နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကပြည်သူ
များကလက်ခံလျှင် ဒေါ်အောင်ဆန်း
စုကြည်အား သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပါက သူ့အနေဖြင့်
လက်မခံနိုင်စရာမရှိဟု အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိစဉ်
ဘီဘီစီသတင်းဌာနသို့ စက်တင်ဘာလ ၂၉ ရက်နေ့က ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုသို့ ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက် ရန်
ရက်သတ္တပတစ်ပတ်ကြာ သွားရောက်ခဲ့သည့် သမ္မတဦးသိန်းစိန်၏ ခရီးစဉ်သည်
မြန်မာအစိုးရခေါင်းဆောင် တစ်ဦး၏ သမိုင်းဝင်ခရီးစဉ်တစ်ခုလည်း ဖြစ်သည်။
အဆိုပါခရီးစဉ်တွင် သမ္မတကြီးသည် အမေရိကန်ပြည်ထောင်စုရှိ အထင်ကရ
ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့သည်သာမက ကြိုတင်ရောက် ရှိနေခဲ့သည့် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်နှင့်ပါ တွေ့ဆုံခဲ့သည်။
ဦးသိန်းစိန်၏ ကုလသမဂ္ဂအထွေထွေ
ညီလာခံ၌ ပြောကြားခဲ့သည့် ပြည်တွင်း
ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့်
သဘောထားနှင့် လက်ရှိတွေ့ကြုံနေရ
သည့် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေသည့် သဘောထား များကိုလည်း
အများပြည်သူက လက်ခံ နိုင်သည်အထိ ချီးကျူးပြောဆိုခြင်းခံခဲ့ ရသည်။
၎င်း၏ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း ဘီဘီစီသတင်းဌာနနှင့် တွေ့ဆုံခဲ့သည့် မေးမြန်းခန်းတွင်
ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ရွေးချယ်တင် မြှောက်ပါက မိမိအနေဖြင့် လက်မခံနိုင်
စရာမရှိကြောင်း ပြောဆိုခဲ့မှုသည် ဦးသိန်းစိန်အနေဖြင့် လာမည့် ၂၀၁၅ခုနှစ်အတွက် မည်သည့် စီမံကိန်းမျိုး ချမှတ်
ထားသနည်းဆိုသည့် မေးခွန်းကို ထုတ်ရန် ရှိလာသည်။
သမ္မတကြီးက ဆက်လက်ပြောဆိုရာတွင်
အခြေခံဥပဒေပြင်ဆင်ရန်ဆိုသည်မှာ သူတစ်ဦး
တည်းနှင့်မပြီးသောကိစ္စဖြစ်သည်ဟု ဆိုခဲ့ခြင်းကြောင့် လွှတ်တော်နှင့် လက်ရှိတပ်မတော်၏
အခန်းကဏ္ဍသည် ဒေါ်အောင်ဆန်းစုကြည်
မြန်မာနိုင်ငံ၏ သမ္မတဖြစ်လာ နိုင်ဖွယ်ရှိခြင်း မရှိခြင်း၏သော့ချက် ဖြစ်နေကြောင်း ပြောဆိုလိုက်ခြင်းနှင့် အလားသဏ္ဌာန်တူနေသည်ဟု
လေ့လာသူများကဆိုသည်။
မြန်မာ့နိုင်ငံရေးတွင် အရပ်သား အစိုးရသစ်
အဖြစ် အသွင်ကူးပြောင်းလာသော်လည်း
တပ်မတော်၏ အခန်းကဏ္ဍသည် အရေးပါ
လှကြောင်း သမ္မတကြီးက ဆိုလိုဟန်ရှိနေသည်
ဟု လေ့လာသူများကဆိုသည်။
"ဦးသိန်းစိန်ပြောတာက ပထမသူပြောခဲ့တဲ့
သက်တမ်းတစ်ကြိမ်ပဲ တာဝန်ယူမယ်ဆိုတာ
ကို ပြန်စဉ်းစားမယ်လို့ ပြောတဲ့အတွက် သူ့အနေ
နဲ့ ကျန်းမာရေးကောင်းတယ်ဆိုရင် သမ္မတ
သက်တမ်း ထပ်ယူနိုင်ဖွယ်ရှိတယ်လို့လည်း
အကြမ်းဖျင်း သုံးသပ်လို့ရတယ်။ ၂၀၁၅ မှာ ဆက်
လုပ်ချင်တဲ့သဘော ရှိလာတယ်" ဟု မြန်မာ့ဓန
မဂ္ဂဇင်းနှင့် အိုးပင်းနယူးစ်ဂျာနယ် အယ်ဒီတာ
ချုပ် ဦးသီဟစောက သုံးသပ်သည်။
သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် ဒေါ်အောင်
ဆန်းစုကြည်ကို အဓိက ပြိုင်ဘက်ကောင်း
တစ်ဦးအဖြစ် ရှုမြင်ပုံရသည်ဟု သုံးသပ်မိပြီး မကြာမီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး
ရေးပါတီ၏ မဟာဗျူဟာများလည်း ပြောင်းလဲ
လာဖွယ်ရှိကြောင်း ၎င်းက သုံးသပ်ပြော
ဆိုသည်။
"သမ္မတကြီးရဲ့ နာမည်ရမှုအပေါ် မူတည်ပြီး ကြံ့ခိုင်ရေးပါတီရဲ့ ရွေးကောက်ပွဲဗျူဟာ ပြောင်း
