အမေရိကန်သမ္မတအိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်တွင်အသုံးပြုမည့်
အထောက်အကူပြုပစ္စည်းများကြို တင်ပေးပို့ရန်အမေရိကန်လေတပ်မှစစ်လေယာဉ်များသည် နိုဝင်ဘာလ ၈ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံ၊
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း
သတင်းရရှိပါသည်။ အဆိုပါလေယာဉ်များ မှာနိုဝင်ဘာလ ၈ ရက်နေ့မှ ၁၃ရက်နေ့အထိ
အမေရိကန်လေတပ်မှ C 17 လေယာဉ်ဖြင့် ငါးခေါက်၊ အခြားလေယာဉ်ဖြင့် ၂ခေါက်၊
စုစုပေါင်း ၇ခေါက်အထိ ရှိခဲ့သည်ဟုသိရသည်။

အမေရိကန်လေတပ်မှ C 17 လေယာဉ်အား နိုဝင်ဘာလ ၁၃ရက်နေ့က တွေ့ရစဉ်
အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွက်
ကြိုတင်ညှိနှိုင်းမှုများပြုလုပ်ရန် နိုဝင်ဘာလ၈ရက်နေ့ တွင် အမေရိကန်နိုင်ငံမှ
တာဝန်ရှိသူများလိုက်ပါလာသည့် ခရီးသည်တင်လေယာဉ်တစ်စီး၊ နိုဝင်ဘာလ
၁၁ ရက်နေ့တွင် တာဝန်ရှိသူ ၉ဦးနှင့် စက်ပစ္စည်းများ၊ နိုဝင်ဘာလ ၁၂ရက်နေ့တွင်
အမေရိကန်လေတပ်မှ C 17 လေယာဉ် ၂စီးနှင့် နိုဝင်ဘာလ၁၃ရက်နေ့တွင် C17 လေယာဉ်
၃စီးတို့သည် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ ကြောင်း
သိရသည်။
''ခုရောက်လာတဲ့ အမေရိကန်လေတပ်က စစ်လေယာဉ်တွေမှာ သမ္မတအိုဘားမား
မြန်မာနိုင်ငံခရီးစဉ်မှာ အသုံးပြုမယ့် ရဟတ်ယာဉ်တို့ မော်တော်ယာဉ်တို့ စတဲ့
အသုံးဆောင်ပစ္စည်းတွေ၊ နောက်လုံခြုံရေး နဲ့သက် ဆိုင်တဲ့ပစ္စည်းတွေပါလာတာဖြစ်ပါတယ်'' ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ
အမည်မဖော်လိုသူ တာ ၀န်ရှိသူတစ်ဦးက ပြောပါသည်။

အမေရိကန်လေတပ်မှ C 17 လေယာဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရပ်နားထားစဉ်
ထပ်မံ၍ နိုဝင်ဘာလ ၁၅ရက်နေ့နှင့် ၁၇ရက်နေ့များတွင်လည်း အမေရိကန်လေတပ်မှ
စစ်လေယာဉ်များ သည် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့
ထပ်မံရောက်ရှိမည်ဟုလည်း သတင်းရရှိပါ သည်။
အမေရိကန်သမ္မတအဖြစ်သက်တမ်းနှစ်ကြိမ်ဆက်ရွေးချယ်ခံခဲ့ရသောဘာရက်အိုဘားမားသည်မြန်မာနိုင်ငံ သို့ နိုဝင်ဘာလ ၁၉ရက် နေ့တွင်လာရောက်ပြီး
သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်တို့နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
By Eleven Media Group
0 comments:
Post a Comment