
မင်းကိုနိုင်သမိုင်းအကျဉ်း
၁၉၈၈
ခုနှစ်ကာလက မင်းကိုနိုင်မှာ အသက် ၂၆ နှစ်အရွယ် သတ္တဗေဒ ကျောင်းသား တဦးသာ ဖြစ်ခဲ့။
၁၉၈၉
ခု မတ်လတွင်ဖမ်းဆီးခံ၍ ၁၆ နှစ် နီးပါးထိန်းသိမ်းထားခဲ့ပြီးနောက် ၂၀၀၅ ခုနှစ် နိုဝင်ဘာ
လတွင် ပြန်လွတ်လာခဲ့။
၂၀၀၇
စက်တင်ဘာနောက်ပိုင်း ထိန်းသိမ်းခံရကာ မကြာသေးမီက ပြန်လွတ်လာခဲ့။
နိုင်ငံမျိုးစုံမှ
အတိုက်အခံမှန်သမျှအား ပေးသော ဆုများစွာ ရရှိပြီးဖြစ်။
စစ်တက္ကသိုလ်ဘွဲ့ရ
ဗိုလ်ချုပ်ကြီးတွေကိုပဲ ဝေဖန်ချင်သလား။ နောက်လူတွေ အရည်အချင်း
မရှိဘူးလို့ပဲ ဆိုလို ချင်သလား။ စစ်တက္ကသိုလ်နဲ့ အရပ်ဘက် ဘွဲ့ရများအား တစ်ခုခုဖြစ်စေ ချင်လို့လား။ အရပ်ဘက် လူ့အဖွဲ့အစည်း ကြီးက
အားမကောင်းသေးဘူး ဆိုတော့ စစ်ဘက်လူ့အဖွဲ့အစည်းကြီးက အားကောင်းနေ တယ် လို့များ
ဆိုလိုသလား။ ကျောင်းသား ကလေးအတွေးနဲ့ မင်းကိုနိုင်ပြောစကား.
ပြင်ဦးလွင်စစ်တက္ကသိုလ်က ရတဲ့ ဘွဲ့ကပဲ
လူလုပ်လို့ ရတာလား.... တိုင်းပြည်ကြီးကို သူတို့ပဲ ထာဝရ
ထိန်းကျောင်းကိုင်တွယ်နိုင်သတဲ့လား... အရပ်သားတက္ကသိုလ်တွေက ထွက်တဲ့ ဘွဲရတွေက
ဘယ်တော့မှ တိုင်းပြည်ကို အုပ်ချုပ်ခွင့်မရတော့ဘူး လား... အရည်အချင်းမရှိဘူးလား.......
အရပ်ဘက်လူ့ အဖွဲ့အစည်းတွေ အား ကောင်းစေ ချင်တယ်ဆိုတာ အဲဒီအချက်တွေကြောင့်ပါ...........
အရပ်သားတွေ တကယ်အားကောင်းပြီဆိုရင် ယူနီဖောင်းဝတ် လက်နက်ကိုင်တွေကို မျက်နှာချင်းဆိုင် မျက်လုံးချင်းဆိုင်ပြီးတော့ ပြန်ကြည့်လို့ရတဲ့ ခေတ်မျိုးကို ကျွန်တော် လိုချင်ပါတယ်...
အရပ်သားတွေ တကယ်အားကောင်းပြီဆိုရင် ယူနီဖောင်းဝတ် လက်နက်ကိုင်တွေကို မျက်နှာချင်းဆိုင် မျက်လုံးချင်းဆိုင်ပြီးတော့ ပြန်ကြည့်လို့ရတဲ့ ခေတ်မျိုးကို ကျွန်တော် လိုချင်ပါတယ်...
ကျောင်းသားလည်းမဟုတ်၊ အဖွဲ့အစည်းလဲမဟုတ်၊
ကျောင်းသားဘ၀ပြီးတော့ ထောင်ကျ၊ ထောင်ထဲမှာ အနေကြာလေ
ဆုတွေများများ ရလေဆိုတော့ အစိုးရကို အကြံပေးနေသော အရှောင်ကောင်း၍
ခွင့်ပြုချက် မရဘဲ ဆူပူမှုဖြင့် ထပ်မံထိန်းသိမ်း မခံရသော
မင်းကိုနိုင်ပြောစကား
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်း
ရေးနေ့ဆန္ဒပြဖော်ထုတ်ခဲ့သူ အချို့အား အစိုးရမှ တရားစွဲဆိုခြင်းနှင့် ပတ်သက်၍ အုပ်ချုပ်သူများအနေ
ဖြင့် ဆန္ဒပြလှုပ်ရှားမှုတွေ ငြိမ်းချမ်း စွာပြီးဆုံးသွားပါက နားလည်ပေး သင့်၊
မကြာခင်ပါတီထောင်မည်၊
နိုင်ငံရေး လုပ်မည်ဆိုတော့ ကိုယ်စားလှယ်တွေ၊ ၀န်ကြီးတွေ အာရုံ နောက်လေ
မင်းကိုနိုင်တို့ ပြောအား ရှိလေ ဖြစ်စေဖို့ နေရာတကာ လှည့်၍
ပြောချင် ရာပြောခွင့် ပြုထား ချိန်တွင် လွှတ်တော် တွင်း မပါရ သဖြင့် ပြင်ပက
အော်နေသော မင်းကိုနိုင်ပြောစကား။
၈၈
မျိုးဆက်ကျောင်းသားကိုမင်းကိုနိုင်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ နှင့် ၀န်ကြီးများသည်
မိမိတို့ မရိုးသားလို့သာ မိမိတို့၏ ပိုင်ဆိုင်မှုကို ထုတ်မပြတာဖြစ်ကြောင်း ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ
အနေဖြင့်လည်း လျှိ့ဝှက်မဲခွဲဆုံးဖြတ်ရာတွင် ၎င်း ရှုံးနှိမ့်ခဲ့ရသည့် အတွက် ၎င်းတို့သည် လည်း
မရိုးသားကြောင်းယခုကဲ့သို့ပြောဆိုခဲ့သည်။
မဟုတ်မမှန်းတဇိုးလက်ဆောင်လဘ်လာဘတွေ
နဲ့
ငွေမည်းတွေ နဲ့ ချမ်းသာနေတဲ့ အစိုးရမျိုး မဟုတ်ဘူး လို့ပြောချင်တာ ဒါ
ရှင်းရှင်းလေး
အဲဒီလိုသန့်ရှင်းတဲ့ အစိုးရဖြစ်အောင် ကြိုးစားပါမယ့် ၀ိုင်းဝင်း တည့်မတ်ပေး
ကျပါလို့
သမ္မတက ကြွေးကျော်နေတဲ့ အချိန်မှာ လွှတ်တော်ထဲမှာ အစိုးရအဖွဲ့ဝင်တွေရဲ့
ပိုင်ဆိုင်မှုစာရင်းကိုကြေငြာကြမည်လို့
မဲခွဲဆုံးဖြတ်ကျတော့ ကိုယ်တော်မြတ်များက မထောက်ခံဘူး ၊ တကယ်နော်
လွှတ်တော်မှာ မဲခွဲတဲ့
အခါ ကျွန်တော် သဘောကတော့ ဗျောင်ခွဲဝေချင်တယ်။ မတ်တပ်ထရပ်တာမျိုး ၊
လျှို့ဝှက်မဲခွဲတယ်ဆိုတာ
ဒါမရိုးမသားကိစ္စကြီး အများစု ကန့်ကွက်လိုက်တယ် ဆိုတာ
မရိုးမသားဆက်လုပ်နေမယ်ဆိုတဲ့ အဓိပ္ပာယ်ကြီးဟာဘယ်နေမလည်း။ တကယ်ရိုးသားပြီး
အစစ်ဆေး ခံနိုင်တဲ့ ရဲရင့်တဲ့ပြည်သူ့ ဘက်တော်သား တွေဟာ
ဘယ်သူလဲဆိုတာ ကွဲပြားအောင် ဗျောင်ခွဲစေ ချင်တယ်။ ဒါမျိုးက ဗျောင်ခွဲ မှ
ကောင်းမှာ။တကယ်တော့
အမှီးအမောက် မတည့်တဲ့အခါ ဘယ်သတ္တ၀ါလည်းဆိုတာပြောရတာ တော်တော်လေးခက်ပါတယ်။
သူတို့က အမှန် တကယ် ရိုးသားတယ် ဆိုရင်
သူတို့ရဲ့ ပိုင်ဆိုင်မှုကို တင်ပြရဲရမှာပေါ့ ၊ သူတို့က မရိုးမသား လို့
ပြည်သူကိုချမပြရဲတာ´
0 comments:
Post a Comment