လဲလာနိုင်တယ် လို့ထင်တယ်" ဟု ဦးသီဟစော
က ပြောသည်။
လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည်
လက်ရှိအာဏာရပါတီ ကြံ့ခိုင်ရေးနှင့် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့အတွက် အရေးပါ
သော အပြောင်းအလဲများကို ယူဆောင်လာမည့်
ပွဲလည်း ဖြစ်သည်။
ထို့ကြောင့် လက်ရှိတွင် ပြည်သူများအတွင်း
ရေပန်းအစားဆုံးပါတီဖြစ်သည့် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ကပင် အနိုင်ရမလား၊
သို့မဟုတ် လက်ရှိအာဏာရပါတီကသာ အနိုင်
ရမည်လားဆိုသည်မှာ မှန်းဆရခက်ခဲသည့် အနေအထားသို့ ရောက်ရှိလာသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ထူထောင်သူများထဲမှ တစ်ဦးအပါအ၀င် ဖြစ်သည့် ၀ါရင့်
နိုင်ငံရေးသမားကြီး ဦးဝင်းတင်က မြန်မာတိုင်း(မ်)သို့ ပြောဆိုခဲ့ရာတွင် ၂၀၁၅ ၌
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သာ အပြတ်
အနိုင်ရမည်ဟု မှန်းထားလို့မရနိုင်ဟု ဆိုခဲ့
သလို အခြေခံဥပဒေ မပြင်မချင်း ဒေါ်အောင်
ဆန်း စုကြည် သမ္မတဖြစ်မလာနိုင်ဟု ပြောဆိုခဲ့
သည်။
"အခြေခံဥပဒေအရဆိုရင် ဒေါ်အောင်
ဆန်းစုကြည် ဘယ်လိုမှ သမ္မတ ဖြစ်လာနိုင်စရာ
မရှိဘူး။ နိုင်ငံခြားသားဖြစ်နေတဲ့ သားနှစ်ဦး
ရှိတဲ့အတွက်ကို ဖြစ်မလာနိုင်တာ"ဟု ဦးဝင်းတင်
က ပြောကြားခဲ့သည်။
ထို့ကြောင့် ဦးသိန်းစိန်ပြောသကဲ့သို့ အခြေခံ
ဥပဒေသည်သာ အဓိကဖြစ်နေလေရာ ထို
၂၀၁၅ ခုနှစ်မတိုင်မီတွင် ထို ဥပဒေပြင်ဆင်
နိုင်ပါ့မည်လားဆိုသည်မှာ မေးခွန်းထုတ်စရာ
ဖြစ်လာသည်။
"အခြေခံဥပဒေကို ၂၀၁၅ မတိုင်ခင် ပြင်မှ
ပဲ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာနိုင်
မယ်။ ဒါပေမယ့် လွှတ်တော်မှာက ဥက္ကဋ္ဌ ဦးရွှေမန်း
သဘောတစ်ခု တည်းနဲ့လည်း
မရဘူး။ တပ်
မတော် ပါရမယ်
ဆိုတော့ ဒုတိယ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ကလည်း အဓိက
ဖြစ်နေတယ်"ဟု
ထိုင်းနိုင်ငံ အခြေ
စိုက် အလွတ် သတင်းထောက် တစ်ဦးဖြစ်သူ
ကိုဝေမိုးကလည်း သုံးသပ်သည်။
"ဦးသိန်းစိန် အင်တာဗျူးမှာလည်း ပါတယ်
လေ။ တပ်ကအရေးကြီးတယ်ဆိုတာ။ ဒီတော့
သူတို့လည်းတပ်ကိုစည်းရုံးသလို ဒေါ်အောင်
ဆန်းစုကြည်ကလည်း သူနည်းသူ့ဟန်နဲ့ စည်းရုံး
ဖို့လိုတာပေါ့"ဟု ၎င်းက ပြောသည်။
ထို့ကြောင့် အခြေခံဥပဒေပြင်ဆင်ရေးတွင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အခန်းကဏ္ဍ
မှာ များစွာအရေးကြီးလှကြောင်း သုံးသပ်
ပြောသည်။
ထို့ပြင် ယခု ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်း
စုကြည်တို့၏ တွေ့ဆုံမှုနောက် ကွယ်တွင်
အမေရိကန်နိုင်ငံ၏ အရေးပါပုံကိုလည်း ချန်ထား
လို့ မဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်းရှိ
သည်။
"အမေရိကန်ရဲ့ဖိအားကို လျှော့ချင်တာ
ကြောင့်လည်း လက်ရှိအစိုးရက ဒေါ်အောင်
ဆန်းစုကြည်နဲ့ အဆင်ပြေ အောင်လုပ်တာလည်း ပါတာပေါ့" ဟု ဦးသီဟစောက ပြောသည်။
"လက်ရှိ အမေရိကန်သံအမတ်ကြီး ဒဲရစ်
မစ်ချယ်ကလည်း ကာကွယ်ရေးဦးစီးချုပ်ကို
တွေ့ခဲ့တာရှိတော့ အမေရိကန်ရဲ့ သဘော
ထားကိုလည်း သိနိုင်ပါတယ်။ သူတို့က ဘယ်သူ
အရေးကြီးတယ်ဆိုတာ သိတယ်လေ"ဟု ကိုဝေမိုးက ပြောသည်။
ထိုသို့အပြောင်းအလဲတွင် ပြည်သူတစ်ဦး
အနေဖြင့် လက်ရှိအနေအထားအရ ဦးသိန်းစိန်
ကို သမ္မတအဖြစ် ဆက်လက်တာဝန်ထမ်း
ဆောင်စေလိုသူများလည်း ရှိသည်။
0 comments:
Post a Comment