Thursday, October 11, 2012
0
ကင်ဆာရောဂါကို အမြစ်ဖြတ် ကုသနိုင်ရန် နည်းလမ်းများ ရှာဖွေမှုတွင် ယခုအခါ သံလိုက် စွမ်းအင်ကိုပါ အသုံးပြု စမ်းသပ်နေပြီ ဖြစ်သည်။ သံလိုက် စွမ်းအင်သည် ကင်ဆာနှင့် ဆက်နွယ်သော အကြိတ်များကို ကိုယ်တိုင် ပျက်စီးစေမည့် နည်းပညာသစ် လက်နက်ဆန်း ဖြစ်လာရန် သုတေသီများက မျှော်လင့်နေသည်။ တောင်ကိုရီးယား နိုင်ငံမှ ပညာရှင်များသည် သံလိုက်စက်ကွင်း ဖန်တီးပြီး ကင်ဆာဆဲလ်များကို ကိုယ်တိုင် ပြန်လည် ဖျက်ဆီးစေမည့် နည်းလမ်းအား လေ့လာလျှက် ရှိနေသည်။ သုတေသီများက အဆိုပါ နည်းလမ်းသစ်ကို သုတေသန ဓာတ်ခွဲခန်းတွင် အူကင်ဆာဆဲလ်များ ထည့်သွင်းပေးထားသည့် ငါးများ၌ လက်တွေ့ စမ်းသပ်ပြထားသည်။



လက်ရှိတွင် ပညာရှင်များ၏ ရှေ့ဆက်မည့် ခြေလှမ်းမှာ အခြားသော ကင်ဆာကြိတ်များကိုပါ သံလိုက်စွမ်းအင် နည်းပညာဖြင့် ဖျက်ဆီးနိုင်ရေး ဖြစ်လာသည်။ ထိုဖြစ်စဉ်တွင် ကင်ဆာရောဂါ သင့်နေသည့် ဆဲလ်များကို သံလိုက်စက်ကွင်းအတွက် ချုပ်ငြိမ်း ပျက်စီးသွားစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သံလိုက်စက်ကွင်း ကုထုံးအရ အလွန်တရာ သေးငယ်သော သံသတ္တု နာနိုမှုန်လေးများကို ကိုယ်ခံဇီဝဆဲလ်များတင် ကပ်ငြိစေပြီး ခန္ဓာကိုယ်၏ ရောဂါကာကွယ်မှု စနစ်တွင် ပေါင်းထည့်ပေးလိုက်သည်။

ထို့နောက်တွင်မူ အန္တရာယ် ပေးနိုင်သည့် ဆဲလ်နှင့် အခြားအရာဝတ္ထုများကို ထိတွေ့သိရှိလာချိန်တွင် သံမှုန်နာနိုဆဲလ်လေးများက ကင်ဆာကြိတ်များတွင် သွားရောက်ကပ်ငြိ ပူးပေါင်းသွားသည်။ ထိုအချိန်တွင် လျှပ်စစ်သံလိုက်စက်ကွင်း ဖြည့်စွက်ပေးလိုက်သည့်အခါ နာနိုမှုန်များနှင့် ကင်ဆာဆဲလ်များပါ အတူတကွ ပျောက်ကွယ်သွားမည် ဖြစ်သည်။ ယင်းသုတေသန ရလဒ်များနှင့် ပတ်သက်ပြီး Nature Materials ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားကြောင်းလည်း သိရှိရသည်။

0 comments: