အာဆီယံ ကာကွယ်ရေး ၀န်ကြီးများနှင့်
အမေရိကန် ကာကွယ်ရေးဝန်ကြီး တွေ့ဆုံဆွေးနွေးပွဲမှာ အမေရိ ကန် ကာကွယ်ရေး ၀န်ကြီးက မြန် မာနိုင်ငံနှင့် ပတ်သက်၍
ပြောကြား ရာတွင် ဘားမားဟု သုံးနှုံးခဲ့သည်။
ထို အသုံး အနှုံးအတွက် မြန်မာ
ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်ကြီး ဝေလွင်က ဘားမား ဆိုသည်မှာ မြန် မာနိုင်ငံ က ဗမာ တိုင်းရင်းသား
ကိုသာ ကိုယ်စားပြုကြောင်း၊ လူမျိုးစု အားလုံးကို ကိုယ် စားပြုတဲ့ မြန်မာ ဆိုတဲ့ အသုံးအနှုံးကို
သုံးနှုံးစေလိုကြောင်း ပြောရာ နိုင်ငံ ချစ်တတ်သည့် အာဆီယံကာကွယ်ရေး ၀န်ကြီး များနှင့်
အစည်း အဝေး တက်ရောက် သူများမှ လက်ခုပ်သြဘာများဖြင့် ချီးကျူးခဲ့ကြသည်။
အမေရိကန် ကာကွယ်ရေး ဝန်ကြီးမှ
ပြန်လည် ပြောကြား ရာတွင် မိမိ အနေဖြင့် ပြောနေကျ နှုတ် ကျိုးနေ၍ ယခု လို ပြောကြား
ခဲ့ခြင်းဖြစ်ပြီး အခြား ရည်ရွယ် ချက်မရှိပါကြောင်း၊ မိမိအား မြန်မာနိုင်ငံမှ
လူမျိုးစုများ အကြောင်း ရှင်း လင်းပြပြီး မိမိ အမှားကို ထောက်ပြသည့် အတွက် ကျေးဇူး တင်ရှိကြောင်း
နောင် တွင် မြန်မာ ဟု သုံးနှုန်း သွားမည် ဖြစ်ကြောင်း ပြန်လည်ပြောကြားရာ အစည်းအဝေး
တက်ရောက် လာသူ များ မှ ဝိုင်း ဝန်းသြဘာ ပေးခဲ့ကြသည်ဟု မြ၀တီ စာမျက်နှာတွင်
ဖော်ပြထားပါသည်။
အပြည့်အစုံကို ဖတ်ချင်လျှင် ဒီကို
သွားပါ။
0 comments:
Post a Comment