တောင်ကိုရီးယားသမ္မတလီမြောင်ဘတ်ကကမ္ဘာပေါ်တွင်မည်သည့်တိုင်းပြည်မှကမ္ဘာလုံးဆိုင်ရာဒီမိုကရေစီ လှုပ်ရှားမှု ဖြစ်ပေါ်လာသည်ကို
ငြင်းဆန်၍မရကြောင်း၊ ဒီမိုကရေစီ လှုပ်ရှားမှုများသည် မြောက်အာဖရိက၊
အရှေ့အလယ်ပိုင်းနှင့် မြန်မာတို့မှ အာဏာရှင် အစိုးရများ ကို ဖြုတ်ချပြီး အပြောင်းအလဲများနှင့်ပွင့်လင်းမှု တို့ကို ဖော်ဆာင်ရန် တွန်းအားပေးနေကြောင်း ပြောကြားလိုက်သည်။
ဆိုးလ်မြို့တော်တွင်ကိုရီးယားစစ်မှုထမ်းဟောင်းများအသင်း၌နေ့လယ်စာစားပွဲကျင်းပရာတွင် သမ္မတ လီမြောင်ဘတ် ကထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက “အပြောင်းအလဲလေထုကို ခုခံနိုင်ဖွယ် မရှိပါဘူး။ ဆီးရီးယားနဲ့မြန်မာမှာဖြစ်ပြီးနောက်ဒီမှာလည်းအပြောင်းအလဲ ရောက်လုနီးပါးပါပဲ”ဟု ပြောကြားခဲ့ပြီး
မြောက် ကိုရီးယားသည် ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီစနစ်မှ
ခြွင်းချက်မဖြစ်နိုင်ကြောင်း ရည်ညွှန်းပြောဆိုသည်။ သမ္မတလီသည်ပြီးခဲ့သည့်မေလကမြန်မာနိုင်ငံသို့အလည်အပတ်ရောက်ရှိစဉ်သမ္မတဦးသိန်းစိန်အား
ပြင်ပ ကမ္ဘာသို့ နိုင်ငံ၏တံခါးများ ဖွင့်ပေးခြင်း အကျိုးကျေးဇူးများကို
မြောက်ကိုရီးယားအား အကြံဉာဏ်ပေး နားချရန်တိုက်တွန်းခဲ့ကြောင်း၊မြောက်ကိုရီးယားကိုမြန်မာနိုင်ငံကဲ့သို့လုပ်ဆောင်ရန် ဖျောင်းဖျပေးရန်
ပြော ကြားခဲ့ကြောင်း ဆိုသည်။
သမ္မတလီသည်“မြန်မာဟာမကြာသေးမီကပဲပွင့်လင်းလာခဲ့တယ်။ဒါဟာကျွန်တော်တို့နိုင်ငံအတွက် သာမက ဘူး။
အခြားနိုင်ငံတွေ အများကြီးအတွက်လည်း ဖြစ်ပါတယ်။ ဂျပန်၊ တရုတ်၊ အမေရိကန်
အပါအ၀င်ပေါ့။ အားလုံးဟာမြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်နေပါပြီ”ဟုမြန်မာနိုင်ငံကို ဥပမာပေး ၍ မြောက်ကိုရီးယား လည်း ပွင့်လင်းပါက
အကျိုးရှိနိုင်ကြောင်း ဆိုခဲ့သည်။
မြန်မာနိုင်ငံသမ္မတ
ဦးသိန်းစိန်သည် ဆိုးလ်မြို့တော်သို့ ယခုအခါ သုံးရက်ကြာခရီး အလည်အပတ်
ရောက်ရှိနေပြီး အောက်တိုဘာ ၉ ရက် အင်္ဂါနေ့တွင် လီမြောင်ဘတ်နှင့်
ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်သည်။
0 comments:
Post a Comment