ကေအိုင်အေများကလည်း ဗကပနှင့်မခြား၊ ကျောက်စိမ်းမှောင်ခိုလုပ်ငန်းသာမက ဘိန်းကုန်ကူးခြင်း၊ ဘိန်းစိုက်ပျိုး ထုတ်လုပ်ခြင်းများ ကိုပါ အထူးအလေးထား လုပ်ဆောင်ခဲ့ကြသည်။ ကေအိုင်အေခေါင်းဆောင် ဇော်ဆိုင်းနှင့် ဇော်တူးညီနောင် တို့ရှိစဉ်ကကျောက်စိမ်းနှင့် ဘိန်းများကိုမြင်း၊ လားများဖြင့်သယ်ဆောင် ၍ထိုင်း-မြန်မာနယ်စပ် ရှိ ကေအိုင်အေနိုင်ငံခြားဆက်သွယ်ရေးစခန်း(OFFICE OF THE KACHIN FOREIGN AFFAIR,OKFA)သို့ပို့ ဆာင်ပြီး တစ်ဖက်နိုင်ငံတွင်ရောင်းချကြသည်။ ရရှိသောငွေများဖြင့် လက်နက်ခဲယမ်းများ၊ ဆက်သွယ်ရေး စက် များ၊ အခြားလိုအပ်သောပစ္စည်းများကို တစ်ဖက်နိုင်ငံမှ ကုန်သည်များ၊ ဒေသခံအာဏာပိုင်များထံမှ ၀ယ်ယူကြ သည်။ကချင်ပြည်နယ်ကာမိုင်း၊လုံးခင်း၊ ဖားကန့်ဒေသတွင် ကေအိုင်အေတပ်မဟာ(၂)ကို ဖွဲ့စည်းကာကျောက် စိမ်းရရှိရေး၊ ဘိန်းများ ၀ယ်ယူစုဆောင်းရေးများ ပြုလုပ်ခဲ့ကြသည်။
ထို့နောက်ကေအိုင်အေကမရန်ဘရန်ဆိုင်းနှင့်ဇော်မိုင်တို့ခေတ်တွင်ဘိန်းကုန်ကူးသန်းခြင်းသာမကဘိန်းအမြောက် အများရရှိနိုင်ရေးအတွက် မြစ်ကြီးနားနယ်မြေ၊ ဆဒုံး၊ ဆမားဒေသ၊ မိုးညှင်း၊ ဟူးကောင်းဒသ၊ ဗန်းမော်နယ်မြေ စိန်လုံ၊ လွယ်ဂျယ်၊ မန်စီ၊ မိုးမောက်ဒေသနှင့် မူဆယ်၊ လားရှိုး၊ ကျောက်မဲတို့တွင် ဘိန်းများအတင်းအကျပ် စိုက် ပျိုးစေခဲ့သည်။ ထွက်ရှိလာသော ဘိန်းများကိုလည်း မတန်တဆ ဈေးဖြတ်ကာအားလုံး သိမ်း ကျုံးဝယ်ယူ သည် ဟုသိရသည်။ ရရှိလာသည့်ဘိန်းများကို တစ်ဖက်နိုင်ငံ နိုင်ငံခြားဆယ်သွယ်ရေးစခန်း(OKFA) သို့ပို့ကာရောင်း ချကြသည်။ ထိုအချိန်က တစ်နှစ်လျှင် ဘိန်း၁၆တန်၊ စုစုပေါင်း တန်ဖိုးငွေသိန်း ၁၅၀ခန့် ရရှိသည် ဟု သိရသည်။
၁၉၈၆ ခုနှစ်ရောက်သောအခါ ဘိန်းကုန်ကူးခြင်းမှငွေအမြောက်အမြား ရရှိသည်ကိုမတင်းတိမ်၊ မရောင့်ရဲနိုင်သော ကေအိုင်အေခေါင်းဆောင်များသည် ဘိန်းကုန်ကူးခြင်း၊ ဘိန်းအတင်းအကျပ် စိုက်ပျိုးခြင်းသာမက ဗကပ များနှင့် ပူးပေါင်းကာ မူဆယ်မြို့နယ်၊ နမ့်ဟွန်ကျေးရွာအနီး တီးမားကျေးရွာ၏ အရှေ့ဘက် တောတွင်းတစ်နေရာ တွင် ဘိန်းချက်လုပ်သည့် စက်ရုံတစ်ရုံတစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ယင်းစက်ရုံမှ ရရှိသမျှ ထုတ်လုပ်သော ဘိန်းဖြူများကို ထုံးစံအတိုင်း တစ်ဖက်နိုင်ငံရှိ (OKFA) စခန်းသို့ပို့ဆောင်ပြီး ရောင်းချကြသည်။ ကေအိုင်အေစက် ရုံမှ ထုတ်လုပ်သော ဘိန်းဖြူတံဆိပ်မှာ ခြူးနှစ်ကောင် ကမ္ဘာလုံးတံဆိပ် ဖြစ်သည်။
ဘိန်းအများအပြား စိုက်ပျိုးထုတ် လုပ်သည်နှင့်အမျှ ကချင်ပြည်နယ်အတွင်း ဘိန်းစွဲသူအရေ အတွက်ကလည်း မ နည်းလှ။ ၁၉၈၀ ခုနှစ်ကျွန်တော် ဆဒုံးရောက်စဉ်က ဆဒုံးမှ ဒူးဝါးကြီးပင်လျှင် မူးယစ်ဆေးဝါး၏ သားကောင် ဖြ စ်နေသည်ကို တွေ့ခဲ့ရသည်။
ဤသို့ကချင်ပြည်နယ်လွတ်မြောက်ရေး၊ ကချင်အမျိုးသားများ ကြီးပွားတိုးတက်ရေးအတွက်ဟု လူမျိုးရေး ဗန်းပြ ကာ လက်နက်ကိုင်သောင်းကျန်းနေသော ကေအိုင်များ၏ လက်တွေ့လုပ်ရပ်က ကချင်အမျိုးသားများ ကောင်း စားရေးမဟုတ်။ ကချင်အမျိုးသားများအားလုံး လူညွန့်တုံးစေမည့် အလုပ်မျိုးဖြစ်နေသည်ကို သူတို့မသိလေသ လားလို့ပင် ပြောချင်ပါသည်။
ဗိုလ်ထွန်းကြည်ရေးသားသည့် နှစ်(၅၀)ကျော်ကိုယ်တွေ့များမှကူးယူဖော်ပြသည်။
0 comments:
Post a Comment