Friday, November 23, 2012
0

မင်းတို့ ပြောတဲ့ စစ်ခွေး ခေါင်းထဲမှာ အမိန့်  ၁ ခုပဲရှိတယ်ဟုတ်လား....
အထက်က အမိန်းပေးရင်၊ ..ရူးတိုက်တိုင်း မဲမဲ မြင် ကိုက်တက်တယ် ဟုတ်လား....
စစ်ခွေးတွေရဲ့ ဖြစ်ရပ်ကိုလဲ လာကြည့်ဦး....
တာဝန် ၁ ခု ကို ထမ်းဆောင်နေလို့ မိဘ ဇာပနာ မသွားနိုင်ခဲ့ကြဘူး....
တာဝန် ၁ ခု ကို ထမ်းဆောင်နေလို့ ကိုယ့်မျိုးဆက်ကို မွေးထုတ်ပေးနေတဲ့ ကိုယ့်ဇနီးသည်ရဲ့လက်ကို ကိုင်ပီး အားမပေးနိုင်ခဲ့ကြဘူး...
တာဝန် ၁ ခု ကို ထမ်းဆောင်နေလို့  ကိုယ့်သားသမီး ရင်ပြု ၊ နားသ ၊ ဆံချမှာ သဘတ်မကိုင်နိုင် ခဲ့ကြဘူး....
တာဝန် ၁ ခု ကို ထမ်းဆောင်နေလို့ မိသားစု အရေး အလေး မပေးနိုင်ခဲ့ကြဘူး....
တာဝန် ၁ ခု ကို ထမ်းဆောင်နေရင်း မိသားစု နွေးထွေးမူ့ မပေးနိုင်ခဲ့လို့  အိမ်ထောင်ရေး ပြိုပျက်ခဲ့ကြဘူး တယ်.....
တာဝန် ၁ ခု ကို ထမ်းဆောင်နေရလို့  ကိုယ် အသည်းနစ်အောင် ချစ်တဲ့ မိန်းမပျိုနဲ့ မပေါင်းသင်း နိုင်ခဲ့ကြ ဘူး.. ...
တာဝန် ၁ ခု ကို ထမ်းဆောင်ရင်းနဲ့  လူသားတိုင်းလို လမ်းမရှောက်နိုင်ကြတော့ဘူး......
တာဝန် ၁ ခု ကို ထမ်းဆောင်ရင်းနဲ့  ကိုယ်ကြောင့် ကိုယ်ချစ်ရတဲ့ သူ ၊ ကိုယ့်ကို ချစ်တဲ့သူကျတဲ့ မျက်ရည် ကို မသုတ်ပေးနိုင်ခဲ့ကြဘူး...
တာဝန် ၁ ခု ကို ထမ်းဆောင်နေရလို့ ချိုးဖို့ ရေမပြောနဲ့ ၊ သောက်ဖို့ ရေတောင် မရှိခဲ့ကြဘူး.....
လူ သတ် လက်နက် ၊ အိမ် က မယားထက်တောင် ပိုပီး ချစ်ခဲ့ကြရတယ်.....
အမျိုး ဂုဏ် ၊ သာသနာ ဂုဏ်ကို စောင့်ရှောက်ရင်းနဲ့ အပယ်ငရဲ မကြောက်ပဲ နဲ့ အသက်ဇ၀ိန်ခြွေကျရတယ် ၊ " ရဲသော် မသေ ၊ သေသော် ငရဲမလား " ထာဝစဉ် ရင်မှာထားခဲ့ကျရတယ်....
အသက် အရွယ် မလိုက် ဆံမဲ ဇာပနာ ၊ ဆံဖြူ လိုက်ပို့ ခဲ့ကြရတယ်....
အဝေးကို ပျံသန်းချိန်မှာ ကိုယ့်ကို ချစ်တဲ့ သူတွေကို အပူလှိုင်းတွေ သာ ရိုက်ခတ်ခဲ့ကြတယ်....
တာဝန်ချိန် ပီးလို့ မိသားစု အရေး ၊ အတွေး နဲ့ ချာချာလည်ခဲ့ကြတယ်......
မင်းတို့ ပြောနေတဲ့ စစ်ခွေး ဘ၀ ကို စာနာ ဖို့ မပြောဘူး ၊ နားလည်အောင် သိအောင်ပဲ ငါ ပြောတာ ၊ စစ်ခွေးနေရာမှာ မင်းဆိုရင်ရော... ?

မင်းတို့ အော်နေတဲ့ စစ်ခွေးတွေပိုင်ဆိုင်တာ ဒါပဲ ရှိတယ်......
င့ါ အသက် ကို င့ါရန်သူ အတွက်ပေးတယ်...
င့ါ အသက် ကို င့ါ နိုင်ငံတော် အတွက်ပေးတယ်..
င့ါ လစာ ကို င့ါ မိဘ အတွက်ပေးတယ်..
င့ါ နှလုံးသားကို င့ါ ချစ်သူ အတွက်ပေးတယ်..
င့ါ ခန္ဒာကို လို အပ်သူတွေ အတွက်ပေးတယ်...
ငါ ပိုင်တာ စစ်သားဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်တယ်....
 
 
Facebook စာမျက်နှာတွေတွေ့၍ပြန်ရေးသားလိုက်သည်။

0 comments: