
မြန်မာနိုင်ငံထိပ်တန်းခေါင်းဆောင်နှစ်ဦးဖြစ်သည့်သမ္မတဦးသိန်းစိန်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် တို့၏ သမိုင်းဝင် အမေရိကန်ခရီးစဉ်အတွင်း အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ်ချမှတ်ထား ရှိခဲ့သော စီးပွားရေး ပိတ်ဆို့မှုအား စက်တင်ဘာလ ၂၆ ရက်နေ့မှ စတင်ခါ တရားဝယ် ပယ်ဖျက်ပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် တို့၏ သမိုင်းဝင် အမေရိကန်ခရီးစဉ်အတွင်း အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ်ချမှတ်ထား ရှိခဲ့သော စီးပွားရေး ပိတ်ဆို့မှုအား စက်တင်ဘာလ ၂၆ ရက်နေ့မှ စတင်ခါ တရားဝယ် ပယ်ဖျက်ပေးခဲ့သည်။
သို့ရာတွင် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပို့ကုန်
လုပ်ငန်းရှင်များအနေဖြင့် အနောက် ဈေးကွက် (အမေရိကန် နှင့် ဥရောပ)
နိုင်ငံများသို့
ပြည်တွင်းထွက် ကုန်ပစ္စည်းများ တင်ပို့နိုင်ရန် အခြေခံအဆောက်အအုံများ၊
နည်းပညာ များနှင့် ကုန်အရောင်းအ၀ယ် ကုန်ကျစရိတ် (Transition cost) များ မြင့်မားနေခြင်းများကြောင့် အိမ်နီးချင်း နိုင်ငံများနှင့် ယှဉ် ပြိုင်နိုင်ရန် သော်လည်း ကောင်း၊ အရည်အသွေးပြည့်မီသည့်
ကုန်ပစ္စည်းများ တင်ပို့ရန် အခက်အခဲများ
ရှိနေသေးကြောင်း ပြည်တွင်းလုပ်ငန်းရှင်
များက ပြောသည်။
စီးပွားရေးပိတ်ဆို့မှုများ ရှိခဲ့သော ကြောင့် မြန်မာနိုင်ငံမှ
ပို့ကုန်များ အမေရိကန်နိုင်ငံသို့ တိုက်ရိုက်တင်ပို့မှု မရှိသော်လည်း
အခြားသော နိုင်ငံများမှ တစ်ဆင့် တင်ပို့ မှုများရှိနေပြီး တိုက်ရိုက်
တင်ပို့ရန် အခွင့်အရေးရရှိလာသော်လည်း အရည်အသွေးအဓိကထားသော
အမေရိကန်ဈေးကွက်အားတင်ပို့ရန် ခေတ်မီနည်းပညာနှင့် အရည် အသွေးမြင့်ပစ္စည်း(Value added) များကို ထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် အမေရိကန် ဈေးကွက်သို့ အဓိကတင်ပို့သော ကုန်
ပစ္စည်းများမှာ အ၀တ်အထည်ဖြစ်ပြီး အဆိုပါ အထည်ချုပ် လုပ်ငန်းမှရရှိသော
ပို့ကုန်ရငွေသည် အမေရိကန်ဈေးကွက်
သို့ တင်ပို့သော စုစုပေါင်းပို့ကုန်ရငွေ
၏ ၇၀ ရာခိုင်နှုန်းကျော်ရှိသည်ဟု သိရသည်။
"အမေရိကန်ဈေးကွက်ကို တင်ပို့ခွင့်ရရှိခြင်းက တကယ့်အခွင့်ရေးကောင်းပါပဲ။
စီးပွားရေးပိတ်ဆို့ခံရတဲ့ တစ်လျှောက်မှာ ကျွန်တော်တို့ အနေနဲ့
တခြားနိုင်ငံတွေကနေတစ်ဆင့် တင်ပို့နေပါတယ်။ ကျွန်တော်တို့အနေနဲ့ "Made in Myanmar" လို့တော့ ရေးလို့မရဘူးပေါ့" ဟု
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်ဝင်း ကပြောသည်။
