း မိုင်းရှူးမြို့နယ်ရှိ တာ့ဆမ်းဖူး ကူးတို့ဆိပ် ပတ်ဝန်းကျင် နေရာအား အောက်တိုဘာ (၅) ရက်နေ့ နောက်ဆုံး ထားပြီး တပ်ဆုတ်ပေးရန် ရာဇသံ ပေးထား ခြင်း ဖြစ်ပါသည်

0 comments: