မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပ ခရီးသည်သွားလာမှုပမာဏ တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာပြီး
၂၀၁၂ ခုနှစ်ကပြည်တွင်းပြည်ပခရီးသည်ဝင်ထွက်မှု၃သန်းနီးပါး(၂ဒသမ ၉၅ရာခိုင်နှုန်း)ရှိသဖြင့် တစ်နှစ် လျှင် ခရီးသည်ပမာဏပျမ်းမျှ ၂၃ ရာခိုင်နှုန်း တိုးတက်လာသည်ကို တွေ့ရကြောင်၊ ယင်းသို့ နှစ်စဉ်ခရီးသွား တိုးမြင့်လာပါက ၂၀၁၇ခုနှစ်တွင် ခရီးသည်ပမာဏ ၆သန်းအထိ ရှိလာမည်ဖြစ်ကြောင်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် တစ်နှစ်လျှင် ခရီးသည်ပမာဏ ၂ ဒသမ ၇ သန်းသာ လက် ခံနိုင်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း က ပြောကြားသည်။ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် တိုးတက်များပြားလာသောခရီး သည်အနေ အထားအရလည်းကောင်း၊မြေဧရိယာအကျယ်အဝန်း အရလည်းကောင်း အများဆုံးတိုးချဲ့နိုင်သည့် မြေဧ ရိယာ၊အများဆုံးခရီးသည် ကိုင်တွယ်ဖြေရှင်းနိုင်သော ပမာဏသည် တစ်နှစ်လျှင် ၆ သန်းအထိလက်ခံနိုင် မည်ဟု သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် မြေဧက ၁၀၀၀ ကျော် ရှိပြီး တစ်နှစ်လျှင် ခရီးသည်၆ သန်းကိုင်တွယ်ဖြေရှင်းနိုင်သည့် လေဆိပ်အဆင့်မြှင့်တင်တိုးချဲ့တည်ဆောက်ရန်ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များအားတင်ဒါခေါ်ယူပြီးအကြိုအရည်အချင်းစစ်ဆေးရာတွင်အောင်မြင်သည့်ကုမ္ပဏီ၁၁ ခု ရှိသော်လည်းကုမ္ပဏီခုနစ်ခုသာအချိန်မီလျှောက်လွှာတင်သွင်းခဲ့သည်။ယင်းကုမ္ပဏီများအနက် Pioneer Aerodrome Services ကုမ္ပဏီအားလည်းကောင်း၊ အရန်ကုမ္ပဏီအဖြစ် စင်ကာပူနိုင်ငံမှ Yongnam CAPE- JGC Consortiumအားလည်းကောင်းအပြီးသတ်ရွေးချယ်ခဲ့သည်။
လုပ်ကိုင်ခွင့်ရခဲ့သော Pioneer Aerodrome Services ကုမ္ပဏီနှင့် လေကြောင်းပို့ဆောင်ရေး
ညွှန်ကြားမှု ဦးစီးဌာနတို့အကြား ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်၍ လာမည့်သုံးလအတွင်း လုပ်ငန်းအကောင်အထည်ဖော် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး၂၀၁၅ခုနှစ်အတွင်းအပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်ဆွေထွန်းက ပြောကြားသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်တည်ဆောက်ခြင်း လုပ်ငန်းများ၊ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးတည်ဆောက်ခြင်းလုပ်ငန်းများပြီးစီးသွားပါကရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်အားBusiness Airwaysအဖြစ်အရေးပေါ်လာကြသည့်လေယာဉ်များ၊ အထွေထွေလုပ်ငန်းသုံးလေယာဉ်များ၊VIPလေယာဉ်များ၊စင်းလုံးငှားလေယာဉ်များ၊ပြည်တွင်းလေကြောင်း မှလေယာဉ်များဆင်းသက်မှုသာအသုံးပြုသွားမည်ဖြစ်သည့်အပြင်ရန်ကုန်မြို့လယ်တွင် Business ဆိုင်ရာလုပ်ငန်းများလည်း ဖန်တီးလုပ်ဆောင်မည်ဖြစ်ကြောင်းလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်စိုးကပြောကြားခဲ့ကြောင်းသိရှိရသည်။
kyaymon

0 comments:
Post a Comment