အမေရိကန်အစိုးရအနေဖြင့် စီးပွားရေးပိတ်ဆို့မှု မရုပ်သိမ်းခင်ကပင် အိမ်နီးချင်း
နိုင်ငံအပါအ၀င် အမေရိကန် အထည်ချုပ်
လုပ်ငန်းရှင်များကပါ မြန်မာနိုင်ငံ၏အထည်ချုပ်
လုပ်ငန်းအား လာရောက်ကြည့်ရှု လေ့လာ
ခဲ့ကြသည်ဟုလည်း ၎င်းကပြောသည်။
ထိုင်း၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သည်
အမေရိကန်စီးပွားရေး ပိတ်ဆို့ထားသည့်
တစ်လျှောက်လုံး မြန်မာ့အထည်ချုပ်လုပ်ငန်း
၏ အဓိကဈေးကွက်များဖြစ်ခဲ့ပြီး ၎င်းတို့အနေဖြင့် မြန်မာ့နိုင်ငံ၏ ပို့ကုန်ဈေးကွက်
အလားအလာကောင်းများဖြစ်သည့် အခွန်သက်သာခွင့် စနစ်များဖြစ်သည့် Generalized
System for Preference (GSP) နှင့်
Everything But Arms (EBA) တို့ကြောင့် အာရှဖွံ့ဖြိုးပြီး နိုင်ငံကြီးများမှ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုများလည်း ရှိနေသည်။
"ဥရောပက အထည်အော်ဒါ မရှိသလောက်
ပါပဲ။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံအနေ
နဲ့ တခြား အိမ်နီးချင်းနိုင်ငံတွေ (ကမ္ဘောဒီးယား၊ လာအို၊ ဘင်္ဂလားဒေ့ရှ်) လို အခွန်သက်သာခွင့်
မရရှိထားလို့ပဲ ဖြစ်ပါတယ်။ ဥရောပနိုင်ငံက
မြန်မာနိုင်ငံကနေ အထည်အော်ဒါမှာမယ်ဆို
ပို့ကုန်တန်ဖိုးရဲ့ ၄၀ ရာခိုင်နှုန်းကနေ ၇၀
ရာခိုင်နှုန်းအထိ အခွန်ပေးရတယ်"ဟု ဒေါက်တာ အောင်ဝင်းက ပြောသည်။
လက်ရှိ အထည်ချုပ်လုပ်ငန်းမှာ လုပ်သား
ပေါင်းနှစ်သိန်းကျော်ဖြင့် လည်ပတ်နေပြီး
အမေရိကန်ဈေးကွက်ရရှိလာပါက အထည်
ချုပ်လုပ်ငန်းတိုးတက်လာပြီး အလုပ်အကိုင်
အခွင့်အလမ်းများ ပိုမိုရရှိနိုင်ကြောင်း၊ လက်ရှိ
တွင် မြန်မာ့ အထည်ချုပ်လုပ်ငန်းအနေဖြင့် နည်း
ပညာနှင့် ကျွမ်းကျင်လုပ်သား အခက်အခဲများ
ရှိကြောင်း ၎င်းကပြောပါသည်။
ကျန်ပို့ကုန်များမှာ သစ်အချောထည်များ၊
ကျောက်မျက်ရတနာများ၊ ပဲမျိုးစုံနှင့် ရေထွက်ကုန်ပစ္စည်းများ ဖြစ်သည်။
မြန်မာနိုင်ငံ အနေဖြင့် အမေရိကန်နိုင်ငံ
ဈေးကွက်သို့ ပဲမျိုးစုံတင်ပို့မှုအား မပြုလုပ်
နိုင်သော်လည်း အိန္ဒိယနိုင်ငံမှတစ်ဆင့်
ပဲခြမ်း၊ ပဲလုံးအသန့် အနေဖြင့် အမေရိကား
ဈေးကွက်သို့ ရောက်ရှိကြောင်း၊ အမေရိက
ဈေးကွက်သို့ တင်ပို့ရန်အတွက် နိုင်ငံတကာ
အစားအသောက် ကြီးကြပ်ရေးလက်မှတ်များ
ဖြစ်သည့် ISO (International Organization of Standards) များကို လိုအပ်သည်ဟု
မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့် နှမ်းကုန်သည်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုင်းဘဉာဏ်က
ပြောသည်။
"နိုင်ငံတကာ အသိအမှတ်ပြု စားသောက်ကုန် လက်မှတ်တွေလိုတယ်။ ပြီးတော့ ပဲကိုသန့်စင်နိုင်မယ့် (Value Added) တွေလုပ်နိုင်ဖို့
လိုတယ်။အိန္ဒိယက သူ့နိုင်ငံအတွက် လိုအပ်တဲ့ ပဲတန်ချိန် ၁၆ သန်းမှာ ၁၃ သန်းပဲ ထုတ်နိုင်တယ်။
ကျန်တဲ့သုံးသန်းကို ပြည်ပက တင်သွင်းတယ်။
တင်သွင်းလို့ ပိုလျှံတဲ့ပဲကို ပဲခြမ်းကွဲအသန့်အနေ
နဲ့ Value Added ပြန်လုပ်ပြီး အနောက်
ဈေးကွက်ကို ပြန်ပို့တယ်။ ကျွန်တော်တို့အနေနဲ့
လည်း အဲလိုမျိုး တန်ဖိုးမြင့် ပို့ကုန်တင်ပို့နိုင်ဖို့
ကြိုးစားမယ်။ အခြေခံပဲသန့်စင် စက်တွေရှိတယ်။
လုပ်နိုင်ဖို့ပဲ လိုပါတယ်"ဟု ၎င်းကပြောသည်။
လတ်တလောအနေဖြင့် မြန်မာ့ပဲမျိုးစုံကို
အိန္ဒိယအပြင် တရုတ်နိုင်ငံအတွင်းသို့ နယ်စပ်မှ
တင်သွင်းလျက်ရှိပြီး အဆိုပါ မသန့်စင်ရသေး
သော ပဲများအား တရုတ်နယ်စပ် ရွှေလီ
တွင် သန့်စင်ပြီးမှသာ တရုတ်ပြည်တွင်းသို့
တင်သွင်းကြောင်းလည်း ၎င်းကပြောသည်။
"ပဲစိုက်တဲ့အခါမှာသုံးတဲ့ အထွက်တိုးဆေး၊
ပိုးသတ်ဆေး၊ ဒါတွေကိုလည်း ပြောင်းလဲဖို့
လိုတယ်။ အမေရိကန်ဈေးကွက်က ဓာတုဗေဒ
ပါဝင်မှုကိုလည်း အရမ်းဂရုစိုက်တယ်"ဟု ဦးစိုင်း
ဘဉာဏ်က ပြောသည်။
ငါးလုပ်ငန်းအနေဖြင့်လည်း ရေထွက် ကုန်
များကို အမေရိကန်နိုင်ငံသို့ ကြားခံနိုင်ငံများမှ တစ်ဆင့် တင်ပို့မှုများရှိနေသော်လည်း တိုက်ရိုက် တင်ပို့နိုင်ရေးအတွက်ကိုမူ အခက်
အခဲရှိနိုင်မည်ဖြစ်သည်ဟု သိရသည်။
"အမေရိကန်ဈေးကွက်ကို တင်ပို့ခွင့်ရမယ်
ဆို ကျွန်တော်တို့ ငါးလုပ်ငန်းအနေနဲ့ အင်အား
တစ်ခု ဖြစ်စေပါတယ်။ လက်ရှိလည်း အမေရိကန်
ဈေးကွက်ကို တိုက်ရိုက်မဟုတ်ပေမယ့် စင်ကာပူ
လို နိုင်ငံတွေကတစ်ဆင့် တင်ပို့တာတွေလည်း
ရှိပါတယ်။ အမေရိကန် ဈေးကွက်က အစား
အသောက်ကို အရမ်းစိစစ်တော့ လောလော
ဆယ်ဆယ်တော့ မပို့နိုင်သေးပါဘူး။ အမေရိကန်ဈေးကွက်ရဲ့ လိုအပ်ချက်ကို နားလည်အောင်
ကြိုးစားဖို့ လိုပါသေးတယ်" မြန်မာနိုင်ငံ
ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး
ဦးဝင်းကြိုင်က ပြောသည်။
လတ်တလောတွင် ရေထွက်ကုန်များကို
အဓိကအားဖြင့် ဂျပန်၊ မလေးရှား၊ ဥရောပ
နှင့် အာရှနိုင်ငံများဖြစ်ပြီး အမေရိကန်ဈေးကွက်
အကြိုက်ဖြစ်သော တီလားပီးယား၊ ပုစွန်နှင့်
ငါးတန်တို့တွင် တရုတ်မှ တီလားပီးယား၊
ဂျပန်မှ ငါးတန်ငါးများအား ဈေးနှုန်း သက်သာ
စွာဖြင့် အမေရိကန်ဈေးကွက်သို့ တင်ပို့လျက်ရှိ
သည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအနေဖြင့်
ပုစွန်နှင့် ငါးမြစ်ချင်းငါးများ တင်ပို့နိုင်လိမ့်မည်
ဟု မျှော်လင့်ကြောင်း ၎င်းက ပြောသည်။
0 comments:
Post a Comment