အောက်တိုဘာ (၉) ရက်တွင် အစိုးရတပ်များ ခံစစ်ယူထားသော ဒေါ့ဖုန်းယန်မှ ၅ မိုင်ခန့်အကွာရှိ လွယ်ဂျေဘွမ် စခန်းအား
KIA တပ်မဟာ(၅) တပ်ရင်း (၂၄) မှ ၀င်ရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း
သိရသည်။
အဆိုပါ စခန်းတွင်
အစိုးရတပ်ရင်းတစ်ရင်းမှ
ခံစစ်ယူထားစဉ် KIA တပ်များမှ နေ့လည် (၁) နာရီခွဲခန့်မှ
စတင် ထိုးစစ်ဆင်ခဲ့ရာ
အစိုးရတပ်၏ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုကြောင့် KIA တပ်များ
အကျအဆုံးများ စွာဖြင့် ညနေ(၃) နာရီခန့်တွင် ပြန်ဆုတ် သွားကြောင်း သိရပါသည်။
“
အရင်တုန်းက အဲ့ဒီစခန်းမှာ ဗမာစစ်သား အယောက်(၂၀)ကျော်နဲ့ စခန်းတည်ထားတာ၊ ခု
အချိန်ဆိုတော့ တပ်ရင်း တစ်ရင်းကျော်လောက်ရှိမယ်ထင်တယ်။ အဲဒါကို
KIA က အရင်လိုဘဲထင်လို့လား မသိဘူး၊ သွားတိုက်တာ၊ စပစ်ကြကတည်းက ဗမာတပ်တွေရဲ့
ကတုတ်ကျင်းတွေထဲကနေ ဘာသေနတ်တွေနဲ့လဲ မသိဘူး၊ ပြန်ပစ် လိုက်တာ၊ KIA တွေ
ပြန်လန်ကျတာ မြင်လို့တောင်မကောင်းဘူး၊ KIA ကတော့ အပိုင် ဆိုပြီး သွားတိုက်တာ
ဟိုကကျင်းထဲ
ကနေအပိုင်ပြန်ပစ်လိုက်တာ၊ နောက်ဆုံး KIA တွေ အလောင်းတောင်
ပြန်မကောက်နိုင်ဘူး။ ပြန်ဆုတ်သွားကြတယ်”
ဟု ဒေသခံတောင်ယာ လုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။
အဆိုပါတိုက်ပွဲတွင်
KIA မှ အယောက် ၂၀ ခန့် ကျမည်ဟု ၎င်းဒေသခံ ဦးလဒွန်ဂွမ်က ခန့်မှန်းပြောဆို သွားပါတယ်။
သဘောကောင်းတယ် လက်သီးပြင်းတယ်..ငြိမ်းချမ်းရေးကိုလိုတယ်..လိုအပ်ရင်တော့ အသေသတ်တယ်
0 comments:
Post a Comment