Monday, October 08, 2012
0
သမ္မတဦးသိန်းစိန်၏သီတင်းတစ်ပတ်ကြာအမေရိကန်ပြည်ထောင်စုခရီးစဉ်တွင်ကချင်ပြည်နယ်၌ ဖြစ်ပွား
နေသောစစ်ပွဲများအဆုံးသတ်နိုင်ရန်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းစက်တင်ဘာလ၂၈ရက်
နေ့က သတင်းထောက်များအား ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အထွေထွေညီလာခံတွင် သမ္မတကြီးဦးသိန်းစိန်ကစစ်ပွဲများမှသည် ငြိမ်းချမ်းရေးဆီသို့ ဟူသည့် စကားရပ်ကိုလည်းထည့်သွင်းပြောဆိုသွားခဲ့ရာယခုချိန်အထိရပ်တန့်နိုင်သေးခြင်းမရှိသည့်ကချင်ပြည်နယ်
တွင်းဖြစ်ပွားနေသည့်စစ်ပွဲများနှင့်ပတ်သက်ပြီးသမ္မတကြီးကဆက်လက်ကြိုးပမ်းသွားမည်ဟုပြောကြားခဲ့ခြင်း
ဖြစ်သည်။
ကချင်ပြည်နယ်အတွင်းရှိ လမ်း တံတားများ၊ လျှပ်စစ်တာဝါတိုင်များ ဖျက်ဆီးမှုသည် ထိုဒေသရှိ ပြည်သူများ အတွက် ဆုံးရှုံးမှုဖြစ်သကဲ့သို့ နိုင်ငံတော် ၏ ဆုံးရှုံးမှုလည်းဖြစ်သည်ဟု သမ္မတကြီး က ပြောကြားခဲ့သည်။
"စိတ်မကောင်းစရာ အကောင်းဆုံးက တော့ ဒီဒေသမှာရှိနေတဲ့ တိုင်းရင်းသား တွေ၊ အိုးအိမ်၊ အလုပ်အကိုင်တွေစွန့်ပစ်ပြီးလုံခြုံတဲ့နေရာလာပြီးခိုအောင်းနေရတယ်။ဒီဘက်ကတော့အစိုးရရဲ့လက်အောက်
နေရာတွေမှာကတော့သူတို့ကိုစနစ်တကျနဲ့စောင့်ကြည့်ပေးပါတယ်"ဟုဦးသိန်းစိန်က ပြောသည်။
"ကလေးတွေအတွက်လည်းကျန်းမာရေးတို့၊ပညာရေးတို့အတွက်လုပ်ပေးတယ်။ဒါပေမယ့်ကိုယ်နေခဲ့တဲ့ဒေသနဲ့ စာရင်တော့ ပြည့်ပြည့်စုံစုံရှိမှာမဟုတ် ဘူး။ ဒီအဖွဲ့တွေက အခုဆိုရင် တစ်နှစ် ကျော်တောင် ရှိသွားပြီ"ဟု ၎င်းက ပြော သည်။
ထိုသို့ တစ်နှစ်ကျော်ရှိပြီဖြစ်ခြင်းကြောင့် နေထိုင်စားသောက်ရေးကအစ ဆုံးရှုံးမှုတစ်ရပ်ဟုဆိုလိုက်ပြီး ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် အစိုးရ ဘက်မှ အပစ်အခတ် ရပ်စဲခိုင်းထားသည် ဟုလည်း ၎င်းက ပြောသည်။
"ဒီဘက်က အပစ်အခတ်ရပ်ဖို့ အမိန့်ထုတ်ထားသလို ခင်များတို့ဘက်ကလည်း အပစ်အခတ်ရပ်စဲဖို့ အမိန့်ထုတ်ပေးပါလို့ပြောထားတယ်။ထုတ်ပေးပြီးပြီဆိုရင်စားပွဲပေါ်မှာထိုင်ပြီး ဆွေးနွေးကြရ အောင်လို့
 ပြောခဲ့တယ်။ ခက်တာက ဒီလို သူတို့ဘက်က ပစ်တာ ခတ်တာကို တား ဆီးပေးတာက အောက်ခြေမှာ ဘယ် လောက်ပဲ တားထားပေမယ့် ရှိနေသေး တယ်" ဟု ဦးသိန်းစိန်က ပြောသည်။
စစ်တပ်ရိက္ခာအတွက် တင်ပို့ရာတွင် ပင် လမ်းတွင် မိုင်းထောင်ခြင်း၊ ပစ်ခတ်တိုက်ခတ်ခံရခြင်းများ ရှိနေဆဲဖြစ်ကြောင်းလည်း သမ္မတကြီးက ပြောကြားသည်။
"သူတို့ဘက်ကပစ်ခတ်မှုတွေရှိနေသေးတာကြောင့်အခုချိန်ထအပစ်အခတ်တွေရှိနေဆဲဖြစ်တာ ဖြစ်ပါတယ်" ဟု ဦးသိန်းစိန်က ပြောသည်။
ထို့ကြောင့် အစိုးရအနေဖြင့် စိတ်ရှည် သည်းခံကာ ကချင်တပ်မတော်နှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း၊အောင်မြင်မှုအတွက်၎င်းတို့ဘက်မှအပစ်အခတ်ရပ်စဲပါ့မည်ဟူသည့်အမိန့်ထုတ်ပြန်ပေး
လိုက်သည်နှင့် အောက်ခြေတွင် အဆင်ပြေစွာ လုပ်ကိုင် နိုင်မည်ဟု ဦးသိန်းစိန်က ဖြည့်စွက်ပြော ကြားသည်။
"အခုလည်း ညှိနှိုင်းနေဆဲပါပဲ။ ဒါဟာလည်း မကြာခင် အဆင်ပြေသွားမယ်လို့ ယုံကြည်ပါတယ်"ဟု ၎င်းကပြောသည်။
နှစ်ဘက်ဆုံးရှုံးမှုသည် နိုင်ငံတော်၏ ဆုံးရှုံးမှုသာဖြစ်သဖြင့် နစ်နာမှုများသာ ရှိမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။
အစိုးရတပ်များနှင့် ကချင်တပ်မတော် တို့အကြားဖြစ်ပွားနေသော အပစ်အခတ်များမှာ ယမန်နှစ် ဇူလိုင်လခန့်ကပင် စတင်ခဲ့သဖြင့် ယခုအခါ တစ်နှစ် ကျော်ကာလအတွင်း ရောက်ရှိနေပြီဖြစ်ကာ၊ ကချင်ပြည်နယ်အတွင်း စစ်ပြေး ဒုက္ခသည်ပေါင်း ကိုးသောင်းကျော် ရှိနေပြီဖြစ်သည်။

0 comments: