ရုရှားနိုင်ငံတွင် စစ်လက်နက်
စမ်းသပ်သည့် နေရာ၌ ပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့သည်။ အင်္ဂါနေ့က
မော်စကိုမြို့တော်မှ တောင်ဘက် ကီလိုမီတာ (၁၅၀၀)မျှ ကွာဝေးသော
ရုရှားနိုင်ငံအလယ်ပိုင်းရှိ
အိုရီဘာ့ဂ် ဒေသတွင် ပေါက်ကွဲမှုများ ပေါ်ပေါက်ခဲ့ခြင်းဟု သတင်းများက
ဖော်ပြခဲ့သည်။ ဒေသတွင်းရှိ အရေးပေါ် အခြေအနေ ကွပ်ကဲရေး ဌာနက မိမိတို့သည်
ပေါက်ကွဲမှုများနှင့် စပ်လျဉ်းသည့် အသေအပျောက်နှင့် ထိခိုက်မှု သတင်းကို
မရရှိသေးကြောင်း ဆိုသည်။ ဒေသအုပ်ချုပ်ရေးမှူး ယူရီဘာ့ဂ်ကမူ ပေါက်ကွဲမှုနှင့်
ပတ်သက်ပြီး စုံစမ်းမှုများ စတင်နေပြီဟု ပြောကြားထားသည်။ အရေးပေါ် အခြေအနေ
စီမံကွပ်ကဲရေး ဝန်ကြီးဌာနက ပေါက်ကွဲမှု ဖြစ်ပွားရာသို့ မီးသတ်ကားနှင့်
အရေးပေါ် လူနာတင် ကားများ အလျင်အမြန် စေလွှတ်ထားကြောင်း ကြေညာထားသည်။

0 comments:
Post a Comment