အိမ်ဖြူတော်မှငွေကြေးအမြောက်အများအသုံးပြုခဲ့ပါတယ်။
ပုံမှာမြင်တွေ့ရတဲ့အတိုင်းအမေရိကန်သမ္မတတစ်ဦးအတွက်ထောက်ပံ့ပေးထားတဲ့ကားကတော့ဂျိမ်းစဘွန်းကား ထက်တောင်သာတယ်လို့ဂုဏ်တင်ပြောဆိုကြပါတယ်။
ဆီတိုင်ကီ
ကျည်မဖောက်၊ရေမြှုပ်ဖြင့်အလွှာထပ်ထားပြီး၊တိုက်ရိုက်ခိုက်မှုနှင့်ဖောက်ခွဲမှုဒဏ်ကိုခံနိုင်ရည်ရှိပါတယ်။
ကားနောက်ဖုံး
အောက်စီဂျင်သက်ကယ်ဗုးနဲ့၊မီးငြိမ်းသက်ရေးစနစ်တို့ပါဝင်ပါတယ်။
အတွင်းခန်း
လူလေးဦးထိုင်အတွင်းခန်းဖြစ်ပြီး၊သမ္မတထိုင်ဆိုဖာခုံကိုလိုသလိုရွှေ့ပြောင်းနိုင်။ဆိုဖာခုံတွင်ဂြိုလ်တုဖုန်းတပ်ဆင်

ထား၊ပြီးဒုတိယသမ္မနှင့်ပင်တဂွန်စစ်ဌာနချုပ်သို့ဆက်သွယ်ရန်တိုက်ရိုက်ဖုန်းလိုင်းတစ်ခုပါရှိ။
တံခါးပေါက်
ရှစ်လက်မထူသောကျည်ကာတံခါး၊နှင့်လေယာဉ်ဘိုးအင်း၇၅၇တွင်အသုံးပြုသောသတ္တုအမျိုးအစား
ယာဉ်မောင်း
အမေရိကန်လျှို့ဝှက်အေဂျင်စီမှအထူးလေ့ကျင့်သင်ကြားပေးထားသောယာဉ်မောင်း
ကားရှေ့မှန်
အားပြင်းသေနတ်ကျည်ဆန်များမထိုးဖောက်နိုင်၊အရေးကြီးစကားပြောရန်သုံးလက်မခန့်သာဖွင့်နိုင်။
ယာဉ်မောင်းရှေ့ခန်း
Dashboard တွင်ဆက်သွယ်ရေးဌာနချိတ်ဆက်မှုနှင့်ဂျီပီအက်စ်လမ်းကြောင်း ရှာဖွေရေးစနစ်တို့ပါဝင်
ကာကွယ်ရေးပစ္စည်းများ
ညဖက်မြင်ကင်မရာ၊ပစ်စတိုသေနတ်၊မျက်ရည်ယိုဗုံး၊သမ္မတအတွက်အရေးပေါ်အသက်ကယ်သွေးအိတ်၊
ကားအောက်ခြေ
ဗုံးပေါက်ကွဲမှုဒဏ်ကိုခံနိုင်သောအဆင့်မြင့်စတီးတပ်ဆင်ထား။
တာယာ
စတီးကွင်းအောက်ခြေခံ၊ကျည်နှင့်သံဆူးများမဖောက်နိုင်သော Kevlar

ဓာတုဖြင့်ပြုလုပ်ထားသော Run-flat တာယာအမျိုးအစား။
ဈေးနှုန်း
ဗြိတိန်ပေါင်တစ်သန်းနှင့်အထက်
အရှည်။ ။ ၁၈ပေ
အမြင့် ။ ။ ၅ ပေ၁၀လက်မ
အလေးချိန်။ ။ ၈ တန်
အင်ဂျင်။ ။ ၆.၅လီတာ၊ဒီဇယ်
အမြင့်ဆုံးပြေးနှုန်း။ ။ တစ်နာရီမိုင်၆၀
ဆီစားနှုန်း။ ။ 8mpg
ထိုင်ခုံ ။ ။ ၇ ဦး
လက်ရှိအချိန်ကမ္ဘာလုံခြုံရေးအဆင့်အမြင့်ဆုံးလို့သတ်မှတ်ထားတဲ့အမေရိကန်သမ္မတအိုဘားမားသုံးကားကို ၂၀၀၉ခုနှစ်ကလူစိတ်ဝင်စားမှုများပြားခဲ့ပါတယ်။နှစ်တွေပြောင်းလဲလာတာနဲ့အမျှနည်းပညာပေါင်းစပ်မှုပိုမိုမြင့်တင် ထားပြီးယခင်ကဖော်ပြထားတာထက်လျှို့ဝှက်နည်းပညာတွေပါဝင်နေအုံးမယ်လို့နည်းပညာရှင်များကဆိုပါတယ်။

0 comments:
Post a Comment