Thursday, October 11, 2012
0
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် အားကစားသမား (၁၅၀၀)ခန့်ကို စခန်းသွင်း လေ့ကျင့်လျက်ရှိရာ ပြိုင်ပွဲမတိုင်မီနှင့် ပြိုင်ပွဲကာလအတွင်း အားကစားအဖွဲ့ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများ၊ ပြိုင်ပွဲကျင်းပရေးကောက်မတီများ၊ အထောက်အကူပြု ၀န်ထမ်းများ၊ ဆက်ဆံရေး/ လုပ်အားပေး လူငယ်များ အသုံးပြုရန်လိုအပ်သည့် အားကစားလေ့ကျင့်ရေးနှင့် ပြိုင်ပွဲဝင် ၀တ်စုံအမျိုးမျိုး၊ အားကစားနည်းအလိုက် လေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံး အားကစားအထောက်အကူ ပစ္စည်းအမျိုးမျိုး၊ ပြိုင်ပွဲအထိမ်းအမှတ် ၀တ်စုံအမျိုးမျိုး (ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ အထောက်အကူပြုဝန်ထမ်များ၊ ဆက်ဆံရေး/လုပ်အားပေး လူငယ်များအသုံးပြုရန်)၊ သောက်ရေသန့်နှင့် အချိုရည်အမျိုးမျိုး၊ ကော်ဖီမစ်၊ တီးမစ်နှင့် ကွေကာ၊ အခြားစားသောက်ဖွယ် အမျိုးမျိုးတို့ကို Sponsor နှင့် Agent အဖြစ် ဆောင်ရွက်လိုသူများကို ဖိတ်ခေါ်လျက်ရှိသည်။ အထက်ပါပစ္စည်းများကို Sponsor အဖြစ် ဆောင်ရွက်လိုသည့် လုပ်ငန်း/ကုမ္ပဏီများ၏ ကြော်ငြာများကို (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် သက်ဆိုင်ည့် နေရာများတွင် ကြော်ငြာခွင့်ပြုသွားမည်ဖြစ်ရာ Sponsor အဖြစ်ရွေးချယ်သတ်မှတ်သည့် အချိန်မှစ၍ ထောက်ပံ့လိုသည့် ပစ္စည်းအမျိုးအစား၊ အရေအတွက်နှင့် ကြော်ငြာရယူလိုသည့် ကိစ္စများကို ရှင်းလင်းပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍ ၂၆-၁၀-၂၀၁၂ ရက် ၉း ၃၀ နာရီ မှ ၁၂း၀၀ နာရီအတွင်း အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁)၊ နေပြည်တော်ရှိ တင်ဒါအဖွဲ့ဝင်များ ရှေ့မှောက်၌ အိတ်ဖွင့်တင်ဒါများ လာရောက်ပေးသွင်းရမည်ဖြစ်သည်။ အိတ်ဖွင့်တင်ဒါပုံစံများကို ၉-၁၀-၂၀၁၂ ရက်မှ ၂၂-၁၀-၂၀၁၂ ရက်အထိ နေ့စဉ် ၉း ၃၀ နာရီ မှ ၁၆း၀၀ နာရီအတွင်း အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁)၊ နေပြည်တော်တွင် လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို Sports Marketing Committee ရုံးအမှတ်(၃၁)၊ နေပြည်တော်တွင်၊ ဖုန်း- ၀၆၇- ၄၀၆၀၂၉၊ ၄၀၆၀၃၉ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

0 comments: