Monday, October 08, 2012
0

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် အရေးအခင်း ကာလ နေအိမ် အဆောက်အအုံနှင့် ဈေးများ မီးလောင်ဆုံးရှုံးမှုအတွက် လျော်ကြေးပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ ၃ ရက် မွန်းလွဲ ၁ နာရီတွင် မြန်မာ့အာမခံ လုပ်ငန်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။ အဆိုပါ လျော်ကြေးငွေ ပေးအပ်ပွဲသည် ဇွန်လ ၆ ရက်တွင် ဖြစ်ပွားခဲ့သော မသမာရှို့မီးကြောင့် ကူးစက်လောင်ကျွမ်းပြီး ဆုံးရှုံးမှုဖြစ်ပွားခဲ့သည့် ဈေးနှင့် အဆောက်အအုံများမှ အာမခံထားရှိသော “စက်ရုံစုဈေး”၏ ဆိုင်ခန်းများ အပါအ၀င် မြ၀တီဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်များမှ ချေးငွေရယူထားသော နေအိမ်များအတွက် စုစုပေါင်း ကျပ် ၅၇၉ ဒသမ ၁၀ သိန်းနှင့် ဇူလိုင် ၂၀ ရက် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ရန်ကုန်မြို့ ဒဂုံမြို့သစ် (တောင်ပိုင်း) မေခအင်ဒတ်စထရီ(စ်)လီမိတက် (တိရစ္ဆာန်အစာစက်ရုံ)၏ ကုန်ပစ္စည်းလျော်ကြေး ကျပ် ၃၄၆ ဒသမ ၅၅၇၉၃၆ သိန်း ပေးအပ်ပွဲ အခမ်းအနားတွင် မြန်မာ့အာမံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက အာမခံထားသူများသို့ စုစုပေါင်း လျော်ကြေးငွေကျပ် ၆၁၃ ဒသမ ၇၅၅၇၉၃၆ သိန်း ပေးအပ်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

0 comments: