Friday, August 23, 2013
0

တောင်ပြုန်းပွဲတော်လာ ပြည်တွင်းဧည့်သည်များနှင့် ရတနဂူပွဲတော် စတင်မည် ဖြစ်သဖြင့် တောင်သမန် အင်းနှင့် ဦးပိန်တံတားတွင် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် အများအပြား လာရောက် လည်ပတ်သဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။

တောင်ပြုန်းပွဲတော် စတင်သည့် ၀ါခေါင် လဆန်း ၈ ရက်နေ့မှ မတိုင်ခင် ရက်ပိုင်းကတည်းက ပြည်တွင်းဘု ရားဖူး ဧည့်သည်များ၊ တောင်ပြုန်းပွဲတော်သို့ လာရောက်သည့် ရန်ကုန်၊ တောင်ကြီး စသည့်မြို့များနှင့် နယ် မြို့များမှ လာရောက်သည့် ဧည့်သည်များ အပါအ၀င် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လာရောက်လေ့ ရှိ သဖြင့် တောင်သမန်အင်းနှင့် ဦးပိန်တံတားတွင် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ ယခင်နှစ်များ ထက် ပိုမိုများပြားခဲ့ကြောင်း တောင်သမန်အင်းမှ ပိုးထည်ချည်ထည် ရောင်းချသည့် ဆိုင်များမှ ပြောကြားခဲ့ သည်။

''ဒီနှစ်ဧည့်အ၀င်က မနှစ်ကထက် ပိုများတယ်။ တောင်ပြုန်းမှာလည်း လမ်းပိတ်တဲ့ထိအောင် စည်ကားခဲ့ သ လို တောင်သမန်မှာလည်း ဧည့်အ၀င် တော်တော်များတယ်။ ချည်ထည်ဆိုင်တွေ အရင်က တစ်နေ့မှာ ကျပ်နှစ်သိန်းဝန်းကျင်ပဲ ရောင်းအားရှိပေမယ့် ဒီနှစ်ကျပ် ၁၀ သိန်းဖိုးလောက် ဆိုင်တိုင်းနီးနီး ရောင်းရ တယ်။ ပြည်ပကတော့ ဒီအချိန် စပိန်ပေါ့၊ ပြင်သစ်လည်း စ၀င်နေပါပြီ။ ထိုင်းတွေလည်း တော်တော် အ၀င် များတယ်'' ဟု ထွန်းသစ္စာ ချည်ထည်ဆိုင်မှ ဆိုသည်။

ဇူလိုင်လဆန်း ကတည်းက တောင်သမန်အင်းရေ တက်လာခဲ့ပြီး ပြည်တွင်းပြည်ပ ဧည့်သည်အများစု ငှက် သမ္ဗာန်ခတ်သမားများအလုပ်အကိုင်ကောင်းမွန်ခဲ့ကာသြဂုတ်လဆန်းတွင် တောင်ပြုန်းပွဲတော်၊တောင်ပြုန်း ပွဲတော်အပြီး ရတနာဂူပွဲတော် စတင်မည် ဖြစ်သဖြင့်ဧည့်အ၀င် မပြတ်ကြောင်း၊ တောင်သမန် အင်းနှင့် ဦးပိန်တံတားကိုအမှီပြု၍ လက်ဆောင်ပစ္စည်း ရောင်းချမှုများ၊ စားသောက်ဆိုင်များ၊ ချည်ထည်ဆိုင်များ ကျွန်းပန်းပုလုပ်ငန်းများ အရောင်းဝယ်ဖြစ်ထွန်းကောင်းမွန်နေကြောင်း သိရသည်။

တောင်သမန်အင်းနှင့် ကပ်လျက်ရှိသည့် ရတနာဂူပွဲတော်ကို ၀ါခေါင်လပြည့်ကျော် ၈ ရက် (သြဂုတ် ၂၉) ရက်တွင် စတင်ကျင်းပမည် ဖြစ်သည်။ ယင်းရတနာဂူပွဲတော်သို့ တောင်ပြုန်းပွဲတော် နတ်ကတော်များ၊ဈေး သည်များမှ ကူးပြောင်းလာမည် ဖြစ်သည်။

eleven media group

0 comments: